Macchanger in Kali Linux
Kali Linux
Changing Mac Address
apt-get install macchanger ကို အသုံးပြုပြီး mac changer ကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ထုံးစံအတိုင်း Y/n ဆို y ပေါ့။
ပြီးရင် ပုံ၂ အတိုင်း box တစ်ခု ပေါ်လာပါမယ်။ Keyboard မှာရှိတဲ့ left arrow key ကို သုံးပြီး no နေရာကနေ yes ဆီရောက်အောင် ရွှေ့ပါ။ ပုံ၃
ပြီးရင် enter လိုက်ရုံပါပဲ။ macchanger ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
sources list ထဲမှာ ဒီစာကြောင်းတစ်ကြောင်း ထည့်ပါ
deb http://ftp.de.debian.org/debian sid main
ပြီးရင် Save ပြီး ထုံးစံအတိုင်း apt-get update လုပ်ပေးလိုက်ပါ။
ပြီးသွားရင်တော့ apt-get install macchanger-gtk ကို အသုံးပြုပြီး ထပ်မံဖြည့်သွင်းပါ။ ပြီးဆုံးသွားပြီဆိုရင်တော့ mac changer gtk ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ သွင်းပြီးပြီဆိုရင်တော့ ခုန soruce ရဲ့ ရှေ့မှာ # လေးခံပြီး ပိတ်ထားလိုက်ပါ။
ဒါလေး မပြောခင်မှာ ကျွန်တော် ပြောပြချင်တာလေး ရှိပါတယ်။ Mac Address ဆိုတာ ဘာလဲဆိုတာပေါ့။ Mac Address ဆိုတာဟာ media access control address (MAC address) ဖြစ်ပါတယ်။
Media Access Control address (MAC address) ဆိုတာ နက်ဝက်ကဒ် network adapter card or network interface card (NIC) တွေအတွက် unique identifier ထပ်တူညီခြင်း မရှိတဲ့ ဂဏန်းတွေနဲ့ အက္ခရာတွေ သတ်မှတ်ပေးထားပြီး ထုပ်လုပ်သူတွေက မှတ်ပုံတင်ထာတဲ့ address တစ်ခု ဆိုပါတော့။
OS တွေမှာ MAC address က ခြောက်စုံ (သို့မဟုတ်) ဂဏန်း ၊ အက္ခရာ ၁၂ လုံးနဲ့ ကိုယ်စားပြု သတ်မှတ်ထားပါတယ်..MAC address မှာ ဂဏန်းအားဖြင့် ၀ ကနေ ၉ အထိပါပြီး ၊ အက္ခရာအားဖြင့် A ကနေ F အထိပါဝင်ပါတယ်..တနည်းအားဖြင့် အဲ့ဒီnumbers တွေနဲ့ characters တွေကို ပေါင်းစပ်ထားခြင်းပါပဲ…ဥပမာ - 1A-2B-3C-4D-5E-6F
MAC Address ကို IEEE 802 Network တွေမှာလည်း အသုံးပြုသလို..Ethernet လို Network တွေမှာပါ အသုံးပြုကြပါတယ်။ Printer , Camera , စတဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်းတွေမှာလဲ MAC Address ဆိုတာ သက်ဆိုင်ရာ ပစ္စည်းတစ်ခုချင်း အလိုက်သူ့နေရာနဲ့သူပါဝင်ပါတယ်။
ထားပါတော့ ခု ဆွေးနွေးမှာက အဲသည် Mac Address ကို ဘာလို့ ပြောင်းပစ်မှာလဲပေါ့။
အချို့ wifi လိုင်းတွေမှာ password လုံးဝ မထားပါဘူး။ ဘယ်အလုံးကိုတော့ ချိတ်မယ် ဘယ်အလုံးကိုတော့ လက်မခံဘူးဆိုတာကို Mac Address တွေကို filter လုပ်ပြီး ထည့်သွင်းထားပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်က wifi လိုင်းတွေကို password လည်း မတွေ့ပါဘဲလျက်က ချိတ်ဆက်လို့ မရ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျွန်တော်တို့ mac address ကို လက်မခံတဲ့အတွက် ဖြစ်ပါတယ်။
အဲအခါမှာ သုံးလို့ ရနေတဲ့ တစ်ယောက်ယောက်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာရှိတဲ့ Mac Address လေးကိုသာ ကြည့်နိုင်ရင် ကျွန်တော်တို့ အဲသည် Address အတိုင်းကို လိုက်ပြောင်းပြီး သုံးလို့ ရပြီပေါ့။ ဒါကတော့ MAC ADDRESS နဲ့ ချိတ်ဆက်ရတဲ့ ဝိုင်ဖိုင် အမျိုးအစားမျိုးကို ဆိုလိုပါတယ်။
အဲသည်အပိုင်းတွေက နောက်မှ လေ့လာရမှာဖြစ်လို့ ထပ်ရှင်းမပြတော့ပါဘူး။ ဖုန်းတွေမှာဆိုရင်လည်း setting ထဲမှာ မွှေနှောက်ရှာဖွေရင် mac address တွေ့ပါမယ်။ linux shell လေးတင်ပြီး ifconfig လို့ ရိုက်လိုက်ရင်လည်း တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ kali မှာမို့ ifconfig ကို terminal မှာ ရိုက်ရှာလိုက်ရုံပါပဲ။ ကျွန်တော် နမူနာ ရှာပြထားပါတယ်
root@kmn:~# ifconfig
eth0: flags=4099
ether b8:2a:72:aa:d5:c6 txqueuelen 1000 (Ethernet)
ဒီအပေါ်ကနေရာမှာ ကြိုးနဲ့ သုံးတဲ့ usb tethering address ပါ
RX packets 0 bytes 0 (0.0 B)
RX errors 0 dropped 0 overruns 0 frame 0
TX packets 0 bytes 0 (0.0 B)
TX errors 0 dropped 0 overruns 0 carrier 0 collisions 0
lo: flags=73
inet 127.0.0.1 netmask 255.0.0.0
inet6 ::1 prefixlen 128 scopeid 0x10
loop txqueuelen 1 (Local Loopback)
RX packets 4592 bytes 346340 (338.2 KiB)
RX errors 0 dropped 0 overruns 0 frame 0
TX packets 4592 bytes 346340 (338.2 KiB)
TX errors 0 dropped 0 overruns 0 carrier 0 collisions 0
wlan0: flags=4163
inet 192.168.10.10 netmask 255.255.255.0 broadcast 192.168.43.255
inet6 fe80::b3e6:1b02:ca03:2c96 prefixlen 64 scopeid 0x20
ခုစာကြောင်းအောက်မှာ ether ဆိုပြီး ပြထားတာ mac address ဖြစ်ပါတယ်။
ether 55:4a:04:63:9a:0c txqueuelen 1000 (Ethernet)
RX packets 74695 bytes 85760925 (81.7 MiB)
RX errors 0 dropped 0 overruns 0 frame 0
TX packets 56898 bytes 10719183 (10.2 MiB)
TX errors 0 dropped 0 overruns 0 carrier 0 collisions 0
ကိုယ့်ကိုယ်ကိုယ် မကျိန်းသေဘူး ထင်ရင်လည်း မိမိတို့ဖုန်းကနေ ဝိုင်ဖိုင်လွှင့်ချိတ်လိုက်ပါ။ ပြီးရင် လွှင့်ထားတဲ့ ဖုန်းရဲ့ ththering setting ထဲက connected devices ဆိုတဲ့ထဲ ဝင်ကြည့်လိုက်ရင်ကို wifi mac address ကို တွေ့ရမှာဖြစ်ပါတယ်။ (မိမိတို့ အိမ်နီးချင်းမှာ mac address နဲ့ အသုံးပြုတဲ့ wifi လိုင်းလေးသာ ရှိလို့ကတော့ ဒီတစ်ချက်တည်းနဲ့တင် အဆင်ပြေပါပြီ။ မိမိဖုန်းကနေ ခဏ ပေးလွှင့်။ သူ့ဖုန်းကို ချိတ်ခိုင်း။ ပြီးရင် သူ့ mac address ကို screenshot ယူလိုက်။ ပွဲသိမ်းပါပဲ။ ကိုယ်က အဲအတိုင်း လိုက်ပြောင်းပြီး သူ့ဝိုင်ဖိုင်လိုင်းနဲ့ ချိတ်လိုက်တာနဲ့ သုံးလို့ ရပြီလေ။
wifi mac address ကို zapya နဲ့ ဖိုင်ကူးရင်းနဲ့လည်း ကိုယ့်ဘက်က host လုပ်ထားရင် ယူလို့ ရနိုင်ပါတယ်။ ကဲ ပေရှည်သွားပြီ။ ခုန ရလာတဲ့ mac address ကို မှတ်ထားပေါ့။
macchanger-gtk လို့ terminal မှာ ရိုက်ခေါ်လိုက်မယ်ဆိုရင်လည်း ပေါ်လာတဲ့ box မှာ option ရွေး (ပုံ ၄)၊ type ရွေး (ပုံ ၅)၊ change လို့ ရပါပြီ။ မိမိ add ကို ကြည့်ချင်သေးတယ်ဆိုရင်လည်း See current mac address ကို နှိပ်ကြည့်နိုင်ပါတယ်။ ခု gtk ကတော့ random ပဲ ပြောင်းဦးမှာမို့ option မှာ random ပဲ ရွေးပေါ့။ ဒါမှမဟုတ် တစ်ခုစီ လိုက်ရွေး စမ်းကြည့်ပေါ့။
.......................................................................
Thanks
Khit Minnyo
Post a Comment