Windows မှာ Kali Linux Live & Installer USB ဖန်တီးခြင်း
Kali Linux ကို Live Mode အနေနဲ့ရော Installer USB အနေနဲ့ရော အသုံးပြုနိုင်မယ့် Kali Linux Installer USB ပြုလုပ်နည်း (Kali Linux မှာ ပြုလုပ်နည်း) ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ မဖတ်ရသေးသူများ ⇉⇉⇉⇉ဒီနေရာကလေးကို နှိပ်ပြီး သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ၁၀၀% အဆင်ပြေပြီး မည်သည့် error မျှ မကြုံစေရမယ့် နည်းပါ⇇⇇⇇⇇
.
နောက်ပြီး Kali Linux မတင်မီ တင်ကြိုဆွေးနွေးခြင်း
(မဖတ်ရသေးသူများ ↬↬↬↬ဒီနေရာကို နှိပ်ပါ↫↫↫↫)
Kali Linux တင်သုံးခြင်း မျိုးစုံ
(မဖတ်ရသေးသူများ ↬↬↬↬ဒီနေရာကို နှိပ်ပါ↫↫↫↫)
စ တာတွေကိုလည်း ကျွန်တော်တို့ရဲ့ Facebook Page မှာရော ဒီ Web Page ကလေးမှာပါ ဖော်ပြပြီး ဖြစ်ပါတယ်။
အဲသည်လို ဖော်ပြပြီးသွားတဲ့အခါမှာတော့ စာဖတ်သူ/လေ့လာနေသူတွေအနေနဲ့ ကျွန်တော့်ကို မေးစရာ ပြောစရာတွေ ကြုံလာရပါတော့တယ်။ အဲဒါလေးတွေကို အရင်ဆုံး ဆွေးနွေးပေးပါရစေ။
.
၁။ Kali Linux မရှိလို့၊ တင်မသုံးချင်လို့၊ Live Mode လေး သုံးချင်လို့၊ ကိုယ်ပိုင် ကွန်ပျူတာ မရှိလို့ USB ထဲ ထည့်ထားပြီး သုံးခွင့်ရတဲ့ ကွန်ပျူတာတွေမှာ တပ်သုံးချင်လို့ USB installer ကို အားကိုးရပါတယ် ဆိုမှ Kali Linux မှာ ပြုလုပ်နည်းကြီးပဲ ပေးထားတယ်။ Windows ပဲ ရှိတဲ့သူတွေက ဘယ်လို လိုက်လုပ်မလဲ ဆိုတဲ့ မေးခွန်းက ပထမဆုံး ကြုံရပြန်ပါတယ်။
အဖြေ။ ။ ဟုတ်ကဲ့။ Facebook Page မှာတော့ တင်ထားပေးပြီးဖြစ်ပြီး ဒီ Web ကလေးကတော့ စတင်တာ မကြာသေးတဲ့အတွက်ရယ် ကျွန်တော် Admin ကိုယ်တိုင်က အားလပ်ချိန် နည်းတာကြောင့်ရယ် စတာတွေကြောင့် အပြည့်အစုံ မဖော်ပြဖြစ်သေးတာဖြစ်ပါတယ်။ ခု ဒီ Post လေးမှာတော့ Windows မှာ အသုံးပြုနိုင်မယ့် နည်းလမ်း နှစ်ခုကို ဖော်ပြပေးသွားပါ့မယ်
.
၂။ ကြိုတင် ဆွေးနွေးခြင်း (မဖတ်ရသေးသူများ ↬↬↬↬ဒီနေရာကို နှိပ်ပါ↫↫↫↫) ဆိုတဲ့ Post မှာ USB နဲ့ တင်တဲ့အခါ Excuse a shell ကနေ mount -t vfat /dev/sdb1 /cdrom
ဆိုတာတွေ ရိုက်ထည့်ပြီး ဆက်ရတတ်သလို တင်တဲ့အခါလည်း wifi ပျောက်တာမျိုး၊ နောက်ပြီး GRUB Boot Loader ပျောက်တာမျိုး ကြုံရတတ်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲလို ဖြစ်တတ်တာကတော့ Kali Linux Installer USB ကို Windows ကနေ ဖန်တီးထားလို့ပါ။ Live Mode အနေနဲ့ အသုံးပြုရင် ကွာခြားမှု မရှိပေမယ့် cdrom ကနေ ကိန်းသေ ထည့်သွင်းထားတဲ့ Kali Linux ရဲ့ Install Progress ကို Windows ကနေ ဖန်တီးထားတဲ့ USB installer တွေက ပြောင်းမပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ web လေးမှာ ပထမဆုံး ဖော်ပြခဲ့တဲ့ Kali Linux Installer USB ပြုလုပ်နည်းကို error လုံးဝ မရှိတဲ့ Kali Linux မှာ ဖန်တီးခြင်းကိုသာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
အဲသည် ပြုလုပ်နည်းလေးကို ဖတ်ရှုလိုပါက ⇏⇏⇏⇏ဒီနေရာလေးကို နှိပ်ပါ⇍⇍⇍⇍
.
၃။ Kali Linux မှ မရှိသေးတာ။ Kali Linux ကနေ ဘယ်လို ဖန်တီးနိုင်မှာလဲ။
ဖြေ။ ။ Kali Linux ကို VirtualBox (or) VMware မှာ အသုံးပြုနည်းကိုလည်း တင်ပေးထားပါတယ်။
VirtualBox ကို Official Free ရရှိနိုင်ပါတယ်။ ဒေါင်းယူရန် ⇘⇘⇘⇘ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ⇙⇙⇙⇙
Windows မှာ တင်လိုပါက Windows hosts ဆိုတဲ့နေရာကို ဆက်နှိပ်ရင် တိုက်ရိုက် ဒေါင်းပြီးသား ဖြစ်သွားပါမယ်။ VirtualBox ကို install ပြီးပြီဆိုရင်တော့ Kali iso ကို ဒေါင်းယူရပါမယ်။ မဒေါင်းရသေးရင် ⇘⇘⇘⇘ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ⇙⇙⇙⇙
အထက်ပါ နှစ်ခုလုံး အစုံအလင် ရှိပြီးပြီဆိုရင်တော့ ဘယ်လိုတင်ရမလဲဆိုတာ အောက်ပါ Movie ကနေ ကြည့်နိုင်ပါတယ်ဗျ
ကဲ ဒီခါတော့ ခေါင်းစဉ်က အတိုင်းပဲ စ လိုက်ရအောင်
Kali Linux iso ကို ဘယ်ကနေ ဒေါင်းရမလဲ
ပုံလေးသာ နှိပ်ဒေါင်းဗျာ။ မရရင် ဒီနေရာကိုသာ နှိပ်လိုက်။ ရှိပြီးပြီဆိုရင် စ လို့ ရပြီ.......
၁။ Windows မှာ Kali Linux Live & Installer USB ပြုလုပ်ခြင်း ပထမနည်း
ဒီနည်းမှာ အသုံးပြုမယ့် Universal USB Installer (UUI) ကို ဒေါင်းယူလိုပါက တိုက်ရိုက် link ⇘⇘⇘⇘ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ⇙⇙⇙⇙
နောက်ထပ် link ==>> ဒီနေရာကနေ ဒေါင်းပါ
၂။ Windows မှာ Kali Linux Live & Installer USB ပြုလုပ်ခြင်း ဒုတိယနည်း
ဒီနည်းလမ်းကိုတော့ Kali Linux ရဲ့ Official Page မှာကိုက ဖော်ပြထားပါတယ်။
Windows မှာ သုံးမယ်ဆိုရင်တော့ ဒီနည်းလမ်းက ပိုကောင်းပါတယ်။ Win32Disk Imager ကို ဒေါင်းယူလိုပါက အောက်ပါ ပုံလေးကို နှိပ်ပြီး ဒေါင်းပါ။
ပုံကို နှိပ်ပြီး ဒေါင်းလို့ မရရင် ⇘⇘⇘⇘ဒီနေရာကနေ ဒေါင်းပါ⇙⇙⇙⇙
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
အားလုံးပဲ အဆင်ပြေပါစေဗျာ
လာရောက် လည်ပတ်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ
Khit Minnyo
No comments