Adsense

OUO Banner

Latest Posts

Python2 Lesson 11

Lesson 1 ကြည့်ရန် link  >> Click Here
Lesson 2 ကြည့်ရန် link  >> Click Here
Lesson 3 ကြည့်ရန် link  >> Click Here
Lesson 4 ကြည့်ရန် link >> Click Here
Lesson 5 ကြည့်ရန် link >> Click Here

Lesson 6 ကြည့်ရန် link >> Click Here
Lesson 7 ကြည့်ရန် link >> Cl
ick Here
Lesson 8 ကြည့်ရန် link >> Click Here
Lesson 9 ကြည့်ရန် link >> Click Here
Lesson 10 ကြည့်ရန် link >> Click Here
...........................................................................
Python Programming
မင်္ဂလာပါခင်ဗျာ။ ဒီနေ့အတွက် သင်ခန်းစာသစ် မစတင်ခင်မှာ မနေ့ကသင်ခန်းစာကို ပြန်ဆက်ချင်ပါတယ်။
ပုံစံသစ်တစ်မျိုးလေးနဲ့ပါပဲ။ ဖန်ရှင်သစ် တည်ဆောက်ခြင်းနဲ့ ဆက်စက်မှုရှိတဲ့ Default Value တည်ဆောက်ခြင်းပါ။
 ကဲ စပြီနော်။
......
Python ကို terminal ကနေ ခေါ်ပြီး
>>> def kmn(x,y,z):
...  print x
...  print y
...  print z
... ခုလို သတ်မှတ်ပေးလိုက်ပါတယ်။ enter ၂ချက်ဆင်းပြီး နောက်တစ်လိုင်းကူးလိုက်ပါတယ်။
>>> kmn('Khit Minnyo', 29, 'Learning Python')
Khit Minnyo
29
Learning Python
kmn လို့ သတ်မှတ်လိုက်တဲ့ ထဲမှာ ဒေတာတွေကို ဖြည့်သွင်းပေးလိုက်ပါတယ်။ ခုတော့ ဒီလိုပုံစံလေး ထွက်လာတာကို တွေ့ရပါပြီနော်။
ဒါတော့ ရှင်းပါတယ်။ x, y, z တို့ နေရာမှာ သူတို့အတွက် အစားဝင်လာတဲ့ တန်ဖိုးတွေကို စီပေးလိုက်တာလေးပါပဲ။
ကဲ ဒါဆို မေးစရာရှိလာပြန်ပြီ။ ဒေတာတွေက သုံးလေးခုထက် ပိုခဲ့ရင် (အများကြီးဖြစ်နေရင်) ဘယ်လိုလုပ်ကြမလဲပေါ့။
အဲသည်အတွက်တော့ def သတ်မှတ်ခဲ့စဉ်ကတည်းက ပုံစံတစ်မျိုးနဲ့ သတ်မှတ်ခဲ့ရမှာဖြစ်ပါတယ်။
....
>>> def kmn(*unknown):
...  print unknown
... ဒီပုံစံလေး တည်ဆောက်လိုက်ပြီနော်။ အတိအကျ မသိရတာမို့လို့ unknown ပေါ့။ * တော့ အရေးကြီးပါတယ်။ မကျန်ခဲ့နဲ့ပေါ့။
.......တည်ဆောက်ပြီးပြီဆို စမ်းကြည့်ရအောင်ဗျ
>>> kmn ('Zaw Zaw', 25, 'Ma Ma', 22, 'Aung Aung', 'Hla Hla', 23, 24, 25, 26, 27, 28, 1000)
('Zaw Zaw', 25, 'Ma Ma', 22, 'Aung Aung', 'Hla Hla', 23, 24, 25, 26, 27, 28, 1000)
ကဲ ခုဆို အများကြီးထည့်လည်း အဖြေ ထွက်လာပါပြီ......
.......
......
နောက်တစ်ခု သေချာကြည့်ပါ။ တူသလိုလိုနဲ့ မတူတာတွေ့ရပါမယ်။ သေချာကြည့်ပြီး ကွာခြားချက်ကို မှတ်ထားပါ။
ဒီတစ်ခါတော့ ဖန်ရှင်အမည်ကို တစ်ခုခု ပြောင်းသုံးရအောင်။ တော်ကြာ ဒီတစ်မျိုးပဲ ဖြစ်နေမယ်
....
>>> def kkk (name, *age):
...  print name
...  print age
...
kkk ဆိုတဲ့ ဖန်ရှင်လေးကို ကျွန်တော် တည်ဆောက်လိုက်ပါတယ်။ ရေးပုံကလေးကို သတိထားစေချင်ပါတယ်။
...
>>> kkk ('Aung Aung',1,2,3,4,5)
Aung Aung
(1, 2, 3, 4, 5)
>>>အထက်ပါအတိုင်း ခေါ်ကြည့်လိုက်ပါတယ်။ ကိန်းတွေကို မိမိရေးလိုသည်ထိဆက်ရေးနိုင်ပါတယ်ဗျ။ စမ်းကြည့်ကြဖို့ လိုအပ်ပါတယ်။
.............
..............
ကဲ ဒီတစ်ခါတော့ ပုံမှန်အသွင်တွေနဲ့ ကွဲအောင် ခပ်ဆန်းဆန်းလေး ဖန်တီးခွင့်ပေးမယ်။
ဘာလုပ်မှာလို့ ကြိုမပြောသေးဘဲ နောက်ဆုံးမှ လုပ်ရင်းသိလာတာကို လိုချင်လို့ အထူးအထွေ မပြောတော့ဘူးလို့ ဆုံးဖြတ်ထားလိုက်ပါတယ်။
ကဲ Desktop ပေါ်မှာ နေရာလွတ်ကလေးမှာ R-click ကလေးနှိပ်ပြီး New Folder ကနေ d13 ဆိုတဲ့ folder လေးတစ်ခု ဖန်တီးလိုက်ရအောင်။ အားလုံး လုပ်နိုင်မယ်လို့ ယူဆပါတယ်။
ပြီးရင် leafpad လေးဖွင့်ပြီး
print "This is a small program of day 13."
readfile = open ('read.txt', 'r')
print readfile.read()
အထက်ပါ စာကြောင်းလေးတွေပဲ ရိုက်ပြီး ခုန folder ထဲမှာ reader.py ဆိုတဲ့ နာမည်နဲ့  Save ထားပါ။
ပြီးရင် ပိတ်ထားလိုက်လို့ ရပါပြီ။ ကဲ နောက်တစ်ခါ  leafpad အသစ် ထပ်ဖွင့်ရအောင်။ ဒီတစ်ခါတော့ text တွေ အနေနဲ့ ပဲ ရေးမှာမို့ မိမိတို့ နှစ်သက်ရာ ရေးထားနိုင်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်ကဗျာတစ်ပုဒ် ရေးထားပါတယ်။
Lost Innocence

© Michaela Remmel

Published on April 2015

Wind whistling,
Snow glistening,
We try not to,
But we're all listening.

Loud screams,
Bad dreams,
It's very far,
But close it seems.

Sad day,
Lost our way,
All we can do,
Is simply pray.

Innocence gone,
Life no longer long,
We may not know,
But we're all doing wrong.

Joy lost,
The Holocaust,
We look to see,
Hearts covered in frost.

Wars fought,
Sins taught,
Making mistakes,
Hoping not to be caught.

Not taking blame,
Pushing for fame,
As advanced as we are,
We're still all untamed.

Too much pride,
Needing a guide,
We will deny it,
But behind lies we hide.

Hurting others,
Betraying brother,
Many forgetting,
To appreciate mothers.

Lies are fed,
Filling heart and head,
Through all of these years,
Innocent blood has been shed.

Children abandoned,
Lonely and stranded,
We're all wasting the life
That we have been handed.

Taking from the poor,
We're loving no more,
Fight to be free,
End up starting a war.

People starting fights,
No longer enjoying the sights,
While mere mortals are taking
Our God given rights.

Soldiers killed,
Void can't be filled,
Pay close attention,
For pure souls have been tilled.

Need to find peace,
Work together like geese,
But greatest of all,
The hate needs to cease.

အထက်ပါအတိုင်း leafpad အသစ်မှာရေးလိုက်ပြီး ခုန d13 ဆိုတဲ့ folder ထဲမှာပဲ read.txt ဆိုတဲ့ နာမည်နဲ့  Save ထားလိုက်ပါတယ်။
သတိထားရမှာက read.txt လို့ နာမည်ရေးပြီး Save ရမှာနော်။
......................................................
ပြီးရင် ပိတ်ထားလိုက်လို့လည်း ရပါပြီ။ ကဲ ဒီခါတော့ terminal ကနေ cd command နဲ့ တစ်ဆင့်ချင်းဖွင့်တဲ့ manual ကို မသုံးတော့ဘဲ နောက်တစ်နည်းပေါ့။
ဖွင့်ရအောင်။ ခုန Desktop မှာ ထားခဲ့တဲ့ d13 folder ကို ပုံမှန်အတိုင်းပဲ ဖွင့်လိုက်ပါ။ ပြီးရင် ပွင့်လာတဲ့ထဲမှာ ခုန ဖိုင် ၂ခု ရှိနေပါမယ်။ ပြန်စစ်ကြည့်ပါ။
reader.py နာမည်နဲ့ တစ်ဖိုင်၊ read.txt ဆိုတဲ့နာမည်နဲ့ တစ်ဖိုင် ၂ဖိုင်ပေါ့။ ဟုတ်ပြီဆိုရင် အဲသည် folder ထဲမှာပဲ လွတ်တဲ့နေရာမှာ R-click ပါ။ ပြီးရင် open in terminal ကိုနှိပ်ပြီးဖွင့်ပါ။
သက်ဆိုင်ရာ folder ထဲကို ရောက်ပြီးသား ရပါပြီ။
python ဖိုင်ကို  RUN ဖို့အတွက် Terminal မှာ ရိုက်ရမယ့် command တွေကိုတော့ သိပြီးသားပါ။
နောက်ဆုံးအနေနဲ့ တစ်ကြိမ်ထပ်ပြောပါမယ်။ Terminal မှာ သက်ဆိုင်ရာ location ကို ရောက်ပြီးသား ဖြစ်လို့ run မယ့် ဖိုင်နာမည်က အဓိက ကျပါတယ်။
python ဖိုင်ဖြစ်လို့ python နဲ့ စပါမယ်။ နောက်မှာ ဖိုင်နာမည်ဖြစ်တဲ့ reader.py လိုက်ပါမယ်။
ဒါဆိုရင်တော့ ခုန ဒုတိယရေးခဲ့တဲ့ read.txt ထဲက စာသားတွေ terminal ပေါ်ကို ရောက်လာပြီဖြစ်ပါတယ်။
ခုလို ဖွင့်ဖတ်နိုင်ဖို့အတွက် ရေးခဲ့ရတဲ့ command line လေးက ၂ခုတည်းဖြစ်ပါတယ်။ အောက်မှာ ကြည့်ရင် မြင်နိုင်ပါတယ်။
readfile = open ('read.txt', 'r')
print readfile.read()
ဖိုင်နာမည်တွေကို space မခြားဖို့နဲ့ မမှားဖို့ သတိထားရပါမယ်ဗျ။
......................................................................................
...........
အပေါ်မှာ ဖော်ပြခဲ့တဲ့  d13 ဆိုတဲ့ foder လေးထဲမှာ reader.py နဲ့ read.txt ဆိုတဲ့ ဖိုင်လေး ၂ခု ပူးတွဲတည်ဆောက် အလုပ်လုပ်ခဲ့ကြပါတယ်။
reader.py ဆိုတဲ့ဖိုင်ကနေ read.txt ကို ဖတ်လိုက်တာပါ။
ဒီနေ့မှာတော့ အဲသည်လိုပဲ နောက်ထပ် တစ်ခု ထပ်မံ ဖန်တီးရအောင်ပါ။
d14 ဆိုတဲ့ နာမည်နဲ့ folder တစ်ခု Desktop ပေါ်မှာ တည်ဆောက်ပါမယ်။
ပြီးရင် idle >> file new ကလေး ဖွင့်ပြီး အောက်ပါကုဒ်လိုင်းလေးတွေ ရိုက်ထည့်လိုက်ပါ။
....
writefile = open ('write.txt', 'w')
writefile.write("I am Khit Minnyo. \n")
writefile.write("I am learning Python. \n")
writefile.write("Python is the most powerful language. \n")
writefile.write("I love Python. \n")
writefile.close()

readfile = open ('write.txt', 'r'
print readfile.read()
readfile.close()
............
အထက်ပါ လိုင်းကုဒ်နှစ်ခုကို လုပ်ထားခဲ့တဲ့ Desktop ပေါ်က d14 folder ထဲမှာ rw.py ဆိုတဲ့ နာမည်နဲ့ သိမ်းလိုက်ပါ။
ခုနေဖွင့်ကြည့်ရင် d14 ဆိုတဲ့ထဲမှာ rw.py တစ်ဖိုင်ပဲ ရှိဦးမှာပါ။ ဒါကတော့ ဖွင့်ကြည့်စရာမလိုအောင် ရှင်းပါတယ်။
ကဲ ခုန idle ကို run ကြည့်ကြစို့။ ကျွန်တော်တို့ ဖြည့်သွင်းလိုခဲ့တဲ့ စာတွေ ပေါ်လာပါမယ်။
ခုချိန်မှာ d14 folder ကို ဖွင့်ကြည့်ပါ။ rw.py အပြင် write.txt ဆိုတဲ့ ဖိုင်ပါ တွေ့ရပါပြီ။
မနေ့က သင်ခန်းစာနဲ့ အတူတွဲပြီး လေ့လာနိုင်အောင် တစ်ပေါင်းစည်းတည်း ဖန်တီးထားပေးပါတယ်။
readfile နဲ့ writefile
'r'      နဲ့    'w'
ခြားနားပုံလေးကို မြင်လောက်မယ်လို့ ယူဆပါတယ်။

..................................
Lesson 12 ကြည့်ရန်  Click Here


လာရောက်လည်ပတ်ပတ်မှုကို အထူး ကျေးဇူးတင်ပါသည်ခင်ဗျာ

ဒီ Website ကလေးမှာ တင်ထားတဲ့ အကြောင်းအရာအတွေကို ကဏ္ဍအလိုက် ရွေးချယ် ကြည့်လိုပါက
ဒီစာကြောင်းလေးကို နှိပ်ပြီးလည်း ရွေးချယ်ကြည့်နိုင်သလို Menu Box ကနေလည်း ရွေးချယ်ကြည့်နိုင်ပါကြောင်း ခင်ဗျာ

Thanks

Khit Minnyo

No comments