မနေ့က CEH V8 Free Course ဆိုပြီး Movie ဖိုင်လေးတွေကို စီစဉ်ပြီး Article တစ်ခုတည်းမှာ တင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Page တစ်ခုတည်းမှာတင် အစဉ်လိုက် လေ့လာသွားလို့ ရအောင် ပေါ့။ ဒါပေမယ့် ကျွန်တော် စိတ်မကောင်းဖြစ်မိတာလေးတစ်ခု ရှိခဲ့ပါတယ်။ ““Message မှာ ပြောတဲ့သူ နည်းနည်း ရှိလို့ပါ””
.
၁။ တင်ချင်ရင်လည်း တစ်ဖိုင်တည်းရှိတာကိုတင်ပါလား။ တစ်ဖိုင်စီ လျှောက်ဖွထားတော့ ကြည့်ရတဲ့သူတွေက ဘယ်လိုလုပ်ရမလဲ တဲ့။
၂။ တင်ပေးတာတွေက ဒိတ်အောက်နေပြီ တဲ့
၃။ ကြည့်ရတာ မျက်စိနောက်တယ်။ link ပေးပြီး ဒေါင်းခိုင်းတာမှ အဆင်ပြေဦးမယ်တဲ့
.
ကျွန်တော် အနည်းငယ် ဆွေးနွေးပါရစေ
ကျွန်တော် ဒီ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာက တကယ့် စေတနာအစစ်အမှန်နဲ့ ဆိုတာ ကျွန်တော့်ဘာသာ သိထားတဲ့အတွက် အချို့သော စကားလုံးတွေကိုတော့ ပြန်ချေပ မနေလိုပါ။
ကျွန်တော်သည် ဒီ Website ကလေးကို ပြုလုပ်ထားတဲ့အတွက် ကျွန်တော့်မှာ ငွေကုန်မှု ရှိပါတယ်။ သတင်း Website တွေလို ကြော်ငြာခ အများကြီး ပြန်ရတာလည်း မဟုတ်ရပါဘူး။ ကျွန်တော့်ရဲ့ လက်ရှိ အခြေအနေက မိသားစုအတွက် အလုပ်လုပ်ရတဲ့အခြေအနေပါ။ ဒီကြားထဲမှာ ဖုန်းဘေကုန် Domain ဖိုး ကုန်ခံပြီး
လုပ်ထားပေးတာပါ။ ဒါ ကျွန်တော် ဖန်တီးပေးထားတဲ့ အခြေအနေလေးကို ဖော်ပြခြင်း ဖြစ်ပါတယ်။
.
၁။ တစ်ဖိုင်တည်း အဆင်ပြေတာကို တင်ထားပေးပါလား ဆိုတဲ့မေးခွန်းအတွက်ပါ။ ခု တင်ပေးလိုက်ပါတယ်။ ဆယ်နာရီကျော် ကြာတဲ့ ဖိုင်တစ်ခုပါ။ ဒေါင်းယူဖို့ ကြည့်ဖို့ဆိုတာ အချိန် အဲလောက်ထိပေးပြီး တစ်ဆက်တည်း ကြည့်နိုင်ဖို့ လူတိုင်း အဆင်မပြေနိုင်ပါဘူး။
၂။ တင်ပေးတာတွေ ဒိတ်အောက်နေပြီ ဆိုသူတွေအတွက် မအောက်တာ ရှာတင်ပေးထားပါတယ်။
ဘယ်လိုပင် ဒိတ်တွေ ပြောပါစေ။ ပညာရပ်ဆိုတာ ပုပ်သိုးကုန် မဟုတ်ရပါဘူး။ အချိန်ကာလ ကွာခြားမှုကြောင့် အသစ်ထပ်တွေ့တာတွေ ရှိကောင်းရှိပေမယ့် အခြေခံအချက်အလက်တွေကတော့ တူညီကြပါတယ်။
၃။ ဖိုင်တွေများလို့ ကြည့်ရတာ မျက်စိနောက်တယ် ဆိုတဲ့ Bro အတွက်လည်း ဒီမှာ တစ်ဖိုင်တည်း ဖော်ပြပေးထားပါတယ်ခင်ဗျာ။ Link ပေး ဆိုတဲ့အနေအထားလည်း နည်းနည်းလောက် ပြောပြချင်ပါသေးတယ်။
Movie အကွက်လေးရဲ့ ညာဘက်အပေါ်ထောင့်နားမှာ တွေ့ပါသလားခင်ဗျာ ။ ↷ ဖိုင်ရှယ်တဲ့ သင်္ကေတနဲ့ မြားကွေးလေးလေ။ အဲဒါကို နှိပ်ကြည့်ကြည့်ပါ။ Bro လိုချင်တဲ့ link ရပါလိမ့်မယ်။
..........
ကျွန်တော့်အနေနဲ့ Online Training လေး ဖွင့်ထားတာ မှန်ပါတယ်။ Training အတွက်မှာလည်း သီးသန့်ဖန်တီးပေးထားတာတွေ ရှိပြီးသားပါ။ bit.ly/training-aio မှာလက်ရှိ ဖန်တီးပေးထားသလို http://www.mmaiotraining.org မှာလည်း ထပ်မံ ပြင်ဆင် ဖြည့်စွက်ပေးနေပါသေးတယ်။ ခု khitminnyo.com သည် သင်တန်းတက်ရောက်ဖို့ အဆင်မပြေတဲ့သူတွေအတွက် လေ့လာနိုင်ပါစေဆိုတဲ့ စေတာတစ်ခုနဲ့ ဖန်တီးပေးထားခဲ့တာပါခင်ဗျာ......။
.
Bro တို့ လာပြောပြတဲ့ စကားလုံးလေးတွေက ကျွန်တော့်ကို စိတ်မကောင်းဖြစ်စေတာကြောင့် ဒီစကားလေးတွေကို မပြောချင်ဘဲ ပြောပြလိုက်ရပါတယ်။ နားလည်ပေးကြပါကုန် ..............
လာရောက် လည်ပတ်သူအပေါင်းကို အထူးကျေးဇူးပါခင်ဗျာ ....................................................
Khit Minnyo
စိတ်ထဲမထားပါနဲ့ဗျ ကိုယ်လုပ်စရာရှိတာကို စေတနာထားပြီး ရှေ့ဆက်ပါbro
ReplyDeleteအားပေးနေပါတယ်။ အကောင်းနဲ့အဆိုးဆိုတာ အမြဲဒွန်တွဲနေတာပါ။
အဲလိုလူမျိုးတွေ ခေါင်းထဲထည့်နေစရာမလိုပါဘူး
ကျေးဇူးပါခင်ဗျာ
Deleteကိုယ် ဝါသနာပါတာကို ကိုယ်လုပ်ရင်း ဝါသနာတူသူတွေ အချင်းချင်းကို ပြန်ဖြန့်ဝေပေးတယ်ဆိုတာက နည်းတဲ့စေတနာမဟုတ်ဘူး Bro fighting
ReplyDeleteThanks
Deleteကျေးဇူးပါခင်ဗျား
ReplyDeleteကျေးဇူတင်ပါတယ် ဆရာ ဆရာရေးလိုက်တဲ့ စာကိုဖတ်ပြီး စိတ်မကောင်းပါဘူး စေသနာကို စေသနာလို့မထင်တဲ့ သူတွေကို ခေါင်းထဲထည့်မနေပါနဲ့ ဆရာ ဆရာက ကျွန်တော်တွက်တော့ ဆရာကောင်းပါ
ReplyDeleteကျေးဇူးပါ ဆရာ
ReplyDeleteဘယ်သူတွေ ဘာပြောပြော ကိုယ်သိတာကို တက်စေခြင်လို့ ပြန်လည်ကိုယ်မျှဝေပေးတာ ဘယ်သူ ဘာပြောပြော ဂရုစိုက်စရာ မလိုပါ ဆရာ
thanks
ReplyDeletethanks
ReplyDeleteThis comment has been removed by the author.
ReplyDeleteဆရာခေတ်မင်းညို စတင်ပြီးလေ့လာနေပါပြီ Video တွေအားလုံးကိုတော့ Downloads ပြီးသွားပါပြီ
ReplyDeleteကျေးဇူးအထူးတင်ပါတယ် ဆရာ