Adsense

OUO Banner

Latest Posts

Python2 Lesson 5


Python  သင်ခန်းစာများကို အသစ်ထည့်ထားပေးသော menu box ကလေးမှတစ်ဆင့် Python for Hacker ကို ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။
အပိုင်း 4 ထိ သင်ခန်းစာတွေကို မကြည့်ရသေးသူများ အောက်ပါ link ကနေလည်း သွားရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ
Lesson 1 ကြည့်ရန် link  >> Click Here
Lesson 2 ကြည့်ရန် link  >> Click Here
Lesson 3 ကြည့်ရန် link  >> Click Here
Lesson 4 ကြည့်ရန် link >> Click Here

........................................
အဆက်
Python Programming
............................
Length Function  အကြောင်း ။
len() နဲ့ အတိုကောက် ရေးရတဲ့ Length Function ဟာ အသုံးဝင်လှတဲ့ ဖန်ရှင်တစ်ခု ဖြစ်ပါတယ်။
စာလုံးရေ ရေတွက်တဲ့ word count တွေကို len() နဲ့ အသုံးပြုပါတယ်။ နမူနာလေး ကြည့်ရအောင်။
>>> x = "I Love Python!"
>>> y = len(x)
>>> y       ပြီးရင် enter ပါ
 14
အဖြေ ၁၄ ကို တန်းထုတ်ပေးသွားပါတယ်။ နည်းနည်း ရှင်းပြပါမယ်။ ပထမဆုံးအနေနဲ့ variable x ကို တည်ဆောက်ပြီး I Love Pytnon! လို့ ပေးခဲ့လိုက်ပါတယ်။
y ကိုတော့ len(x) x မှာရှိတဲ့ စာလုံးအရေအတွက်လို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် y တန်ဖိုး ထုတ်တဲ့အခါ စာလုံးရေကို ထည့်သွင်းထုတ်လိုက်ခြင်းပါ။
စာလုံးရေ ရေတွက်တဲ့အခါ ".." မျက်တောင်ဖွင့်ပိတ်ကြားမှာရှိတဲ့ စာလုံးအရေအတွက်အားလုံးကို ယူပါတယ်။ space ခြားလည်း ထည့်တွက်ပါတယ်။
...............
...............
စာမေးပွဲလေးတစ်ခု စစ်ချင်ပါတယ်။ ကိုယ့်ဘာသာ အမှတ်ပေးရမယ့် စာမေးပွဲပေါ့။ မစစ်ခင်
R1. အထက်ပါ သင်ခန်းစာတိုလေးတွေကို ပေါင်းစပ်ပြီး မိမိဘာသာ လေ့ကျင့်ခဲ့ဖူးပါသလား။ မေးချင်ပါတယ်။
နမူနာအနေနဲ့ သင်ခန်းစာထဲ မပါပေမယ့် ကျွန်တော် လေ့လာခဲ့စဉ်က ပေါင်းစပ် လေ့ကျင့်ဖူးတာလေးတစ်ခု မှတ်မှတ်ရရ ထည့်ပေးလိုက်ပါတယ်။
အထက်ပါ len() ကိုပဲ ပေါင်းစပ်ပြပါ့မယ်။
>>> x = raw_input("Type Here:")
Type Here:Khit Minnyo
နာမည်စာလုံးတွေက ကျွန်တော်ရိုက်ထည့်ရတာပါ။ ဒီနေရာမှာ နှစ်သက်ရာပြောင်းရေးနိုင်ပါတယ်။
>>> y = len(x)
>>> y
 11
ကျွန်တော်ကတော့ ဥပမာလေးပေးခဲ့ပါပြီ။ len()ကို လေ့လာကတည်းက ဘာနဲ့ပေါင်းစပ်ရမလဲ တွေးထားပါတယ်။ ဒါကြောင့် len() အကြောင်း သိဆိုပဲ
အထက်ပါအတိုင်း raw_input နဲ့ စမ်းသပ်လိုက်ပါတယ်။ class  ထဲက fri တွေလည်း အဲလို ပေါင်းစပ် လေ့လာဖူးပါသလားခင်ဗျာ။
..........
..........
စာမေးပွဲမေးခွန်း စပါပြီ။ ကိုယ့်ဘာသာ အမှတ်ပေးရမှာနော်။
Q1. Lessons အမှတ်စဉ်အလိုက် သင်ခန်းစာအားလုံးကို တစ်ခုမကျန် လုပ်ဆောင်ဖူးပါသလား။
     လုပ်ဆောင်ဖူးပါက 1 မှတ်
Q2. lessons များအားလုံးကို ကြည့်ပြီး လုပ်ဆောင်ရုံမက ပြီးဆုံးသည့်အခါ နောက်တစ်ကြိမ် ပြန်မကြည့်ဘဲ အလွတ် လုပ်ဆောင်ဖူးပါသလား။
     လုပ်ဆောင်ဖူးပါက 2 မှတ်
Q3. Lessons များကို အထက်တွင် နမူနာပြခဲ့သလို R1.သင်ခန်းစာတွေကို ပေါင်းစပ်ပြီး မိမိဘာသာ ဖန်တီးဖူးပါသလား။
    လုပ်ဆောင်ဖူးပါက 3 မှတ်
Q4. အားလပ်ရက်များတွင် ပြန်လည်လေ့ကျင့်ခဲ့ဖူးပါသလား။
     လုပ်ဆောင်ခဲ့ဖူးပါက 2 မှတ်
Q5. သင်ခန်းစာ အားလုံး လုပ်ဆောင်ရင်း ပျင်းပြီး မလုပ်ချင် ဖြစ်ဖူးပါသလား။ စိတ်ပါဝင်စားစွာ လုပ်ဆောင်ခဲ့ပါက 2 မှတ်။ စိတ်မပါသော်လည်း မိမိလေ့လာမှု အကျိုးရှိစေဖို့
   အာရုံစိုက် လုပ်ဆောင်ပါက 2 မှတ်။ အချို့ သင်ခန်းစာတွေကို ဖတ်ရုံပဲ ဖတ်ကြည့်ပြီး မလုပ်ဆောင်ဘဲ ချန်ခဲ့ပါက 1 မှတ်။
................
စာမေးပွဲမေးခွန်းလေးတွေတော့ ပြီးပါပြီ။ မိမိကိုယ်ကိုယ် မိမိသာ အသိဆုံးမို့ အမှန်အတိုင်း အမှတ်ကလေးတွေကို comment မှာ ပြောပြခဲ့ပေးပါဦး။
.........
သင်ခန်းစာပိုင်းကို ထပ်ဆက်ရအောင်ပါ။
len() function ကို မှတ်မိသေးတယ်မို့လား။ မမှတ်မိသေးရင်လည်း ပြန်ပြောပြမယ်။
>>> x = "I Love Python!"
>>> y = len(x)
>>> y
 14
ဒီပုံစံမျိုးကိုပဲ word count အတွက်ပဲ အမြန် အသုံးလိုတဲ့အခါ တိုက်ရိုက် သုံးလို့ ရပါသေးတယ်။
>>> x = len("What is your name?")
>>> x
>>> 18
ရေတွက်မယ့် စာတန်းကို len() ထဲ တိုက်ရိုက် ထည့်သွင်းလိုက်တာပါ။
..........
...........
python file လေးတွေ ရေးပြီး save ဖို့ အကြောင်း ဖွင့်သုံးဖို့အကြောင်း နည်းနည်း သင်ပါမယ်။
နည်းနည်းဆိုပေမယ့် များများ မှတ်ထားပြီး ပေါင်းစပ် လေ့လာဖို့ကတော့ မိမိဘာသာ ကြိုးစားရမှာနော် :)
leafpad ကိုဖွင့်ပါ။ (Terminal ကနေ leafpad လို့ ရိုက်ပြီး enter ရင်လည်း ရပါတယ်။)
leafpad ကလေး ပွင့်လာပြီဆိုရင်တော့ အောက်ပါလိုင်းကလေးတွေကို ရိုက်ထည့်လိုက်ပါ။
name = raw_input("Enter your name.")
print name
ပြီးတဲ့အခါ lesson1.py ဆိုတဲ့ အမည်နဲ့  desktop မှာ သိမ်းလိုက်ပါ။ Save ပြီးတဲ့အခါ terminal အသစ်ဖွင့်ပြီး
cd Desktop
python lesson1.py ဆိုပြီး ဖွင့်ကြည့်တဲ့အခါ  Enter your name ဆိုပြီး မြင်ရပါမယ်။ နာမည်တစ်ခုခု ရိုက်ထည့်လိုက်ပါ။
ကိုယ်ထည့်လိုက်တဲ့ နာမည်ကို print ပြပေးမှာဖြစ်ပါတယ်။
ဒါကတော့ ကျွန်တော်တို့က linux မှာ run ကြည့်လိုက်လို့ပါ။ အဲသည်ဖိုင်ကိုပဲ ကော်ပီယူ။ Windows ဘက်ကနေ ဝင်လို့ရတဲ့ နေရာတစ်ခုခုမှာ
memory stick (or) other location  တစ်ခုခုရွေးပြီး ကူးထားလိုက်ပါ။ windows ဘက်ကနေ ဝင်ကြည့်ပြီး Double Click နှိပ်ပြီး RUN
ကြည့်ရင် ဘာထူးခြားတာ တွေ့ရပါမလဲ??????????
linux terminal မှာ RUN နေရင်းနဲ့လည်း သတိထားလို့ရပါတယ်။ ဘယ်လိုလဲဆိုရင် နာမည်ဖြည့်သွင်းပြီး enter လိုက်တာနဲ့ ဖြည့်သွင်းလိုက်တဲ့ နာမည်ကို
ပရင့်ထုတ်ပြပြီး ချက်ချင်းဆိုသလို နောက်တစ်လိုင်း ကူးသွားတာကို တွေ့ရမှာပါ။
root@kmn:~/Desktop# python lesson1.py
Enter your name.khitminnyo
khitminnyo
root@kmn:~/Desktop# နောက်ထပ် command line ကို ရောက်သွားတာပါ။ ခုန စမ်းခဲ့တဲ့ lesson1.py ပြီးသွားပြီဆိုတဲ့သဘော။
windows ဘက်မှာဆိုရင်တော့.........
နာမည် ရိုက်ထည့်ပြီးတာနဲ့ cmd ပါ ပျောက်သွား  (program  ပိတ်သွား) တာကို တွေ့ရပါလိမ့်မယ်။
အဲဒါ ဘာကြောင့်လဲဆိုရင်တော့ program ကို ခဏ ရပ်ပေးမယ့် ကုဒ် မထည့်ထားလို့ ဖြစ်ပါတယ်။
ပရိုဂရမ်ကို ခဏ ရပ်တန့်နေအောင် ကုဒ် ထပ်ဖြည့်ဖို့ လိုပါပြီ။ ခုန lesson1.py ကိုပဲ leafpad  ကနေ ပြန်ဖွင့်ပါ။
မဖွင့်တတ်ဘူးလား။ Desktop က lesson1.pyဆိုတဲ့ဖိုင်ဆီသွား Right-click နှိပ်။ Open with text editor ဆိုပြီး တွေ့လိမ့်မယ်။ ထိပ်ဆုံးမှာပဲ။
ဖွင့်ပြီးသွားရင် ခုန စာ ၂ကြောင်းအောက်မှာ နောက်တစ်ကြောင်း ထပ်ဖြည့်ကြည့်ပါ။
name = raw_input("Enter your name.")
print name
raw_input("Press enter.")
ခုတော့ ဒီလိုဖြစ်သွားပါလိမ့်မယ်။ ဘာထူးခြားသွားလဲကြည့်ကြည့်။
terminal ကနေ run ရင်လည်း Press enter တစ်လိုင်း ထည့်ထားတဲ့အတွက် နာမည် ရိုက်သွင်းလိုက်ရုံနဲ့ နောက်တစ်လိုင်း ရောက်မသွားသလို windows ဘက်နေ run ရင်လည်း press enter ဆိုတဲ့တစ်လိုင်း ကျန်ခဲ့မှာဖြစ်ပြီး enter နှိပ်လိုက်ပါမှ program ရပါပါမယ်။
..............
..............
>>> name = raw_input("Enter your name:")
Enter your name:KhitMinnyo

>>> print "\n The length of your name is", len (name)
 The length of your name is 10

>>> raw_input ("Press Enter")
Press Enter
တစ်လိုင်းစီအတွက် အဖြေပါ ထုတ်ထားတာ တွေ့ရပါမယ်။
အထက်ပါ နမူနာကိုပဲ leafpad မှာ ရိုက်ကြည့်ပြီး Save လိုက်ပါ။ ရိုက်တဲ့အခါ အနီရောင်နဲ့ ပြထားတာတွေက output မို့ ထည့်မရိုက်ရဘူးနော်။ အထက်ပါ နမူနာကို ရိုက်တဲ့အခါ ဒီအတိုင်းဖြစ်နေပါမယ်။
name = raw_input("Enter your name:")
print "\n The length of your name is", len (name)
raw_input ("Press Enter")
ဒီတိုင်းရိုက်ပြီးရင် save ပါ။ နာမည်က lesson2.py ပေါ့။ ခုနဖိုင်နဲ့ မတူအောင် Desktop မှာပဲ ထားထားလိုက်။
ကဲ စပြီနော်
.......
name = raw_input("Enter your name:")
print "\n The length of your name is", len (name)
raw_input ("Press Enter")
ဒါကတော့ leafpad မှာ ရိုက်ရတဲ့ line code တွေပါ။ Save တဲ့အခါ lesson2.py အမည်နဲ့ Save လိုက်ပါတယ်။ ပြီးရင် terminal ဖွင့်ပြီး အောက်ပါအတိုင်း RUN လိုက်ပါတယ်။
....
root@kmn:~# cd Desktop
root@kmn:~/Desktop# python lesson2.py
Enter your name:Khit Minnyo နာမည်ရေးပြီး enter လိုက်ပါတယ်

 The length of your name is 11  စာလုံးရေ အရေအတွက်ကို ထုတ်ပြလာပါတယ်။
Press Enter ပရိုဂရမ် ချက်ချင်း ပိတ်မသွားအောင် ထားထားတဲ့ ကုဒ်ပါ
root@kmn:~/Desktop# Enter နှိပ်လိုက်လို့ နောက်တစ်လိုင်း ကူးသွားပါတယ်။
...............
...............
ဖိုင်တွေ မွမသွားအောင် ဒုတိယ lesson2.py ကိုပဲ Edit ပြန်လုပ်ပြီး ထပ်ဖြည့်ကြည့်ရအောင်။
ခုန ပြောခဲ့တဲ့အတိုင်းပဲ ဖိုင်ကို R-click နှိပ်ပြီး Open with text editor နဲ့ပဲ ဖွင့်ကြည့်လိုက်ပါ။
အောက်ဆုံးကြောင်းမရောက်ခင် ထပ်ဖြည့်မှာမို့ ဒုတိယကြောင်းနောက်ဆုံးမှာ ကာဆာချပြီး enter ဆင်းလိုက်ပါ။
ဖြည့်ရေးပြီးသားပုံစံကိုပဲ တစ်ခါတည်း ပြောတော့မယ်နော်။
...
name = raw_input("Enter your name:")
print "\n The length of your name is", len (name)
if "n" in name:
    print "There is 'n' letter in your name."
else:
    print "There is no 'n' letter in your name."
raw_input ("Press Enter")
ပြီးရင် ဖိုင်ကို Save လိုက်ပြီး Terminal  ကနေ  RUN လိုက်ပါဦး။
n နဲ့ ရှာခိုင်းထားတာမို့ n ပါတဲ့ နာမည်နဲ့ မပါတဲ့ နာမည် ၂မျိုးနဲ့ စမ်းကြည့်ပါ။ နမူနာကို အောက်မှာ ဖော်ပြထားပါတယ်။
root@kmn:~# cd Desktop
root@kmn:~/Desktop# python lesson2.py
Enter your name:Khit Minnyo

 The length of your name is 11
There is 'n' letter in your name.
Press Enter
ပထမတစ်ကြိမ် ဖြည့်သွင်းတဲ့ နာမည်မှာ  n ပါတဲ့အတွက် အဖြေပါ။ terminal မှာပဲ နောက်တစ်ကြိမ် ပြန် run ပါ။
root@kmn:~/Desktop# python lesson2.py
Enter your name:Mg Mg

 The length of your name is 5
There is no 'n' letter in your name.
Press Enter
ဒုတိယ ဖြည့်သွင်းတဲ့ နာမည်မှာ n မပါပါဘူး။
n ပါ မပါဆိုတာကို if else နဲ့ ရေးထားတာပါ။ if else ကို သိပြီးပြီနော်။
..........
..........
Python သင်တာ ၅ပိုင်းတော့ ရှိလာပြီ။ ဘာ ပရိုဂရမ်တွေကို ရေးနိုင်နေပြီလဲ။။။။။။။
မရေးတတ်သေးဘူးလို့ မဖြေပါနဲ့။ ဒီလိုဖြေရင် သင်ခန်းစာကို လက်တွေ့ အသုံးမချဘူးလို့ အဖြေ သက်ရောက်ပါတယ်။ ခုလောက်ပဲ သိတဲ့အနေအထားနဲ့တင် program တွေ ရေးလို့ရနေပါပြီ။
ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ ထင်နေပြီလား????
.........
ကောင်းပြီ ပရိုဂရမ်ကလေးတစ်ခု ရေးရအောင်ပါ။ ထောင့်မှန်စတုဂံ တစ်ခုရဲ့ ဧရိယာ ရှာတဲ့ ပရိုဂရမ်တစ်ခုပေါ့။
:) ကျောင်းမှာ သင်ခဲ့ဖူးတဲ့ထဲက လွယ်တာလေးပဲ နမူနာပြတာပါ။
သူ့ရဲ့ ဖော်မြူလာလေးက
ဧရိယာ = အလျား x အနံ
ဟုတ်ပါတယ်နော် :)
lenght = x, width =y, area = z လို့ ထားပြီး နမူနာ ရေးပြမယ်။ ပြန်လုပ်ရင် ထားချင်တဲ့စာလုံးထားနော် 
အောက်ပါ ဖိုင်ကလေးကို leafpad မှာ ရေးပြီး Desktop မှာပဲ  area.py ဆိုပြီး သိမ်းလိုက်ပါ။
..........
print "Area of the rectangle in square cm"
x = input("Enter the length of the ractangle, in cm.")
y = input("Enter the width of the ractangle, in cm.")
z = x * y
print z
print "square cm"
raw_input("Press Enter to exit")
..........
ပြီးရင် Terminal ကနေ
root@kmn:~# cd Desktop
root@kmn:~/Desktop# python area.py ဆိုပြီး ဖွင့်လိုက်ပါတယ်။
Area of the rectangle in square cm ဒါကတော့ ပရိုဂရမ် ခေါင်းစဉ်အနေနဲ့ ဖော်ထားတာပါ။
Enter the length of the ractangle, in cm.12 (၁၂က ကျွန်တော်ဖြည့်လိုက်တာ)
Enter the width of the ractangle, in cm.5 (ဒါရောပဲပေါ့)
60    အလျား x အနံမို့ ၁၂ ငါးလီ ခြောက်ဆယ် အဖြေ ရပါပြီ
square cm   ဧရိယာမို့ ယူနစ် ၂ထပ် ထွက်သွားပါတယ်။ အဆင်ပြေရဲ့လားခင်ဗျ
........
.........
ကျွန်တော်တို့ ဒါလေးတွေ ဖန်တီးကြည့် ရေးကြည့်တာ သင်ခန်းစာထဲ မသင်ခဲ့ရဘူးခင်ဗျ။
လေ့လာနည်းတွေထဲမှာ ဖော်ပြခဲ့သလိုပဲ သင်ခန်းစာကြည့် လိုက်လုပ် ရအောင်လုပ် ပြန်မကြည့်ရအောင်လုပ် ပြီးရင် တစ်ခုနဲ့တစ်ခု ဆက်စပ်စဉ်းစား။
ခုလို ပရိုဂရမ်လေးတွေကို လွယ်လွယ်ရေးနိုင်နေပြီ။ ထပ်ပြီး တွေးကြည့်နိုင်ရင် ဒီ့ထက်ကောင်းတာလေးတွေတောင် ရေးနိုင်လာပါလိမ့်မယ်ခင်ဗျ။
ဒါက ဥပမာပေးရုံလေးပါ။
.............
..............
ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်လောက်ပြီခင်ဗျ
လေ့ကျင့်ဖို့နဲ့ တစ်ခုခု ဆက်စပ် စဉ်းစားဖို့အတွက်ဆို အချိန် ၂နာရီကျော် လုပ်ရတော့မယ်။
နည်းနည်းတော့ အားတင်းထားမှ :)

Lesson 6 ကြည့်ရန် ဒီနေရာကို နှိပ်ပြီးသွားပါ
.........................................

ဒီ websiteကလေးမှာ တင်ထားတဲ့ အကြောင်းအရာတွေကို ကဏ္ဍအလိုက် ကြည့်ရှုလိုပါက ဒီစာကြောင်းလေးကိုနှိပ်ပြီးလည်း ကြည့်နိုင်ပါတယ် Menu box ကနေ ရွေးချယ်ပြီးလည်း ကြည့်နိုင်ပါတယ်ခင်ဗျာ


အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ

Khit Minnyo
25 October, 2017






No comments