OUO Banner

Latest Posts

ဓာတ်ပုံ တစ်ပုံထဲမှာ ဒေတာတွေကို ဝှက်ရအောင် (Kali Linux Trick)




Kali Linux
Hide Any Data Into Images

Data ကို image ဖိုင်တစ်ခုထဲမှာ hide မယ်ဆိုတော့ စိတ်ဝင်စားစရာတော့ ဖြစ်မယ်ထင်တယ်နော်။ မည်သည့် ဒေတာကို မဆို ဝှက်နိုင်ပါတယ်။
(Word, excel, powerpoint, exe, movie) ဘာမဆိုကို ဝှက်လို့ရပါတယ်။ ပထမဆုံးအနေနဲ့ hide_test ဆိုတဲ့ နာမည်နဲ့ folder တစ်ခုကို ကြိုက်တဲ့နေရာမှာ တည်ဆောက်လိုက်ပါ။ ကျွန်တော်ကတော့ Desktop မှာပဲ ရွေးလိုက်ပါတယ်။ ဖိုဒါ နာမည်ကို မိမိနှစ်သက်ရာ ပေးနိုင်ပါတယ်။ space မခြားရပါဘူး။ ကျွျန်တော်က ပုံတစ်ပုံထဲမှာ mp3 တစ်ခုကို ဝှက်ပြီး ထည့်မှာမို့ ခုန folder ထဲကို ပုံတစ်ပုံနဲ့ သီချင်းတစ်ပုဒ် ထည့်လိုက်ပါတယ်။
ပြီးတဲ့အခါ compress type မှာ zip ရွေးလိုက်ပါတယ်။ နာမည်ကို mp3 ပဲ ထားပြီး enter လိုက်ပါတယ်။ ဒီသင်ခန်းစာထဲမှာပါတဲ့ ပုံ compress.png နဲ့ compress2.png မှာ ကြည့်နိုင်ပါတယ်။

zip နဲ့ image ၂ခုတော့ အသင့် ရှိနေပါပြီ။ အဲသည် folder ထဲကို Terminal ကနေ ဝင်ရောက်လိုက်ပါတယ်။

root@kmn:~/Desktop/hide_test# ls
mp3.zip  pl.jpg  ဗင်းဆင့်ဗန်ဂိုးတမ်းချင်း.mp3
root@kmn:~/Desktop/hide_test#

ဖြန့်ချကြည့်တဲ့အခါမှာတော့ အထက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ ဖိုင် သုံးခု ရှိတာ သေချာ မြင်ရပါပြီ။ အဲမှာ ပြန်ပြောပြချင်တာက ကျွန်တော် ဝှက်ချင်တာက mp3.zip ဖြစ်သွားပါပြီ။ ဒီဘက်က သီချင်းမဟုတ်တော့ပါဘူး။ ထည့်ဝှက်မယ့် ဖိုင်က pl.jpg ဆိုတဲ့ ပုံလေးတစ်ပုံ ထဲမှာပေါ့။ Terminal ထဲကနေပြီးပဲ ဆက်ရအောင်ဗျ

root@kmn:~/Desktop/hide_test# cat pl.jpg mp3.zip >finish.jpg

ဆိုပြီး ရိုက်လိုက်ပါတယ်။ cat ကို အသုံးပြု ပြီး pl.gpg ထဲကိ mp3.zip ထည့်မယ် ထွက်လာမယ့်ဖိုင်က finish.jpg ဆိုတာဖြစ်မယ်ပေါ့။ ဖိုင်နာမည်တွေက ကိုယ့်ဘာသာ ထည့်ထားတဲ့ဖိုင်ကို အသုံးပြုနိုင်ပါတယ်။ တစ်ခုပဲ သတိထားရမှာက ဖိုင်နာမည်တွေမှာ space ချဲမထားရပါဘူး။ နောက်တစ်ချက် ပြောချင်တာက file type မလွဲအောင် ရိုက်ဖို့ လိုပါတယ်။ .jpg .zip စတာတွေ လွဲလို့မရပါဘူး။
ခုဆိုရင်တော့ ကျွန်တော်တို့ folder ထဲမှာ ဖိုင် သုံးခုမဟုတ်တော့ပါဘူး။ ဖိုင် လေးခု ဖြစ်သွားပါပြီ။ finish.jpg ကလွဲရင် ကျန်တဲ့ဖိုင်တွေကို ဖျက်လိုက်လို့ ရပါပြီ။ ls နဲ့ဖော်ကြည့်ရင် ကျွန်တော် ပေါင်းစပ်ထားတဲ့ ဖိုင်တစ်ဖိုင်ကိုပဲ တွေ့ရတော့မှာဖြစ်ပါတယ်။

root@kmn:~/Desktop/hide_test# ls
finish.jpg
root@kmn:~/Desktop/hide_test#

ကဲ ပြန်ဖြည်ရအောင်။ ဘယ်လိုပြန်ဖြည်မလဲ။ လွယ်ပါတယ်။ unzip command လေးနဲ့ အလွယ်တကူ ဖြည်နိုင်ပါတယ်။ ဖွင့်ထားတဲ့ terminal တွေပါ ပိတ်လိုက်ပါ။ ပြီးရင် သူ့ folder ထဲကို ပြန်ဝင်ပါမယ်။


root@kmn:~# cd Desktop ပထမဆုံး desktop ကို အရင် ဝင်လိုက်ပါတယ်
root@kmn:~/Desktop# cd hide_test သူ့ကို ဖန်တီးထားတဲ့ folder ထဲ ထပ်ဝင်လိုက်ပါတယ်
root@kmn:~/Desktop/hide_test# ls ဖြန့်ကြည့်လိုက်တော့ အောက်ပါတစ်ဖိုင်ပဲ ရှိသေးတာ တွေ့ရပါမယ်
finish.jpg
root@kmn:~/Desktop/hide_test# unzip finish.jpg   ဖြည်လိုက်တာပါ
Archive:  finish.jpg
warning [finish.jpg]:  394508 extra bytes at beginning or within zipfile
  (attempting to process anyway)
  inflating: ဗင်းဆင့်ဗန်ဂိုးတမ်းချင်း.mp3 
root@kmn:~/Desktop/hide_test# ခုနေမှာ ဖြန့်ကြည့်ရင် ခုန ဝှက်ထားတဲ့ သီချင်းဖိုင်ကို တွေ့ရပြီဖြစ်ပါတယ်

စမ်းသပ်ကြည့်ကြပါ။
....................................................................................................
....................................................................................................


Thanks


Khit Minnyo

No comments