Adsense

OUO Banner

Latest Posts

Python2 Lesson 1


Python Programming
.
Python မှာ Python2 နဲ့ Python3 ဆိုပြီး မတူညီတာလေးတွေ ရှိပါတယ်။ Hello world! ကို print ထုတ်ရင်တောင် Python 3 မှာက မတူတာရှိပါတယ်။ ဥပမာပုံလေးနဲ့ ပြပါ့မယ်။

ပုံမှာကြည့်ရင် Python2 မှာသုံးတဲ့ print ပုံစံကို pyhon 3 မှာ သုံးလို့ မရပေမယ့် python 3 က print ပုံစံကိုတော့ Python2 မှာ သုံးလို့ ရတာကိုတွေ့ရပါတယ်။ ဒါတွေ နောက်ပိုင်းမှ ဆက်ဆွေးနွေးရအောင်ပါ။ ခုတော့ Python2 တွေကိုပဲ နမူနာ သုံးပြသွားပါမယ်။
Python တွေကို စမ်းသပ်ရေးနိုင်ဖို့အတွက် Kali Linux မှာဆိုရင်တော့ Python2 & 3 install ပြီးသား ဖြစ်ပါတယ်။ Terminal မှာ python လို့ ရိုက်ခေါ်လိုက်ရင် python2 ကို အသုံးပြုနိုင်မှာဖြစ်ပြီး Terminal မှာ python3 လို့ ရိုက်ခေါ်လိုက်ရင်တော့ Python3 ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Python အတွက် idle application မှာ အသုံးပြုချင်ရင်တော့ Kali Linux မှာ
apt install idle
apt install idle3
ဆိုပြီးရိုက်သွင်းနိုင်ပါတယ်။ idle is for Python2 & idle3 is for Python3 ပါ။
.
Windows မှာတော့ "ဒီနေရာကိုနှိပ်ပြီးသွားဒေါင်းနိုင်ပါတယ်"

               Python2 & 3 သက်ဆိုင်ရာအလိုက် ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ စတင်သုံးလို့ ရပါပြီ။
Windows မှာ idle သုံးချင်ရင်တော့ Python တင်စဉ်ကတည်းက idle က ပါပြီးဖြစ်ပါတယ်။ Python 2 တင်ပြီးပြီဆိုရင်တော့ C:\Python27\Lib\idlelib\idle.bat ဖိုင်ကို ဖွင့်လိုက်ရုံပါပဲ။ Shortcut ထုတ်ထားပြီး Desktop ပေါ် တင်ထားရင်တော့ နောက် အလွယ်တကူ ဖွင့်နိုင်တာပေါ့

ဒါကတော့ Windows မှာ မြင်တွေ့ရမယ့် IDLE နဲ့ python2 ကို ယှဉ်တွဲ ပြထားတာပါ
.

Python2 နှင့် IDLE ကို Kali Linux မှာ ယှဉ်တွဲပြထားတာပါ
.
ဒီနှစ်ခုလုံးရှိမှ သုံးလို့ရတယ်လို့ မပြောဘူးနော်။ (Windows မှာတော့ နှစ်ခုလုံး တစ်ပြိုင်နက်တည်း ပါပါတယ်) Kali Linux မှာတော့  command line မှာတော့ Build in အနေနဲ့ အသုံးပြုနိုင်ပြီး IDLE  သုံးချင်ရင်install ဖို့ လိုအပ်ပါတယ်
နည်းနည်း ရှည်လျားသွားပြီ။ ဒီနေ့ သင်ခန်းစာလေး နည်းနည်း ပေးခဲ့မယ်။ လေ့လာကြည့်နိုင်အောင်ပေါ့
.
Maths ဆိုင်ရာ သင်ခန်းစာများ
....
ခေါင်းစဉ် တွေ့လိုက်လို့ လန့်သွားမှာလည်း ကြောက်ရသေးတယ် :)😁😁
ကျောင်းမှာတောင် သင်္ချာတွေ မတွက်ချင်လို့ ဂုဏ်ထူးရအောင် မလုပ်ခဲ့တာ ခုမှ လုပ်ရပြီဆိုပြီး မတွေးပါနဲ့နော် 😅😅
Python မှာ သင်္ချာတွေ တွက်ရတာ Calculator နဲ့ တွက်ရသလို လွယ်ကူပါတယ်
.
ပေါင်း +
နုတ် -
မြှောက် *
စား / ဆိုတဲ့ သကေဿငတတွေ သုံးပြီး တွက်ရတာ လွယ်ပါတယ်။
ပုံမှန် အပေါင်းအနုတ်အတွက်တော့ python ထဲမှာ
1+1
2+3
 စသည်ဖြင့် ရေးပြီး enter လိုက်ရုံနဲ့ အဖြေပါ ပူးတွဲတွေ့မြင်ရမှာဖြစ်ပါတယ်။
အနုတ် အမြှောက် စတာတွေလည်း ထို့အတူပါပဲ
5-2
6*3
စသည်ဖြင့် လိုရာကို တိုက်ရိုက်တွက်နိုင်ပါတယ်။
နည်းနည်းလေး အခက်အခဲရှိလာတာက အစား ပါ  (အစားအစာ စားတာကို မပြောဘူးနော် 😇😇😇 )
10/2
Enter လိုက်ရင် အဖြေက ရှင်းပါတယ်။ 5 ပေါ့။ စားလို့ ပြတ်တာကိုး။ 11/2 လို့ ရေးပြီး enter ကြည့်ပါဦး။
5 ပဲ။ ဒါဆို အဖြေမှားနေပြီလား။ ဒဿသမ ကိန်းတွေ ဘာလို့မပါလဲ။ ပါစေချင်ရင် လွယ်ပါတယ်။ တည်ကိန်းမှာဖြစ်စေ စားကိန်းမှာဖြစ်စေ
.0 ဒါမှမဟုတ် . ကို ထည့်သွင်းလိုက်ရုံပါပဲ။ ဥပမာ - 11.0/2 ဒါမှမဟုတ် 11./2 ဒါမှမဟုတ် 11/2.0 ဒါမှမဟုတ် 11/2. ဆို ရပါပြီ။ လေးမျိုးလုံး စမ်းကြည့်လိုက်နော်။
.
ဟုတ်ပြီ စားတာတွေ ရပြီ လို့ မထင်ပါနဲ့ဦး။  အစားက အတော်ကို ရှုပ်သဗျ။ 10 ကိုတည်ပြီး 3 နဲ့ စားကြည့်။
10/3 ဒီလိုရေးရင် 3 ပဲ ရမယ် သိပြီးပြီ။
ခုနပြောတဲ့နည်းတွေနဲ့ စားကြည့်ရအောင် (နည်းတွေထဲက တစ်ခုခုပေါ့)
10.0/3
ဟော တွေ့ပါပြီ။ 3.3333333333333335 အဖြေရပြီ။ ကိန်းတန်းက အရှည်ကြီးပဲ။ ရှည်မှာပေါ့ တစ်သက်လုံးထိုင်တွက်လည်း ပြီးမှာမှ မဟုတ်တာ။
ဒီလို ရေးပြီး enter ကြည့်ရအောင်။
round (10./3,2)
enter ကြည့်။ Decimal ၂နေရာပဲ ယူပြီး အဖြေထုတ်ပေးတာ တွေ့လိမ့်မယ်။
round နဲ့ (...) ကြား space ခြားရပါတယ်။ နောက်မှာ ကပ်လျက် comma two (,2) ထည့်လိုက်တာက ဒသမ ၂နေရာယူမယ်လို့ ပြောတာပါ။
ဒါလောက်ဆို သဘောပေါက်လောက်ပါပြီ။ အစား ကို ထားခဲ့လို့ ရပြီ        လို့ မထင်ပါနဲ့ဦး။
(တော်တော်လည်း ရှုပ်တဲ့ အစားပါလားနော်  😋😋😋 )
.
ရှုပ်ဆို အပေါင်း အနုတ် အမြှောက်တွေလို အဖြေတစ်ခုပဲ ရှိတာမဟုတ်ဘဲ တည်ကိန်း စားကိန်းအပြင် စားလဒ်နဲ့ အကြွင်းပါ ပါနေတာကိုး။
10/3 ဆိုပါတော့ 3 x 3 = 9 ဆိုတော့1 ကြွင်းတာပေါ့။ အဲသည် အကြွင်း ကို တွက်ချက်ရာမှာ ထည့်သွင်းတွက်ချင်ရင်တော့
% ကို / နေရာမှာ ထည့်သွင်းအသုံးပြုရပါမယ်။ ဥပမာ -
10%3
13%6
စသည်ဖြင့်ပေါ့။  အစားအကြောင်းတော့ တော်လောက်ပါပြီ။
ပါဝါတွေအကြောင်း ဆက်ရအောင်ပါ။
..
Power Exponent အကြောင်းလေးဆက် ရအောင်။
သင့်လက်ထဲမှာ calculator တစ်လုံး ကိုင် ထားတယ်ဆိုပါတော့။
5 သုံးထပ် ကို လိုချင်ရင် သင် ဘာလုပ်မလဲ။
5*5*5 လို့ တွက်မှာပေါ့။ အဲသလိုပဲ Python မှာလည်း 5*5*5 enter လိုက်တာနဲ့ အဖြေ ရမှာပါ။
ကောင်းပြီ 5 ဆယ်ထပ် ဆိုပါစို့။ Calculator မှာ ဆယ်ခါ မြှောက်ရတော့မယ်။ Python မှာလည်း ဆယ်ခါ မြှောက်ရတော့မယ်။
နည်းနည်းတော့ စိတ်ညစ်စရာ ကောင်းသွားပြီ။ ဒါဆို 5 အထပ် 50 မြှောက်မယ်ဆိုပါစို့။
???????????????
Python မှာကတော့ ဒီနည်းကို အလွယ်ကလေးပဲ ဖြေရှင်းပေးနိုင်ပါပြီ။
ကဲ 5 အထပ်၅၀ လိုချင်ပြီ ဆိုပါစို့။
5**50 enter လိုက်တာနဲ့ ရပါပြီ။
2**10 ဆိုရင်တော့ ၂ ဆယ်ခါ မြှောက်လို့ရတဲ့ ဆယ်ထပ် အဖြေကို ပေးပါလိမ့်မယ်။
OK, ဒီနေရာမှာ မှတ်ရမှာက ရှေ့က တည်ကိန်း ** အမြှောက်သကေဿငတ ၂ခုပ်ထပ်တာက ထပ်ကိန်းဆိုတဲ့ အဓိပဿပါယ်
နောက်က ကိန်းကဏန်းက ဘယ်နှထပ်ဆိုတာကို ပြတယ်
ဒီလောက်ဆို ကျန်တဲ့ ကိန်းတွေကို တွက်ထုတ်လို့ ရလောက်ပြီ ထင်ပါတယ်။
.
အပော်က အပိုင်းလေးတွေမှာ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်လာခဲ့တယ်လို့ ယူဆပါတယ်။
ဒီတစ်ခါ နည်းနည်း ပိုပြီး အာရုံစိုက်ရမှာလေးတွေကို ပြောပါ့မယ်။
Variables လေးတွေ တည်ဆောက် အသုံးပြုဖို့ပါ။
Variable ဆိုတာ အရပ်စကားနဲ့ အလွယ်ဆုံး ပြောပြရရင် သိုလှောင်ကန်လေးတွေလို့ ဆိုလို့ရပါတယ်။
ဥပမာလေး ပေးရအောင်
x=4
y=6
ဆိုပြီး python မှာ ရေးကြည့်ပါ။ တစ်ကြောင်းပြီးရင် enter ဖို့ မမေ့ပါနဲ့နော်။
x ကို ၄ yကို ၆လို့ သတ်မှတ်ပြီးပြီမို့ တွက်ကြည့်ကြမယ်။ နောက်တစ်ကြောင်းမှာ
x=y ရိုက်ပြီး enter ကြည့်ပါ။ အဖြေ ၁၀ ထွက်လာပါမယ်။
နောက်တစ်ကြောင်း အနေနဲ့
x*2
x*y
x**2
x**y
စတာတွေကို ရိုက်ကြည့်ပါ
x*2 မှာ 4*2=8 ဆိုတဲ့အဖြေကို ပေးပါလိမ့်မယ်။
x*y မှာတော့ 4 ခြောက်လီ မို့ 24 ရမှာပါ။
x**2 မှာတော့ x ၂ထပ်မို့ လေးလေးလီ 16 ရမှာပါ။
x**y နေရာမှာ သူတို့ရဲ့ တန်ဖိုးတွေကို ထည့်သွင်းကြည့်ရင် 4**6 မို့ လေး ခြောက်ထပ်
လေး ခြောက်ခါ မြှောက်တဲ့ အဖြေ ရပါမယ်။
ဒီလောက်ဆို သဘောပေါက်လောက်ပြီထင်ပါတယ်။
ကွန်ပျူတာက x=4 နဲ့ y=6 လို့ အပော်မှာ ပေးခဲ့တဲ့ တန်ဖိုးတွေကို ပုံသေ မှတ်သားထားပါတယ်။ အောက်က ဖော်မြူလာတွေထဲမှာ မူလ တန်ဖိုးတွေ
(သူ မှတ်ထားတဲ့ တန်ဖိုးတွေ) ကိုထည့်သွင်း တွက်ချက်သွားတာပါ။ ပထမဆုံးအနေနဲ့ x နဲ့ y တို့ရဲ့ တန်ဖိုးကို သိုလှောင်ထားခြင်းက variable ရဲ့
အဓိက သဘောတရားပါ။ variable ကို ကိန်းဂဏန်းတွေအတွက်သာမက စာသားတွေအနေနဲ့လည်း ထည့်သွင်း တွက်ချက်နိုင်တာကြောင့်
variableရဲ့ အရေးပါမှုက အလွန်အရေးကြီးတဲ့ နေရာမှာ ရှိပါတယ်။

.
အထက်မှာ ဖော်ပြခဲ့တာတွေက variable ကို ကိန်းတွေအနေနဲ့သာ ပြခဲ့တာပါ။ စာသားနဲ့ ဖော်ပြတဲ့အခါ "..." သကေဿငတကို အသုံးပြုနိုင်ပါတယ်။
Assignment Operator လို့ ခော်ပါတယ်။ နမူနာလေး ကြည့်ရအောင်
python ထဲမှာပဲ စမ်းသပ်ကြည့်ပါ။
...
name= "KMN"
name = 'KMN'
အထက်ပါပုံစံ ၂မျိုးလုံး အသုံးပြုလို့ရပါတယ်။ အထက်ပါအတိုင်း variable တည်ဆောက်ပါက ကွန်ပျူတာက name ကို မှတ်ထားမှာဖြစ်ပါတယ်။
အောက်မှာ +-*/ တွေ တွက်နေကြည့်ပါ။ အတော်ကြာမှ  name လို့ရိုက်ပြီး enter ကြည့်ပါ။ ခုန မှတ်ထားခဲ့တဲ့ name ပြန်ကျလာပါလိမ့်မယ်။
ဒါက variables တွေရဲ့ အလုပ်လုပ်ပုံပါပဲ။
variables တည်ဆောက်ရာမှာ သတိပြုရန်
variables တွေကို သတ်မှတ်ရာမှာ ရှေ့မှာ ကိန်းတွေထည့်ပြီး မလုပ်ရ
e.g.
2x=4 လို့ မသတ်မှတ်ရ
x=4 , x=2 ဟုသာ သတ်မှတ်ရမည်
7name ဟု မသတ်မှတ်ရ
name = ဟုသာ သတ်မှတ်ရမည်။
Variables  တွေရဲ့ နောက်မှာတော့ ကိန်းဂဏန်း ထည့်သွင်းသတ်မှတ်နိုင်ပါသည်။
e.g.
name1= 'Ko Ko'
name2= 'Mg Mg'
name3= 'Aung Aung'
hacker1= 'Zaw Zaw'
စသည်ဖြင့်ပေါ့။
!@#$%^&*(),. စတဲ့ သေကဿဿငတေတြကို ဿဿဿvariable မွာ ထည့္မသံုးရပါ။ ဥပမာ - name#, name@ , စသည်ဖြင့် လုံးဝ မသုံးရ။
ဒီလောက်ဆိုရင်တော့ သဘောပေါက်မယ်လို့ ယူဆပါတယ်။
ဆက်ကြဦးစို့ဗျာ။
.
User Inupt Function in Variables

User Input Function ဆိုတာကတော့ user ကို ဖြည့်သွင်းသတ်မှတ်ခိုင်းတဲ့ variables မျိုးပါပဲ။
python မှာပဲ ရိုက်မယ်နော် :)
.....
x = input("Enter your first number.")
.......
အထက်ပါ စာကြောင်းကို ရေးပြီး enter တဲ့အခါ  Enteryour first number. ဆိုပြီး စာပော်လာပါမယ်။ ကိန်းဂဏန်း တစ်ခုခု
ထည့်ကြည့်ပါ။ ပြီးရင် enter ပေါ့။
ဒုတိယ စာကြောင်း
....
y = input("Enter your second number.")
.....
 ဆက်ရိုက်ပြီးတဲ့အခါ ဒုတိယကိန်းကို ဖြည့်ပြီး enter လိုက်ပါ။
အောက်မှာ
x+y
x-y
x*y
x/y
x**y
x+2
စသည်ဖြင့် တွက်ချက်မှုတွေ လုပ်နိုင်ပါပြီ။ ဒီအချက်ကလေး နှစ်ခုကို အခြေခံပြီး အများကြီး ထပ်လုပ်ကြည့်နိုင်ပါတယ်။
..
Lesson 2 (coming soon)


ဒီ Website မှာ တင်ထားတဲ့ အကြောင်းအရာတွေကို Menu အလိုက် ကြည့်ရှုနိုင်ရန်အတွက် ဒီနေရာကို နှိပ်ပြီး သွားရောက် ရွေးချယ်နိုင်ပါတယ်ခင်ဗျာ

.
အားလုံး အဆင်ပြေကြပါစေ

Khit Minnyo

2 comments:

  1. Python2 lesson 2
    တင်​​ပေးပါ

    ReplyDelete
    Replies
    1. နေ့စဉ် တင်ပေးနိုင်ဖို့ ကြိုးစားသွားမှာပါခင်ဗျ

      Delete