Android ဖြင့် Hacking လေ့လာလိုသူတွေအတွက် root မလိုဘဲ linux သုံးရအောင်
Android ဖုန်းတွေမှာ Linux Terminal နဲ့ nmap, metasploit စတဲ့ tool တွေကို အသုံးပြုပြီး Hacking လေ့လာလိုသူတွေအတွက် ဒီ Article လေးက တစ်စုံတစ်ရာ အထောက်အကူပြုနိုင်မယ်လို့ ယူဆမိပါတယ်။
.
ဖုန်းမှာ Termux app ကို ထည့်သွင်းသုံးရမှာဖြစ်လို့ Termux နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို အရင်ဆုံး ဆွေးနွေးပါရစေ။ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါခင်ဗျာ။
.
Termux ဆိုတာ ဘာလဲ?
Termux ဆိုတာ Debian Linux command တွေကို Android မှာ သုံးနိုင်အောင် ဖန်တီးလုပ်ဆောင်ပေးတဲ့ Terminal Emulator တစ်ခု ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် Linux Terminal ကို Android မှာ သုံးလို့ရအောင် လုပ်ပေးတယ်ပေါ့။ Android ဆိုပေမယ့်လို့ Android, Chromebook နဲ့ Fire OS တွေအတွက် ဖန်တီးရေးဆွဲထားတဲ့ Terminal Emulator & Linux Environment တစ်ခု ဖြစ်ပါတယ်။ Android တွေအတွက် root မလိုဘဲ တိုက်ရိုက် တင်သွင်း သုံးနိုင်ခြင်းက Linux ကို လေ့လာလိုသူတွေအတွက်ပါ အဆင်ပြေစေပါတယ်။ အခြေခံ လိုအပ်ချက်တွေကို auto ထည့်သွင်းပေးထားပြီး ဖြစ်သလို ထပ်မံ လိုအပ်သော application/tool တွေကိုလည်း APT package manager ကို အသုံးပြု ဖြည့်သွင်းနိုင်တာကြောင့် သုံးရတာ လွယ်ကူ အဆင်ပြေတဲ့ Terminal Emulator တစ်ခု ဖြစ်ပါတယ်။
.
Termux သည် ဝယ်သုံးရသော program လား?Termux သည် Open source project တစ်ခုဖြစ်လို့ ဝယ်သုံးစရာမလိုဘဲ အခမဲ့ အသုံးပြုနိုင်မယ့် Application တစ်ခု ဖြစ်ပါတယ်။ အခြားအခြားသော software များလိုပဲ Update တွေလည်း ထုတ်ပေးနေသလို Project တစ်ခုအနေနဲ့ ပိုမိုပြည့်စုံအောင် ဖန်တီးပေးထားတာမို့လို့ သုံးရ အလွန် အဆင်ပြေလာပြီ ဖြစ်ပါတယ်။
.
Android တိုင်းမှာ သုံးလို့ ရမှာလား?
Android ဖုန်းတိုင်းနဲ့ အဆင်ပြေပါတယ်။ ဒါကြောင့် သင့်ဖုန်းမှာလည်း သုံးနိုင်ပါတယ်။ without root ဖြစ်လို့ root ရှိ ရှိ မရှိရှိ သုံးနိုင်မှာပါ။ Android Version 7 အထက်ဆို ပိုပြီး သင့်လျော်ပါတယ်။
.
ဘယ်လို Install ရမလဲ?
Edited:
Termux ကို ခု install လုပ်မယ်ဆိုရင်တော့ PlayStore က Version ကို ဆက်ပြီး support မပေးတော့ဘူးလို့ Termux Official website မှာ အတိအလင်း ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ Termux ကို Download ဆွဲလိုပါက Termux Website or F Droid ကနေ ဒေါင်းယူနိုင်ပါတယ်။ PlayStore ကနေ install ထားသူတွေကတော့ ဖျက်လိုက်ပြီး အသစ်ပြန်တင်လိုက်တာ ပိုကောင်းပါတယ်။
👉👉👉👉Termux ရဲ့ Official Website ကို သွားရန် ဒီစာကြောင်းကို နှိပ်ပါ 👈👈👈👈
Download ဆွဲပြီးသွားရင် install လိုက်ပါ။
Install ပြီးသွားရင် Termux app ကို ဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်။
ပထမဆုံးလုပ်ရမှာက pkg upgrade လို့ ရိုက်ဖို့ ဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းပါ။
Yes/no မေးလာရင် y လို့ ရိုက်ပြီး enter လိုက်ပါ။ အင်တာနက်လိုင်း ရှိဖို့ လိုပါတယ်။ သိပ်မကြာခင် $ သင်္ကေတလေး နောက်တစ်ကြောင်းမှာ တွေ့လာရင် အသင့် သုံးလို့ ရပါပြီ။
Hacking လုပ်ဖို့အတွက် Network Scanning tool တစ်ခုဖြစ်တဲ့ Nmap ကို ထည့်သွင်းကြည့်ရအောင်။
apt install nmap လို့ ရိုက်ထည့်လိုက်ရုံပါပဲ။ y/n မမေးစေချင်ရင် -y လို့ ဖြည့်ပေးနိုင်ပါတယ်။
ဥပမာ (apt install nmap -y) ပေါ့
အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်ခင်ဗျာ။ Kali ကို Termux မှာ ဘယ်လို သုံးမလဲ။ Metasploit ကို Termux မှာ ဘယ်လို သုံးရမလဲ။ Setoolkit ကို ဘယ်လိုထည့်သုံးမလဲ ဆိုတာတွေကိုတော့ နောက်ထပ် Article တွေအနေနဲ့ ဆက်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
Edited: ခု Blog ရဲ့ Search 🔍 ကနေ Metasploit လို့ ရိုက်ရှာဖတ်နိုင်ပါတယ်ဗျ။
.
ဝင်ရောက်ဖတ်ရှုအားပေးသူအပေါင်းကို အထူးကျေးဇူးပါ
.
Thanks
Khit Minnyo
ဝင်ရောက်ဖတ်ရှုအားပေးသူအပေါင်းကို အထူးကျေးဇူးပါ
.
Thanks
Khit Minnyo
ကျေးဇူးပါ
ReplyDeleteThe moral experts conduct this test by replicating a cyber attack on the network in order to understand how strong it is against any network intrusion.
ReplyDeletehack FB
As you play the diversion, there will be a ninja running over the screen battling with the foes with the assistance of the fireballs and the swords also.fallout 4 bobblehead map
ReplyDeleteကျေးဇူး ပါ ဆရာ
ReplyDeleteဆရာကျွန်တော် White hacking သမားဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်လေ့လာတာတစ်ဝက်တစ်ပျက်ဖြစ်နေတယ်။
ReplyDeleteHardware ပိုင်းကို ကျွန်တော် ၄၀% လေက်သိပြီးပါပြီ ဆက်လက်လေ့လာနေပါတယ် ကိယ်တိုင်လည်း ကွန်ပျူတာထွင်ပြီးသုံးနေပါတယ်။
ဒါပေမဲ့ Software ပိုင်းကို အခြေခံကနေကောင်းကောင်းသင်ပြမယ့်သူမရှိဘူး
ဆရာဖြစ်နိုင်ရင်ကျွန်တော့်ကိုသင်ပြပါလား။
It is an informative post.
ReplyDeleteis a really good article. You make this information interesting as well engaging. You give readers a lot to think about and I appreciate that kind of writing. Random Password Generator Tool
ReplyDeleteMi ဖုန်းေတွလဲရလားဗျ
ReplyDeleteစာအုပ်ကဒေါင်းမရတော့ဘူးလား
ReplyDeleteဆရာ ကြီး ကျေးဇူးအထူးတင်ရှိပါတယ်
ReplyDelete