Android ဖုန်းတွေမှာ Linux Terminal နဲ့ nmap, metasploit စတဲ့ tool တွေကို အသုံးပြုပြီး Hacking လေ့လာလိုသူတွေအတွက် ဒီ Article လေးက တစ်စုံတစ်ရာ အထောက်အကူပြုနိုင်မယ်လို့ ယူဆမိပါတယ်။
.
ဖုန်းမှာ Termux app ကို ထည့်သွင်းသုံးရမှာဖြစ်လို့ Termux နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို အရင်ဆုံး ဆွေးနွေးပါရစေ။ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါခင်ဗျာ။
.
Termux ဆိုတာ ဘာလဲ?
Termux ဆိုတာ Android, Chromebook နဲ့ Fire OS တွေအတွက် ဖန်တီးရေးဆွဲထားတဲ့ Terminal Emulator & Linux Environment တစ်ခု ဖြစ်ပါတယ်။ Android တွေအတွက် root မလိုဘဲ တိုက်ရိုက် တင်သွင်း သုံးနိုင်ခြင်းက Linux ကို လေ့လာလိုသူတွေအတွက်ပါ အဆင်ပြေစေပါတယ်။ အခြေခံ လိုအပ်ချက်တွေကို auto ထည့်သွင်းပေးထားပြီး ဖြစ်သလို ထပ်မံ လိုအပ်သော application/tool တွေကိုလည်း APT package manager ကို အသုံးပြု ဖြည့်သွင်းနိုင်တာကြောင့် သုံးရတာ လွယ်ကူ အဆင်ပြေတဲ့ Terminal Emulator တစ်ခု ဖြစ်ပါတယ်။
.
Termux သည် ဝယ်သုံးရသော program လား?Termux သည် Open source project တစ်ခုဖြစ်လို့ ဝယ်သုံးစရာမလိုဘဲ အခမဲ့ အသုံးပြုနိုင်မယ့် Application တစ်ခု ဖြစ်ပါတယ်။ အခြားအခြားသော software များလိုပဲ Update တွေလည်း ထုတ်ပေးနေသလို Project တစ်ခုအနေနဲ့ ပိုမိုပြည့်စုံအောင် ဖန်တီးပေးထားတာမို့လို့ သုံးရ အလွန် အဆင်ပြေလာပြီ ဖြစ်ပါတယ်။
.
Android တိုင်းမှာ သုံးလို့ ရမှာလား?
Android ဖုန်းတိုင်းနဲ့ အဆင်ပြေပါတယ်။ ဒါကြောင့် သင့်ဖုန်းမှာလည်း သုံးနိုင်ပါတယ်။ without root ဖြစ်လို့ root ရှိ ရှိ မရှိရှိ သုံးနိုင်မှာပါ။ Android Version 5 အထက်ဆို ပိုပြီး သင့်လျော်ပါတယ်။
.
ဘယ်လို Install ရမလဲ?
Google Play Store ကနေ အလွယ်တကူ install နိုင်မှာဖြစ်ပါတယ်။
သင့်ဖုန်းမှာ PlayStore အဆင်မပြေဘူးဆိုရင်လည်း ဒီစာကြောင်းလေးကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။
.
Install ပြီးသွားရင် Termux app ကို ဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်။
ပထမဆုံးလုပ်ရမှာက pkg upgrade လို့ ရိုက်ဖို့ ဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းပါ။
Yes/no မေးလာရင် y လို့ ရိုက်ပြီး enter လိုက်ပါ။ အင်တာနက်လိုင်း ရှိဖို့ လိုပါတယ်။ သိပ်မကြာခင် $ သင်္ကေတလေး နောက်တစ်ကြောင်းမှာ တွေ့လာရင် အသင့် သုံးလို့ ရပါပြီ။
Hacking လုပ်ဖို့အတွက် Network Scanning tool တစ်ခုဖြစ်တဲ့ Nmap ကို ထည့်သွင်းကြည့်ရအောင်။
apt install nmap လို့ ရိုက်ထည့်လိုက်ရုံပါပဲ။ y/n မမေးစေချင်ရင် -y လို့ ဖြည့်ပေးနိုင်ပါတယ်။
ဥပမာ (apt install nmap -y) ပေါ့
အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်ခင်ဗျာ။ Kali ကို Termux မှာ ဘယ်လို သုံးမလဲ။ Metasploit ကို Termux မှာ ဘယ်လို သုံးရမလဲ။ Setoolkit ကို ဘယ်လိုထည့်သုံးမလဲ ဆိုတာတွေကိုတော့ နောက်ထပ် Article တွေအနေနဲ့ ဆက်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
................................................................................................................................................................
....................
Hacking ဝါသနာ ပါသူတွေအတွက်ကတော့
ကျွန်တော် ရေးသားထားတဲ့
“လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
.
စာအုပ်မှာယူလိုပါက
ကျွန်တော့်ရဲ့ Facebook Page Message မှ ဖြစ်စေ
Viber 09 976 41 3560 တို့မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်ခင်ဗျာ
.
ဝင်ရောက်ဖတ်ရှုအားပေးသူအပေါင်းကို အထူးကျေးဇူးပါ
.
Thanks
Khit Minnyo
ကျွန်တော် ရေးသားထားတဲ့
“လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
.
စာအုပ်မှာယူလိုပါက
ကျွန်တော့်ရဲ့ Facebook Page Message မှ ဖြစ်စေ
Viber 09 976 41 3560 တို့မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်ခင်ဗျာ
.
ဝင်ရောက်ဖတ်ရှုအားပေးသူအပေါင်းကို အထူးကျေးဇူးပါ
.
Thanks
Khit Minnyo
ကျေးဇူးပါ
ReplyDeleteThe moral experts conduct this test by replicating a cyber attack on the network in order to understand how strong it is against any network intrusion.
ReplyDeletehack FB
As you play the diversion, there will be a ninja running over the screen battling with the foes with the assistance of the fireballs and the swords also.fallout 4 bobblehead map
ReplyDeleteကျေးဇူး ပါ ဆရာ
ReplyDeleteဆရာကျွန်တော် White hacking သမားဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်လေ့လာတာတစ်ဝက်တစ်ပျက်ဖြစ်နေတယ်။
ReplyDeleteHardware ပိုင်းကို ကျွန်တော် ၄၀% လေက်သိပြီးပါပြီ ဆက်လက်လေ့လာနေပါတယ် ကိယ်တိုင်လည်း ကွန်ပျူတာထွင်ပြီးသုံးနေပါတယ်။
ဒါပေမဲ့ Software ပိုင်းကို အခြေခံကနေကောင်းကောင်းသင်ပြမယ့်သူမရှိဘူး
ဆရာဖြစ်နိုင်ရင်ကျွန်တော့်ကိုသင်ပြပါလား။
It is an informative post.
ReplyDeleteis a really good article. You make this information interesting as well engaging. You give readers a lot to think about and I appreciate that kind of writing. Random Password Generator Tool
ReplyDeleteMi ဖုန်းေတွလဲရလားဗျ
ReplyDelete