Latest Posts

Android မှာ Metasploit တင်ပြီး Hacking လေ့လာရအောင် (no root)




ခုတော့ ကျွန်တော်တို့ ဖုန်းထဲမှာ Termux ထည့်သွင်းပြီး ဖြစ်နေပြီလို့ ယူဆရအောင်ပါ။
Termux ထဲမှာ Metasploit ထည့်သွင်းနည်း (နည်း ဆိုပေမယ့် ပြန်တင်ပေးထားတဲ့ coding ဖိုင်တွေပဲ မတူတာပါ) လေးငါးခုလောက် ရှိပါတယ်။ အဲသည်ထဲကမှ msfconsole ကို ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်မယ့် နည်းလမ်းလေးကိုပဲ ဖော်ပြလိုက်ပါရစေ။ အခြားသော နည်းလမ်းတွေ ရှိပေမယ့် msfconsole ကို ပြည့်ပြည့်စုံစုံ အသုံးပြုလို့ မရတာကြောင့် ဒီနည်းက နည်းနည်း ပိုခက်ပေမယ့် ဒီလမ်းကို ရွေးပေးလိုက်တာပါ။
.
ကြိုတင် ပြောပြလိုတာက ဒီနည်းလမ်းသည် metasploit ထည့်သွင်းတဲ့ နည်းလမ်းတွေထဲမှာ ဘေ ကုန်ကျမှု အများဆုံး နည်းလမ်း ဖြစ်ပါတယ်။ MB 500 လောက် ရှိထားမှ သုံးသင့်ပါတယ်ခင်ဗျ
.
Fdroid ကနေ Termux ကို install ပြီးတဲ့အခါ ပထမဆုံး လုပ်ရမှာက pkg upgrade ပါ။ ပုံမှာ ပြထားပါတယ်။

..............................................................................................................................................
ပြီးရင် နောက်ထပ် လုပ်ရမယ့် အဆင့်တွေ ရှိပါတယ်။ ပိုမြင်သာအောင်ရယ် ကော်ပီကူးလို့ ရအောင်ရယ် Screenshot မပြတော့ဘူး။ စာနဲ့ပဲ ရေးပြထားပါမယ်
.
ဒေါ်လာ သင်္ကေတ "$" ကို ထည့်ရိုက်စရာမလိုဘူးနော်
Command ရှည်တဲ့ စာကြောင်းတွေကိုတော့ ကော်ပီကူးလို့ ရပါတယ်
ကူးရင်လည်း တစ်ကြောင်းစီ သေချာ ပါအောင် ကူးပါ
ဒေါ်လာ သင်္ကေတ မပါရဘူးနော် (အရောင်ပါ ခွဲပြထားပါတယ်) 😁
တစ်ကြောင်း ရိုက်ပြီးရင်လည်း $ မပေါ်မချင်း စောင့်ရမယ်နော်
ကြာမယ့်အပိုင်းတွေ ရှိတယ်ဗျ
.
$  apt update

$  apt upgrade 

$  apt install git ruby ruby-dev make clang autoconf curl wget ncurses-utils libsqlite-dev postgresql postgresql-dev libpcap-dev libffi-dev libxslt-dev pkg-config

git clone -b https://github.com/timwr/metasploit-framework.git

cd metasploit-framework

gem install bundler

gem install nokogiri -- --using-system-libraries

bundle install --gemfile Gemfile

./msfconsole

ဒါဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ Metasploit ကို အသုံးပြုလို့ ရပါပြီ။ msfconsole, msfd, msfrpc, msfrpcd, msfupdate နဲ့  msfvenom တို့ကိုပါ "./" ထည့်ပြီး အသုံးပြုနိုင်ပါသည်။
သတိပြုရန်မှာ Metasploit ကို အခြားနည်းများတွင် သုံးသလို install ခဲ့ခြင်း မဟုတ်သည့်အတွက် နောက်ထပ် အသုံးပြုလိုပါက msfconsole လို့ ရိုက်ခေါ်လို့ ရမှာတော့ မဟုတ်ပါ
နောက်တစ်ကြိမ် အသုံးပြုလိုပါက Termux ကို ဖွင့်ပြီး အောက်ပါ command နှင့် ဖွင့်သုံးရမှာ ဖြစ်ပါတယ်
cd metasploit-framework

./msfconsole
.
အခြားသော msfvenom တို့ကို အသုံးပြုလိုပါကလည်း အောက်ပါ အတိုင်း အသုံးပြုနိုင်ပါတယ်။
$  cd metasploit-framework

$  ./msfvenom 
.



...............
ဝင်ရောက်ဖတ်ရှုအားပေးသူအပေါင်းကို အထူးကျေးဇူးပါ
.
Thanks


Khit Minnyo

11 comments:

  1. အရမ်းသဘောကျပါတယ်ဆရာ

    ReplyDelete
  2. 'bundle install --gemfile Gemfile.local' After this command error No such file or directory 'Gemfile.local' any suggestion please

    ReplyDelete
    Replies
    1. bundle install --gemfile Gemfile ပဲရိုက်ရင်ရသွားပါလိမ့် မယ် .local လေးကိုဖြုတ်လို​က်ပါခင်ဗျ

      Delete
  3. အရမ်းကြိုက်တယ်

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ဟုတ်ကဲ့ပါ ကိုခေတ်မင်းညိုခင်ဗျာ ကျွန်တော်တခုလောက်ထောက်ပြချင်ပါတယ် အားလုံးအတွက် လုံးဝအဆင်ပြေစေတဲ့ Termux command လေးပါ credit လဲတက်​ပေးပါတယ်ဗျာ တခြား web မှာတင်ထားတဲ့ဟာတွေတောင် error မဖြစ်အောင် လုပ်ထားပေးတဲ့ command မျိုးမတွေ့ဖူးဘူးတကယ်လေးစားတာပါတခုပဲပြင်ပေးဖို့ request ပါ git clone လုပ်တဲ့နေရာလေးမှာနည်း၂လွဲနေပါတယ်ကျွန်တော်ကကူးထည့်လိုက်တာမို့အခုလိုပြောပြပေးတာပါခင်ဗျာ...နောက်ဆုံး၁ခုက ***bundle install --gemfile Gemfile.local*** အဲဒီဟာလေးမှာလဲလွဲနေပါတယ်
    ခင်ဗျာ အမှန်က ***bundle install --gemfile Gemfile.local.example*** example ဆိုတာမပါတော့အလုပ်မလုပ်ပါဘူး github clone ထဲမှာက Gemfile.local.exampleအဲဖိုင်လေးပဲပါတာမို့ .example မပါရင်အလုပ်မလုပ်တာပါ...

    ReplyDelete
    Replies
    1. Sorry ပါ နည်းနည်းလေးလွဲသွားပါတယ်ပြင်ရ်​ယ့်ဟာလေးက bundle install --gemfile Gemfile လို့ပြင်ပေးရင်ရပပြီ နောက်က .local ဆိုတာ စာရေးသူက ကျွန်တေ်​တို့ local မှာရလာတဲ့ Gemfile ကိုပြောချင်တာဖြစ်မှာပါ ကျွန်တော်ထောက်ပြတာလေးလွန်သွားရင် စိတ်မရှိပါနဲ့ခင်ဗျ

      Delete
  6. wget https://raw.githubusercontent.com/gushmazuko/metasploit_in_termux/master/metasploit.sh

    chmod +x metasploit.sh

    ./metasploit.sh
    After install, run from terminal

    # Start postgresql
    ./postgresql_ctl.sh restart

    # And run msfconsole
    msfconsole

    Otherway good work thank all

    ReplyDelete