သယ်ဆောင်ရလွယ်တဲ့ size, ဖတ်ရလွယ်တဲ့ ပုံဖော်မှုတွေနဲ့ Basic hacking Guide Book ..... Coming Soon
မကြာမီ နည်းပညာချစ်သူတို့ထံ ရောက်ရှိလာတော့မည့် စာအုပ်လေးပါ။
Hacking နည်းပညာတွေကို ရိုးရှင်းလွယ်ကူစွာ စတင်လေ့လာနိုင်မှာဖြစ်ပြီး လက်တွေ့ လုပ်ဆောင်လို့မရတဲ့ အခက်အခဲမျိုးတွေ လုံးဝ လုံးဝ ပါဝင်ခြင်းမရှိပါဘူးခင်ဗျာ။
မဖြစ်မနေ သိကို သိရမယ့် Knowledge တွေကိုပါ ဖော်ပြထားတဲ့အပြင် Technique တွေကိုလည်း တစ်ဆင့်စီ ဖော်ပြတဲ့ ပုံရိပ်တွေနဲ့ လွယ်ကူစွာ ဖတ်ရှုနိုင်မှာပါ
စတင် လေ့လာမယ့်သူတွေအတွက် အထူး လက်ဆွဲစာအုပ်အဖြစ် အသုံးပြုနိုင်မှာဖြစ်သလို Trick တွေကို လေ့လာထားပြီး အခြေခံသဘာဝတွေကို သိလိုသူတွေအတွက်လည်း လမ်းပြကောင်းတစ်အုပ် ဖြစ်စေမှာပါ။
အားအသာဆုံးအချက်ကတော့ ဒီစာအုပ်ကလေးက မည်သည့်စာအုပ်ကိုမျှ တိုက်ရိုက် ဘာသာပြန်ဆိုတာမျိုး လုပ်ထားခြင်းမရှိလို့ပါပဲ။ ဒါကြောင့် ဘာသာပြန်စာအုပ်တွေလို နားမလည်တာရှိမှာမျိုးတော့ စိတ်ပူစရာမလိုတော့ပါ။ ဒါ့ပြင် လိုအပ်တဲ့ အခြေခံသဘောတရားတွေကိုပါ ထည့်သွင်းပေးထားတာမို့လို့ ပိုပြီး နားလည်စေဦးမှာပါ။
အထူးခြားဆုံးကတော့ စာအုပ်တွင် Member Form တစ်ခု ပါဝင်ပြီး Facebook Account တစ်ခုစာ Member ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။ အဆိုပါ Member တွေအတွက် သီးသန့် စီစဉ်ပေးထားတဲ့ Web Page တစ်ခုမှာ အချို့သော နည်းပညာတွေအကြောင်း၊ စာအုပ်ပါ နည်းလမ်းများထဲက ပိုပြီး သိချင်တာတွေအကြောင်း၊ စတာတွေကို ဆက်လက် လေ့လာနိုင်မယ့် လမ်းညွှန်မှုတွေကို အခမဲ့ ရရှိမှာဖြစ်ပါတယ်။
နိုဝင်ဘာလ ပထမပတ် (သို့မဟုတ်) ဒုတိယပတ်အတွင်းမှာ ထွက်ရှိမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးလို့Thanks for visiting to my website.
Khit Minnyo
မျော်နေပါတယ်..ခင်းဗျာ
ReplyDelete... ဒါနဲ့ .ကျွန်တော်က
ထိုင်း မှာဆိုတော့ . ရနိုင်ပါ့မလား ..
အရမ်း လိုချင်ပါတယ်..ဗျာ .
.. အဝေးမှာ နေတာဆိုတော့ . Ebook လေးဆိုချင်တာတော့ အမှန်ပါ ..
ကျေုးဇူးတင်ပါတယ်..ခင်ဗျား
...
ဆရာ ကျေုးဇူးပြုပြီး. ပြန်ဖြေပေးပါနော်.
Crackerrack18@gmail.com ...မျော်နေပါတယ်..
အားပေးပါတယ်.☺☺
ထိုင်းမှာတော့ အဆင်မပြေလောက်ပါဘူးခင်ဗျာ
Deleteမြန်မာနိုင်ငံမှာ ရှိတဲ့ မိသားစုကနေတစ်ဆင့် ဝယ်ယူပြီး အကြုံပို့ခိုင်းတာမျိုးဆိုရင်တော့ ဖြစ်နိုင်ပါတယ်
eBook တော့ ထုတ်ဝေဖို့ အစီအစဉ် မရှိသေးတာကြောင့်ပါခင်ဗျ
Thank you for helping us!
ReplyDelete