Adsense

OUO Banner

Latest Posts

Android Phone များနှင့် ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုများ




(ပုံလေး ၅ပုံနဲ့ နည်းနည်းလေး စကားပြောပါရစေ)
.....................................
တစ်ပုံစီ caption မရေးတော့ဘူးနော်။ ဒီနေရာမှာ ပဲ ပြောပြတော့မယ်။ messenger မှာ စာဝင်လာပါတယ်
"ကျွန်တော့် ဖုန်းလေး အရမ်းလေးနေတယ်။ fb မှာ ကြော်ငြာတွေ့လို့ အဲဒီ app ကလည်း ကျွန်တော့်ဖုန်းအမျိုးအစားနဲ့ တူလို့။ အဲဒါလေး သုံးသင့်သလား" တဲ့
သူပြောတာကို သိလိုက်လို့ ကျွန်တော်လည်း အဲဒီကြော်ငြာကို ခဏခဏ တွေ့နေမိရာက view တွေ သိပ်များလာတာကြောင့် fri တွေထဲက တကယ် မသိတဲ့သူတွေကို ဒီ post လေးနဲ့ ပြောပြချင်ပါတယ်။ ဒီတစ်ခုမှမဟုတ်ပါဘူး။ နောက်ဟာတွေပါ မိမိဘာသာ ဆင်ခြင်နိုင်ဖို့ပါ။
.....................................

ပထမဆုံးပုံက ကျွန်တော့်ဆီမှာ ပေါ်နေတဲ့ ကြော်ငြာဗျ

ဒုတိယပုံက အခြားသူတွေဆီမှာလည်း သူတို့ဖုန်း brand တောင်မဟုတ်ဘူးနော်
ဖုန်း brand ရော model နံပါတ် အတိအကျ ထည့်ကြော်ငြာတာ။ ဥပမာ Mi Max နဲ့ Facebook သုံးတဲ့ ကျွန်တော့်ထံ Mi Max only လို့ ကြော်ငြာလာမယ်။ Samsung Galaxy Note 8 နဲ့ fb သုံးသူတွေအတွက် Galaxy Note 8 only လို့ ကြော်ငြာဝင်မယ်။ (အတိအကျ ကြော်ငြာပြနိုင်တာက fb သည် ကျွန်တော်တို့ login ဝင်ရောက်သုံးနေတဲ့ device ကို အတိအကျ မှတ်တမ်းတင်ထားလို့ ဖြစ်ပါတယ်)။ ဒီလောက်ဆို ဘယ်ဖုန်းတွေကို ဘယ်လိုဝင်ကြော်ငြာမလဲဆိုတာ သိနိုင်ပါပြီ။
.
ဆက်ရအောင်ပါ။
Install now ကို နှိပ်လိုက်တော့ Play Store ကို တိုက်ရိုက် ရောက်သွားတဲ့အတွက် User တွေရဲ့ Trust တစ်ခု ရ သွားပါတယ်။ (PlayStore ကနေ ရတဲ့ software မှ စိတ်ချရတယ်ဆိုတဲ့ ဂျင်း အကြီးကြီး မိထားတာကိုး)
PlayStore မှာ developer account ပိုင်ရှင် ($ ဝင်ကြေးသွင်းနိုင်ရင် ဘယ်သူမဆို) application တင်လို့ရပါတယ်။ Google က စစ်ဆေးတယ်ဆိုပေမယ့် Device damage ဖြစ်စေတဲ့ app တွေကိုသာ စစ်ဆေးပယ်ဖျက်ပေးတာပါ။ Sypware တွေကိုတော့ စစ်ဆေးပယ်ဖျက်ခြင်း မရှိပါဘူး။
ဒီတော့ PlayStore က ရတာဆို စိတ်ချရတယ်ဆိုတဲ့ ဂျင်း မိထားသူတွေက ဆွဲတော့တာပဲပေါ့။ Samsung S series မဟုတ်တဲ့ ဖုန်းအတော်များများ ပူကြတာပါပဲ။ ပူရင် လေးတာပါပဲ။ ဒီတော့ သူက ပေါ့တယ် ရှင်းတယ်ဆိုတာကို လိုချင်တာ မဆန်းပါဘူး။ ပိုဆိုးတာက Playstore က ရတယ်ဆိုတိုင်း မယုံတတ်သေးတဲ့ အတော်အသင့် သိသူတွေက app တစ်ခုကို ဝင်ကြည့်ရင် review လေးတွေ ကြည့်လေ့ရှိကြတယ်။

 ဒီ ပုံက review တွေကို ကြည့်လိုက်ရင် ချက်ချင်းတောင် သွင်းမိကြမှာပါပဲ။ ကောင်းတယ်ဆိုတာက ၉၉% လောက် ထောက်ခံထားတာ တွေ့ရမှာပါ။ (acc တစ်ခုရှိရင် ထောက်ခံချက် တစ်ခု ရေးနိုင်ပါတယ်)
........................
Install ဆိုတာလေး နှိပ်မိပြီဆိုပါစို့။ google warning လေး အရင်လာတယ်ဗျ။ ဒီ app က ဘာ Access တွေ ရယူမယ်ဆိုတာ ဖော်ပြထားတာ။ 

ပုံမှာ ကြည့်ကြည့်ဗျာ။ များလိုက်တဲ့ Access တွေ ကို တွေ့ရမယ်။
................
ပထမဆုံးအချက်အနေနဲ့ ကြော်ငြာသည် model တစ်ခုချင်းစီကို ခွဲကြော်ငြာတယ်။ model တစ်မျိုးတည်းအတွက် သီးသန့် app ဆိုတာ မူလ ထုတ်လုပ်တဲ့ ကုမ္ပဏီက လိုအပ်လို့ လုပ်ပေးတာမျိုးက လွဲပြီး သီးသန့်မရှိပါဘူး။ ဒါ ပထမဆုံး မသင်္ကာစရာ အချက်ပါ။
ဒုတီယအချက်က Access တောင်းခံတဲ့နေရာ။ 

 အဲသည်နေရာမှာ စပြီး သတိထားနိုင်ပါတယ်။ ကျွန်တော်တို့ ခု ထည့်သွင်းမယ့် app က RAM memory တွေကို ရှင်းပေးမယ်။ နောက်ကွယ် run နေတာတွေကို ပိတ်ပေးပြီး ဖုန်းကို အပူသက်သာအောင် ဖန်တီးပေးမယ်။ ဒါလေးပါပဲ။ ဒါကိုလုပ်ဆောင်ဖို့ အင်တာနက် မလိုပါဘူး။ ဓာတ်ပုံဖိုင်တွေကို ကြည့်ခွင့်ပေးစရာမလိုပါဘူး။ file manager access ရယူပြီး file တွေ ရှင်းပေးမယ်ဆိုတာ လက်ခံလောက်စရာရှိပေမယ့် Access တွေထဲမှာ camera (သူ့ကို ကင်မရာသုံးခွင့်ပြုရအောင် သူ့ app ကိုသုံးပြီး ဓာတ်ပုံရိုက်မှာမှမဟုတ်တာ)
နောက် audio device ကနေ အသံဖမ်းနားထောင်ခွင့်။ contacts (သူနဲ့ဘာဆိုင်လို့လဲ)
SMS (ဒါလည်း personal) ပဲ ဒီတော့ ဒီ Application သည် မရိုးသားဘူး လို့ ဆိုလိုရာ ရောက်ပါတယ်။ ဒါက သာမန်အတွေးပါ။
..................
အဲထက် ပိုတွေးရင်
၁။ သူတို့တွေဟာ ကျွန်တော်တို့ ဖုန်းထဲက ဓာတ်ပုံ နဲ့ ဗီဒီယိုတွေကို ရယူဖို့ကြိုးစားတယ်
၂။ contact တွေနဲ့ အရေးကြီးတာတွေကို သူတို့ server ဆီ ပို့စေတယ်
၃။ သူတို့အတွက် အကျိုးအမြတ်မရနိုင်မယ့်သူဆိုရင် အဲဒါတွေထက် ကြော်ငြာတွေ ကျွန်တော်တို့ကို ပြမယ်
၄။ ကျွန်တော်တို့ရဲ့ microphone နဲ့ camera access ကို သုံးပြီး ကျွန်တော်တို့ ပြောသမျှ ကြားနေရမယ်။ ကျွန်တော်တို့ သွားသမျှ မြင်နေရမယ်။ အဲလိုလုပ်နိုင်ဖို့လည်း ကျွန်တော်တို့ကိုယ်တိုင် (မသိလိုက်ဘဲ) ခွင့်ပြုပေးခဲ့မိပြီး ဖြစ်ပါတယ်။
...............
နည်းနည်းလောက် အကျဉ်းချုပ်ပြောပြတာတောင် တော်တော်ရှည်သွားပြီ။ နောက်ဆုံးပြောလိုတာက အယုံမလွယ်ပါနဲ့ စဉ်းစားပါ လို့သာ
.............
အားလုံး ဘေးကင်းရန်ကွာကြပါစေ
ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားခြင်း ကင်းဝေးကြပါစေ
(သင့် fri တွေ သိစေချင်ရင် လွတ်လပ်စွာ Share နိုင်ပါတယ်)
Khit Minnyo
25, October,  2017

No comments