Adsense

OUO Banner

Latest Posts

Python3 Lesson 2


Lesson 1  မကြည့်ရသေးသူမှာ ဒီစာကြောင်းကို နှိပ်ပါ


.
Python Programming
Commands and Functions

Program တွေကို function တွေ အများကြီးနဲ့ တည်ဆောက်ထားကြပါတယ်။
အခြေခံအားဖြင့်တော့ function ဆိုတာ  လုပ်ဆောင်နိုင်တဲ့ instruction တွေကို စုစည်းထားခြင်းပဲ ဖြစ်ပါတယ်။
နမူနာအနေနဲ့ print function လေးကို ကြည့်ကြည့်ပါ။
(Python 3 ကိုသာ ဆက်လက်အသုံးပြုသွားမှာမို့ IDLE 3 ကနေပဲ စမ်းသပ်ကြည့်ပါ။)

   print ("Hello World")
ဒီနေရာမှာ enter ဆင်းလိုက်တာနဲ့ Hello World ဆိုတာပဲ ပေါ်လာမှာဖြစ်ပါတယ်။ ဒါကတော့ သိပြီးသားဖြစ်ပါတယ်။
ပြောစရာလိုနေတာက အဲသည်  command လိုင်းကလေးမှာ ပြန်ကြည့်ရအောင်။
ကွန်ပျူတာကနေ စာသားတွေ ထုတ်ပေးနိုင်စေမယ့် စကားလုံးဖြစ်တဲ့ print သည် function ဖြစ်ပြီး Hello World ဆိုတာကတော့ ကျွန်တော်တို့ရဲ့  parameter ဖြစ်ပါတယ်။


Python Data Types
Python မှာ native datatypes တွေ ရှိပါတယ်။ အရေးကြီးတာလေးတွေကိုပဲ နမူနာ ဖော်ပြလိုက်ပါတယ်။

1. Booleans (True or False)
2. Number int(1,2,3,...), float(1.0,1.1,...), fraction(1/2, 2/3,...) ကိန်းပြည့်၊ ဒသမကိန်း၊ အပိုင်းကိန်းတွေအပြင် ရှုပ်ထွေးတဲ့ ကိန်းတွဲအစပ်တွေပါ ပါဝင်နိုင်ပါတယ်။
3. Strings Strings are sequences of unicode characters. ကိုယ်ပေးချင်တဲ့ message, ကိုယ်ဖော်ပြချင်တဲ့ စာသားတွေကို strings အနေနဲ့ ဖော်ပြနိုင်ပြီးတော့ Python မှာ
Strings တွေကို စာလုံး အစိမ်းရောင်နဲ့ ဖော်ပြပါတယ်။ မိမိ ဖော်ပြချင်တဲ့စာကို ရေးနိုင်တဲ့နေရာပေါ့။
4. Bytes and byte arrays မှာတော့  ဥပမာပြောရရင် jpeg image file  တွေကိုပဲ ပြရပါမယ်။
5. Lists Lists are ordered, immutable sequences of values တဲ့။ သူ့ဖွင့်ဆိုချက်က ရှင်းလင်းပြည့်စုံတာမို့ မြန်မာလို မဖော်ပြတော့ပါဘူး။
6. Dictionaries Dictionary ဆိုတာကို အားလုံးသိကြပါတယ်။ Key နဲ့  value တွေကို အတွဲလိုက် ယှဉ်တွဲဖော်ပြချက်ပေါင်းများစွာကို သိုလှောင်ထားတဲ့ အရာပေါ့။
အရေးပါတဲ့ ဒေတာပုံစံတွေကတော့ ဒီ ၆မျိုး ဖြစ်ပါတယ်။


Objects
Programming languages တွေ များစွာရှိသကဲ့သို့  Object ကို ဖွင့်ဆိုရှင်းပြပုံချင်းလည်း မတူညီဘဲ နည်းလမ်းများစွာ ကွဲပြားပါတယ်။ အချို့က Object တွေမှာ attributes နဲ့ methods တွေ ရှိကို ရှိရမယ်။
ဒါကြောင့် Object ဆိုတာ အဲသည် attributes နဲ့ methods တွေ ရှိနေတဲ့ အရာပေါ့။ ဒီလိုပြောကြပါတယ်။
အချို့ကတော့ All objcets are subclassable. ပါတဲ့။ Python မှာတော့ Object ဆိုတာ broader ပေါ့.
 အချို့သော Objcet တွေမှာ attributes နဲ့ methods တွေ တစ်ခုမှ မပါတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ကို ဖန်တီးနိုင်ကြပါတယ်။ နောက်ပြီး objects တိုင်းဟာလည်း subclassable မဖြစ်ပါ။
သို့သော်လည်း variable or argument to a function ဖြစ်တဲ့အရာတိုင်းဟာ object ဖြစ်ပါတယ်။


Indenting Code
Code blocks တွေဟာ Python program ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
Code blocks imply functions, if statement, for loops, while loops, ...

 lesson movie 1 ကို ကြည့်ပါ။
ဆက်မဖတ်ပါနဲ့ဦး .................



...........................
Python Programming
.
Example Program

#enter name
name = input("What is your name?")
print ("Hello, " + name + "!")

#enter age
age = input("How old are you?")
print ("That's great, " + name + "!")

#Asking temperature outside
temperature = float(input("What is the temperature outside, " + name + "?"))
if temperature > 70:
print ("Weather is so hot. Please, wear shorts")
print ("Enjoy your day, " + name + "!")
else:
print ("Wear long pants, " + name + "!")
print ("Get some exercise outside")

အထက်ပါ program ကလေးကို idle3 အသုံးပြုပြီး နမူနာ ရေးပြပါ့မယ်။
Lesson movie 2 မှာ ရှင်းပြထားပါတယ်ခင်ဗျ


To be continued ..........
Lesson 3 ကြည့်ရန် ဒီစာကြောင်းကိုနှိပ်ပါ


Thanks


Khit Minnyo

No comments