Kali Linux မှာ Versions တစ်မျိုးတည်း အတူတူမှာတောင် ဘာလို့ အများကြီး ကွဲနေရတာလဲ
ခေါင်းစဉ်ပါ မေးခွန်းမျိုးကို မေးတဲ့သူတွေ ရှိနေတာကြောင့် ဒီ article ကို ရေးသင့်တယ်ထင်လို့ ရေးလိုက်ပါတယ်။
Kali Linux ကို Debian Linux ပေါ် အခြေတည်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Command Line Interface ကနေ ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်တဲ့ ပုံစံ Graphical User Interface ကို ဖော်ဆောင်လာရာမှာ ယနေ့ ကျွန်တော်တို့ တွေ့နေသိနေကျ ပုံစံတွေ ဖြစ်လာပါတယ်။
အဲသည်မှာ အဓိက ပြောချင်တာက Kali Linux 2017.1 , Kali Linux 2017.2 အချင်းချင်း အတူတူချင်း အမှာတောင်
Kali Linux (32/64 bit)
Kali Linux Light (32/64 bit)
Kali Linux e17 (32/64 bit)
Kali Linux KDE (32/64 bit)
Kali Linux KDE (32/64 bit)
Kali Linux Mate (32/64 bit)
Kali Linux Xfce (32/64 bit)
Kali Linux LXDE (32/64 bit)
Kali Linux armhf (32/64 bit)
Kali Linux armel (32/64 bit)
ဆိုပြီး တွေ့ရတော့ Kali Linux Version 2017.2 ဆိုပါတော့။ အဲသည် ဗားရှင်း တစ်ခုတည်းမှာတင်ကို 9 မျိုး (32/64 bit) ပေါင်းရင် 18 မျိုး ဖြစ်နေတော့ ကျန်တာတွေက ဘာတွေလဲဆိုပြီး သိချင်စိတ်နဲ့ စပ်စုလာကြတာ ပါ။
.
Kali Linux Light (32/64 bit) ကို သုံးချင်တယ်။ သူက ဒေါင်းရတာလည်း file size သက်သာတယ်။ အဆင်ပြေပါ့မလား လို့ မေးလာသူလည်း ရှိပါတယ်။
Light Version က အလွယ်ဆုံးပြောရရင် OS အခွံချည်းသက်သက်ပါ။ အထဲမှာ ဘာမှ မပါသေးပါဘူး။ သင်က linux ကို ကျွမ်းကျင်လွန်းနေတဲ့သူ/ မိမိလိုချင်တဲ့ app တွေ tool တွေကို မိမိဘာသာ ထည့်သွင်းနိုင်တဲ့သူ/ လိုအပ်ရင် ပြန်ပြင်ရေးနိုင်မယ့်သူ ဆိုရင်တော့ Light Version ကို အသုံးပြုနိုင်ပါတယ်။ No problem ပါ။ အဲလိုမဟုတ်ဘူး tool တွေ ပါစေချင်တယ်ဆိုရင်တော့ အဲဒါက သင်နဲ့ မသက်ဆိုင်ဘူးလို့ပဲ သဘောထားလိုက်ပါဦး
.
ပင်မ မေးခွန်းလေးကို ဖြေကြည့်ရအောင်
Kali Linux မှာ Versions တစ်မျိုးတည်း အတူတူမှာတောင် ဘာလို့ အများကြီး ကွဲနေရတာလဲ
ကျွန်တော်တို့ကိုင်နေကျ Android ဖုန်းလေးတွေမှာ Theme လေးတွေ Launcher လေးတွေ ပြောင်းလိုက်တဲ့အခါ ဖုန်းရော ဗားရှင်းရော အထဲမှာနေတဲ့ software တွေရော ပြောင်းလဲခြင်း မရှိဘဲနဲ့ မြင်ရတဲ့ပုံစံတွေကတော့ ပြောင်းလဲသွားကြပါတယ်။ ခု Kali Linux မှာလည်း အဲသည်သဘောနဲ့ နီးစပ်ပါတယ်။ Kali Linux version တစ်ခုတည်းမှာတောင် Theme အစုံနဲ့ မတူညီတဲ့ ဒီဇိုင်းနဲ့ ဖော်ပြတာတွေခြင်း ကွာဟမှုသာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာ Theme ကို သုံးနိုင်တယ်ဆိုပါတော့။
Kali Linux မှာကျတော့ အဲသည်ထက် ပိုလာတာ နည်းနည်းတော့ရှိပါတယ်။ ဘာလဲဆိုရင် RAM စားသုံးမှု ပါ ကွာသွားခြင်းပါ။
ကျွန်တော်တို့ ပုံမှန်အတိုင်း ယူသုံးနေကျ အပေါ်ဆုံးက Version ကို ယူသုံးတဲ့အခါ RAM စားသုံးမှု များပါတယ်။ Default Version မှာ ဖော်ပြထားတဲ့ GUI သည် Gnome ဖြစ်ပါတယ်။ ဖော်ပြမှုပိုင်းဆိုင်ရာမှာ ပိုမိုကောင်းမွန်လာပေမယ့်လို့ RAM စားသုံးမှုပိုင်းမှာလည်း Kali Linux 2.0 ကနေ Kali Linux 2016.1 , 2016.2, 2017.1 & Now 2017.2 အထိ RAM စားသုံးမှုဟာ အနည်းငယ်စီ တိုးလာတာကို တွေ့ရပါလိမ့်မယ်။ 2.0 ကနေ ရှေ့ပိုင်းထွက်ခဲ့သမျှမှာတော့ RAM စားသုံးမှု သိသိသာသာကို နည်းပါးလွန်းတာကို တွေ့ရပါမယ်။
ဒါဟာ Theme တွေ ကွာဟစေတဲ့ အဓိကအချက်တစ်ချက်လည်း ဖြစ်ပါတယ်။
.
သင်က Kali Linux ကို အသုံးပြုချင်နေတယ်။ သင့်ကွန်ပျူတာကလည်း RAM 2GB ပဲ ရှိတယ်ဆိုရင်တော့ Kali ရဲ့ Default Gnome Desktop Environment ကို အသုံးပြုမယ့်အစား KDE, LXDE & XFCE တစ်ခုခုကို အသုံးပြုဖို့ အကြံပြုပါရစေ။
RAM စားသုံးမှု အလွန်နည်းပြီး Kali Linux မှာ ပါဝင်တဲ့ tools များ အားလုံးလည်း ပါဝင်တာခြင်း တူတာမို့လို့ အမြင်ကွာခြားမှုကလွဲပြီး သင့်အနေနဲ့ အထူးတလည် ပြောင်းလဲစရာတွေ မရှိပါ။
KDE, LXDE & XFCE တို့မှာဆိုရင် RAM 1GB နဲ့ 64bit OS တင်တာတောင် RAM free များစွာ မြင်ရမှာဖြစ်ပါတယ်။ (VirtualBox မှာ သုံးတာကို မဆိုလိုပါ။ VirtualBox မှာ သုံးရင်လည်း အဆိုပါ DE (Desktop Environment) များက ပိုပြီး မြန်ဆန်ကာ RAM စားသုံးမှုချင်းလည်း ကွာစေမှာဖြစ်ပါတယ်။
.
သင့်ကွန်ပျူတာက RAM များများပါရှိတယ်ဆိုရင်တော့ Default ဖြစ်တဲ့ Gnome ကို သုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ LXDE ကို အနှစ်သက်ဆုံးဖြစ်ပါတယ်။
ဒါကတော့ Kali Linux Default Gnome DE မှာ RAM အသုံးပြုမှုကို ဖော်ပြထားတာပါ။ RAM 8GB မှာ 7891MB ရှိတာတွေ့ရပြီး Used က 4100 ရှိပါတယ်။ RAM 4GB ကျော်ကို အသုံးပြုနေခဲ့တာပါ။ ဒီအခြေအနေမှာ KDE မှာဆိုရင် ဒီ့ထက် ထက်ဝက်မက သက်သာတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါကြောင့် KDE or LXDE စတာတွေထဲက တစ်ခုခုကို သုံးသင့်ပါတယ်လို့ အကြံပြုပါရစေ။
အထက်ပါပုံမှာ RAM 1GB ကွန်ပျူတာမှာ LXDE 64bit ရဲ့ RAM အသုံးပြုမှုကို လေ့လာနိုင်ပါတယ်။
အထက်ပါပုံမှာ RAM 1GB ကွန်ပျူတာမှာ LXDE 64bit ရဲ့ RAM အသုံးပြုမှုကို လေ့လာနိုင်ပါတယ်။
.
ကွန်ပျူတာမှာ RAM 4GB ပဲရှိတယ်။ Kali Linux 64bit ကိုလည်း သုံးချင်တယ်။ Memory သုံးရမှာ များတဲ့ app တွေလည်း သုံးဖို့ရှိသေးတယ်။ ဒါပေမယ့် DE (Desktop Environment) တွေက များလွန်းတော့ ဘယ်ဟာက ဘယ်လိုမှန်းမသိဘူး။ ရွေးပြီးသုံးချင်တယ်။ နမူနာကြည့်ပြီး သင့်တော်တဲ့ Theme ကို ယူသုံးချင်တယ်။ နမူနာတွေ ပြနိုင်မလား။ ဒီမေးခွန်းကို ထပ်မေးတဲ့သူတွေ ရှိပါတယ်။
ဒါကြောင့် တစ်ခုချင်းစီကို အောက်မှာ တန်းစီပြီး ဖော်ပြပေးလိုက်ပါရစေဗျာ
.
Kali Linux (32/64 bit) default (Gnome DE)
Kali Linux KDE (32/64bit)
Kali Linux e17 (32/64 bit)
Kali Linux Mate (32/64 bit)
Kali Linux Xfce (32/64 bit)
Kali Linux LXDE (32/64 bit)
Kali Linux armhf (32/64 bit)
Kali Linux armel (32/64 bit)
ဒီ website ကလေးမှာ တင်ထားတဲ့ article တွေကို menu နဲ့ ရွေးချယ်ကြည့်လိုပါက ဒီနေရာလေးကို နှိပ်ပြီး သွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေဗျာ
Khit Minnyo
No comments