Adsense

OUO Banner

Latest Posts

Python3 Lesson 4


Lesson 1  မကြည့်ရသေးသူမှာ ဒီစာကြောင်းကို နှိပ်ပါ
Lesson 2  မကြည့်ရသေးသူမှာ ဒီစာကြောင်းကို နှိပ်ပါ
Lesson 3  မကြည့်ရသေးသူမှာ ဒီစာကြောင်းကို နှိပ်ပါ


Python Programming
.
Functions in Python
ဒီခါတော့ ဖန်ရှင်လေးတွေကို အဓိက ဆွေးနွေးသွားပါမယ်။
Function ဆိုတာဟာ ဆက်စပ် action တစ်ခုခုကို လုပ်ဆောင်ဖို့အတွက် reusable code တွေကို ပေါင်းစပ်ထားတဲ့ block တစ်ခုပါ။
Function တွေဟာ ကျွန်တော်တို့ ရေးဆွဲမယ့် application တွေရဲ့ module တွေကို ပိုကောင်းအောင် လုပ်ပေးသလိုပဲ ကုဒ်တွေ ပြန်သုံးတဲ့အခါလည်း အဆင်ပြေအောင် လုပ်ဆောင်ပေးပါတယ်။
Python မှာတော့built-in function တွေ အများကြီး ပါဝင်ပြီး အလွန်အသုံးဝင်တဲ့ဖန်ရှင်တွေ ပါဝင်ပါတယ်။ နမူနာပြောရရင်တော့  print function လိုမျိုး ဖန်ရှင်တွေ ဖြစ်ပါတယ်။
ကဲ ဥပမာလေး စလိုက်ရအောင်။ (IDLE 3  မှာ ရေးလိုက်တယ်ဆိုတာတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်။)
...................
>>> print ("Happy Birthday to you!")
Happy Birthday to you!
>>> print ("Happy Birthday to you!")
Happy Birthday to you!
>>> print ("Happy Birthday, dear Emily.")
Happy Birthday, dear Emily.
>>> print ("Happy Birthday to you! \n")
Happy Birthday to you!

>>> print ("Hope you have a wonderful birthday!")
Hope you have a wonderful birthday!
>>>
..........
တစ်ကြောင်းစီ အဖြေကို မြင်ရပါပြီ။ ဒါကတော့ print function လေးပါ။ လေးကြောင်းမြောက်နဲ့ ၅ကြောင်းမြောက်ကြားမှာ enter တစ်နေရာစာ ခြားနိုင်ဖို့အတွက် လေးကြောင်းမြောက် လိုင်းရဲ့ နောက်ဆုံးမှာ \n ဆိုတာလေး ထည့်ရေးထားတာ သတိပြုမိမယ်ထင်ပါတယ်။ သီချင်းနဲ့ မသက်ဆိုင်တဲ့ စာသားကို ခြားပေးလိုက်တာပါ။



Creating Functions (ဖန်ရှင်များကို ဖန်တီးခြင်း)
def ဆိုတဲ့ keyword နဲ့  function block တွေကို သတ်မှတ်နိုင်ပါတယ်။ သူ့ရဲ့ အသုံးပြုပုံလေးကတော့ def name () : ပါ။ def ကိုအရင်ရေးရပါတယ်။ ပြီးရင် space ခြားပြီး function name ကို သတ်မှတ်လို့ ရပါတယ်။ ပြီးရင်တော့ parentheses () နဲ့ colon : တို့ကို ထည့်သွင်းရပါမယ်။
e.g. def happyBirthdayEmily(): ပေါ့။
ခုန happy birthday သီချင်းလေးနဲ့ ပြန်ပြီး ပေါင်းစပ်ရအောင်။
နမူနာ ပရိုဂရမ်လေးတစ်ခု ဆွဲဖို့အတွက် IDLE3 ကနေ File>>>New လေး ခေါ်လိုက်ရအောင်။
...........
#Simple print function

def happyBirthdayEmily ():
    print ("Happy Birthday to you!")
    print ("Happy Birthday to you!")
    print ("Happy Birthday, dear Emily.")
    print ("Happy Birthday to you! \n")
    print ("Hope you have a wonderful birthday!")
happyBirthdayEmily()
print ("Hope you have a wonderful birthday!")

...........
အထက်ပါအတိုင်း ကုဒ်လေးတွေ ရိုက်ပြီးတဲ့အခါ day5 နာမည်နဲ့ desktop ပေါ် Save ပါ။ RUN option ကနေပဲ RUN လိုက်ပါ။
ပုံ၁ မှာ run ထားတဲ့ပုံစံ နမူနာ ပြထားပါသေးတယ်ဗျ။ RUN ပြီးလို့ နောက်တစ်လိုင်းကူးသွားရင် ဖန်ရှင်နာမည်ဖြစ်တဲ့ happyBirthdayEmily ကို ရိုက်ကြည့်ပါဦး။ happy birthday သီချင်းစာသားလေးတွေ ပြန်ထွက်လာမှာဖြစ်ပါတယ်။
ကုဒ်တွေကို ကူးမထည့်ပါနဲ့ မိမိဘာသာ ရိုက်ပါ။ ကူးထည့်ခြင်းသည် တတ်မြောက်မှုကို အနှောင့်အယှက်ပေးပါတယ်ခင်ဗျ။
..............
.............
Parameters in Functions
** Syntax
def functioname (parameters):
    "function-docstring"
    function-suite
    return [expression]
** return [expression] ဆိုတာကို ဖန်ရှင်ကို ခေါ်သုံးသူအတွက် ဖော်ပြချက်ကို ပြသပြီး ဖန်ရှင်ကနေ ထွက်ခွာဖို့ အသုံးပြုပါတယ်။ သဘောတရားကို ပြောပြရတာက ခက်ပါတယ်။ လက်တွေ့ သုံးတဲ့အခါ နားလည်လာမှာပါ။

...........
Calling a Function
function တစ်ခုကို def သတ်မှတ်တဲ့နေရာမှာ နာမည် တစ်ခုပဲ အသုံးပြု သတ်မှတ်ပေးပါတယ်။ parameter တွေမှာတော့ function, structures နဲ့ blocks of code တွေ ပါဝင်နိုင်ပါတယ်။ ဆိုလိုချင်တာက ဖန်ရှင်နာမည်တစ်ခု သတ်မှတ်တည်ဆောက်ထားပေမယ့် အထဲမှာ ပါဝင်တဲ့ parameter တွေကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
ဖန်ရှင်တစ်ခုရဲ့ အခြေခံ structure ကို finalized လုပ်တဲ့အခါ ဒီဖန်ရှင်တွေကို အခြားဖန်ရှင်တွေကနေ တိုက်ရိုက် ခေါ်သုံးနိုင်သလို pythom prompt ကနေ ကြုံတဲ့အခါတိုင်း အလျဉ်းသင့်သလို ခေါ်သုံးနိုင်မှာ ဖြစ်ပါတယ်။ ကဲ printme() function လေးကို ခေါ်သုံးပြီး နမူနာ လုပ်ကြည့်ရအောင်ဗျာ.........
IDLE 3 မှာ new မခေါ်ဘဲ တိုက်ရိုက် ရေးကြည့်ရအောင်
.........
>>> def printme(str):
"This prints a pased string into this function."
print (str)
return;

>>> printme("lm first call to user defined function!")
lm first call to user defined function!
>>> printme("Again second call to the same function!")
Again second call to the same function!
>>>
.......................
စာသားတွေထဲမှာ ထည့်ပြီး ရှင်းပြထားပါတယ်။ ပြန်ပြောပြရမယ်ဆိုရင်
>>> def printme(str):                                    ဒါက အားလုံးသိတဲ့အတိုင်း def ကိုသုံးပြီး printme ဖိုင်ကို တည်ဆောက်လိုက်ပါတယ်။
"This prints a pased string into this function."  str လို့ ဆိုခဲ့တာကြောင့် string အနေနဲ့ စာသားကို ထည့်သွင်းလိုက်ပါတယ်။
print (str) ထည့်သွင်းလိုက်တဲ့ str လေးကို print လုပ်လိုက်ပါတယ်
return; အဆုံးသတ်ဖို့ ထည့်သွင်းလိုက်တဲ့ return ရဲ့ နောက်မှာ semicolon ; ထည့်သွင်းခဲ့ခြင်းကို မမေ့ပါနဲ့
ခုဆိုရင်တော့ သတ်မှတ်ချက်လေးတွေကို ထည့်သွင်းပြီးပြီမို့ စတင်ခေါ်ကြည့်လိုက်ပါတယ်။
>>> printme(I'm first call to user defined function!") printme ကို သတ်မှတ်ခဲ့စဉ်တုန်းက str နဲ့ပဲ သတ်မှတ်ခဲ့တာမို့ ဒီနေရာမှာ ဖြည့်သွင်းလိုက်မယ့် string ကို ဖော်ပြပေးသွားမှာပါ။
I'm first call to user defined function! ဒီနေရာမှာ အပေါ်က ဖြည့်သွင်းတဲ့ string ပေါ့
>>> printme("Again second call to the same function!") နောက်တစ်ကြောင်း ပထမနဲ့ မတူအောင် ဖြည့်ပြီး ခေါ်လိုက်ပါတယ်
Again second call to the same function! ခေါ်လိုက်တဲ့အတိုင်းပဲ ထွက်ပါတယ်။
>>>
်ပြောစရာရှိကောင်းရှိလာနိုင်ပါတယ်။ အဲလို တစ်ကြောင်းစီ ထုတ်ချင်တာများ printme ကို သတ်မှတ်မနေဘဲ print နဲ့ပဲ တိုက်ရိုက်ထုတ်ပေါ့ လို့။ ပြောစရာရှိလာပါတယ်။ print နဲ့ပဲ တိုက်ရိုက်ထုတ်လို့လည်း ရပါတယ်။
မတူညီတာက printme ဆိုတာ ကျွန်တော်တို့ သတ်မှတ်လိုက်တဲ့ ဖန်ရှင်ဖြစ်နေပါတယ်။ နောက်ထပ် အသုံးဝင်တာတွေကိုတော့ ဆက်ပြီး လေ့လာရအောင်ပါ။
.....................................................
....................................................................................................

Python Programming
ဒီတစ်ခါတော့   Code Type အနည်းငယ်ကို ဖော်ပြပေးလိုပါတယ်။ \n ရေးရင် နောက်တစ်လိုင်း enter ခြားစေတဲ့ ကုဒ်မျိုးလေးတွေပါ။

Escape What it does
\\ Baskslash (\) ရေးမယ့် string ထဲမှာ \ ထည့်ချင်တဲ့အခါ ဖန်ရှင်အဖြစ် မသတ်မှတ်အောင် \\ ရေးရတယ်
\' Single-quote(') ရေးမယ့် string ထဲမှာ ' ထည့်ချင်တဲ့အခါ single quote သမားတွေပဲ ဒီလိုလုပ်ဖို့ လိုတယ်။ Double Quotes နဲ့ ရေးရင် မလို
\" Double-quotes (") Double quotes ထဲမှာ " ထပ်ထည့်ချင်ရင် ဥပမာ ကိုယ်ထုတ်ချင်တာက It is "apple". ဆိုပါတော့။ အတွင်းက " တွေ ပေါ်အောင် သုံးတယ်။
\a ASCII bell (BEL) Telephone ပုံလေး ပေါ်တယ်
\b ASCII backspace (BS) print ("apple\bag") ရေးကြည့်ရင် သိမယ်။ \b နေရာ ဘာပြောင်းသွားမလဲဆိုတာ လုပ်ကြည့်
\f ASCII formfeed (FF) print ("apple\flower") ရေးကြည့် အဲတိုင်းမထွက်ဘဲ \f နေရာ ဘာဝင်လာမလဲ ဆိုတာမှတ်
\n ASCII linefeed (LF) ဒါကတော့ သိတယ် enter လို့ ပြောတာ
\r Carriage Return (CR) print ("apple\ring") \r နေရာမှာ ပြောင်းသွားတာကို မှတ်ထား။ ကိုယ့်ဘာသာ လုပ်ကြည့်မှ သိမှာ
\t Horizontal Tab (TAB) \t တစ်ခါထည့်ရင် tab တစ်ချက်စာ ရွှေ့တယ်။ print ("apple\t\t\torange")  စမ်းကြည့်ပါ။

ဒီတိုင်း ပြောပြတာက နားလည်ရခက်ပါလိမ့်မယ်။ အောက်ပါအတိုင်း ရိုက်ပြီး စမ်းကြည့်ရအောင်ပါ။
IDLE 3 ကို ဖွင့်ပြီး ပေါ်လာတဲ့ Shell မှာ တိုက်ရိုက် ရိုက်စမ်းကြည့်ပါ။  ပုံ ၂ မှာ နမူနာ ပြထားပါတယ်။
print ("ဒီထဲမှာ အပေါ်က သင်္ကေတတွေ ပါအောင် ထည့်ရိုက်ကြည့်ပါဒ")
example
print ("apple\new")
print ("aple\\new")
ဘာကွာလဲ သတိထားမိအောင် လုပ်ပါ။
......
ပြီးရင် အောက်ပါ လေ့ကျင့်ခန်းတွေကို သေချာလုပ်ပါ။

A is a cat. B is a dog. C is a "cow".
A is in \app\tmp. B is in "house".
C is \run\hut.

အထက်ပါ စာသုံးကြောင်းအတိုင်း အတိအကျ ထွက်စေရန်  print သုံးပြီး တစ်ကြောင်းတည်း ရေးပြပါ။
အဖြေပုံကို chatbox ကနေသာ ပို့ပါရန်။
.............................
ဒီနေ့အတွက်တော့ နောက်ဆုံးအနေနဲ့ input function လေးနဲ့ အဆုံးသတ်ပါမယ်။

Input Function  ဆိုရင် သိပြီးသားဖြစ်ပါတယ်။
input("Enter your name.") စတဲ့ ပုံစံမျိုး ကျွန်တော်တို့ ရေးခဲ့ကြပါတယ်။ သုံးလည်း သုံးခဲ့ကြပါတယ်။ အဆင်လည်း ပြေခဲ့ကြပါတယ်။
ဒုတိယ လေ့ကျင့်ခန်းအနေနဲ့ input function များ ပါဝင်တဲ့ program လေးတစ်ခုကို ရှေ့သင်ခန်းစာများ လုံးဝ လုံးဝ ပြန်မကြည့်ဘဲ ရေးရပါမယ်။
သင်ခန်းစာကတော့ ထုထည် တွက်နည်း ဖြစ်ပါတယ်။ area.py ဆိုတာလေး သင်ခဲ့ရပါတယ်။ ဆင်တူပေါ့။
အချက်အလက် နည်းနည်း ပေးပါမယ်။ ထုထည်ရဲ့ ဖော်မြူလာက အောက်ခြေဧရိယာ x အမြင့် ဖြစ်ပါတယ်။
Volume = A * H
A= Area (အလျား  x  အနံ) length * width
H= Heigh (အမြင့်)
ဒါကြောင့်
ထုထည် = အလျား x အနံ x အမြင့်
Volume = length * width * heigh ဖြစ်ပါတယ်
သုံးခုမြှောက်လို့ ယူနစ် သုံးထပ် cubic unit ဖြစ်ပါတယ်။ cm ကို သုံးစမယ်ဆိုရင် cubic cm ပေါ့။
အားလုံးပဲ ဒီအိမ်စာလေးကို လုပ်နိုင်မယ် ထင်ပါတယ်



See U ဗျာ



 Thanks

Khit Minnyo

No comments