Monday, October 23, 2017

Samsung Galaxy တွေမှာ Application တစ်ခုတည်းကနေ Linux ကို သုံးနိုင်လာတော့မည်


Samsung က သူရဲ့ galaxy ဖုန်းတွေမှာ  Linux ကို Application  တစ်ခုတည်းနဲ့ run ဖို့ ကြိုးစားနေပါတယ်။ သိရသလောက်တော့ ဒါဟာ ကွန်ပျူတာမှာ မဟုတ်ဘဲ ဖုန်းမှာ ဒီလိုလုပ်ဆောင်ဖို့ဆိုတာ အကြောင်းပြချက်ကောင်း သင့်မှာမရှိသေးလောက်ပါဘူး။ ဒါပေမယ့် Samsung ကတော့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါပြီ။ ဒါကဘာကိုထုတ်ဖော်ပြနေသလဲဆိုရင် Galaxy ဖုန်းတွေမှာ application တစ်ခုတည်းကိုသာ အခြေခံပြီး သင့်ဖုန်းမှာ Linux ကို run နိုင်မယ်ဆိုတာပါပဲ။ 
ရည်ရွယ်ချက်ကတော့ developers တွေဟာ သူတို့အလုပ်လုပ်တဲ့နယ်ပယ်တွေနဲ့ တစ်ခြားဘယ်နေရာမှာမဆို ဖုန်လေးရှိရုံနဲ့ အဆင်ပြေသွားစေဖို့ပါ။ ဒါက သင့်ရဲ့ Ubuntu or Debian install လုပ်တာမျိုးနဲ့တော့ တူမှာ မဟုတ်ပါဘူး။ Linux ကို Galaxy မှာ app တစ်ခုတည်းနဲ့ လုပ်ဆောင်ဖို့ဆိုတာ သူရဲ့တင်ဆင်မှု လုပ်ဆောင်မှုတွေက Android နဲ့ အလားသဏ္ဍန်တူပါတယ်။ PC သုံးသလို screen ကြီးတွေ keyboard, mouseတွေ မလိုတော့ဘဲ လုပ်ဆောင်နိုင်ပြီပေါ့။ သင့်အနေနဲ့ စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ် အခုချက်ချင်း Galaxy ဖုန်းတွေမှာ သုံးနိုင်သေးမှာမဟုတ်ပါဘူး စမ်းသပ်ပြီး အောင်မြင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတုန်းမို့်ပါ။ Samsung ကတော့ ဒီအကောင်အထည်ကြိုးစားမှုက ပိုမိုကောင်းမွန်ပြီး အသစ်အဆန်းဖြစ်မယ်လို့ တွေးထင်ထားပါတယ် ဟိုးအရင်အရင်ကတည်းက လူတွေက ဖုန်းအစား desktop ကို သုံးနေရကနေ စီးပွားရေးအရာမှာလည်း အဆင်ပြေစေမယ့် နောက်တစ်မျိုးပုံစံအသစ်အဆန်းအဖြစ် မြင်တွေ့ရမှာပါ။
.

0 comments:

Post a Comment