Adsense

OUO Banner

Latest Posts

လုံခြုံမှု အကောင်းဆုံးဖြစ်သော Tor Browser ကို Kali Linux မှာ တင်ပြီး အသုံးပြုခြင်း (လွယ်ကူသော နည်းလမ်း ၂ခု)

          Tor Browser လို့ ဆိုရင် အားလုံး သိကြပြီး ဖြစ်ပါတယ်။ Hacker တွေ သုံးလေ့ရှိတယ်။ လုံခြုံရေး အားကောင်းတယ်။ ပြီးတော့ အခမဲ့ အသုံးပြုနိုင်ပြီး IP လည်း ဖျောက်ပေးတယ် ဆိုတာတွေပေါ့။ windows နဲ့ android တွေမှာ တင်သုံးဖို့အတွက်တော့ အထူးအထွေ ပြောပြမနေတော့ပါဘူး။ ခုေ်ဖ်ာပြပေးသွားမှာက tor browser ကို Linux မှာ (Kali Linux 2017 ကို နမူနာယူ အသုံးပြု ဖော်ပြထားပါတယ်) ထည့်သုံးနည်းများကို ဆွေးနွေးဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

Tor Browser ကို Kali Linux မှာ တင်သုံးရန် (ပထမ နည်းလမ်း)
ဒီနည်းလမ်းကတော့ လွယ်ကူ ရိုးရှင်းပါတယ်။ 
Terminal ကို အသုံးပြုပြီး လုပ်ဆောင်ရမှာပါ။
Terminal မှာ အောက်ပါ command များကို တစ်လိုင်းစီ ရိုက်ထည့်ပါ။ တစ်ကြောင်းပြီးမှ နောက်တစ်ကြောင်း ရိုက်ထည့်ခြင်းအားဖြင့် အလွယ်တကူ install နိုင်မှာဖြစ်ပါတယ်။

root@kali:~1# သင်္ကေတကို ထည့်မရေးတော့ဘူးနော် 
# apt update
# apt autoclean
# apt install torbrowser-launcher -y


 အထက်ပါ အဆင့်များ ပြီးဆုံးသွားပါက tor browser အတွက် icon လေးကို Show All application မှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အပေါ်ပုံအတိုင်းပါ။ ထို icon နှစ်ခုထဲမှ ပထမ icon ကို နှိပ်ပြီး ဖွင့်လိုက်မယ်ဆိုရင်တော့ 
အထက်ပါ ပုံအတိုင်း Tor Browser ကို ဒေါင်းယူ install ပြုလုပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အင်တာနက် လိုင်းပေါ် မူတည်ပြီး ကြာမြင့်ချိန် ကွာခြားပါတယ်။ ၁၀၀% ပြီးဆုံးသွားပြီဆိုရင်တော့ အလိုအလျောက် install ပြုလုပ်ပေးနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ install finish ဖြစ်တဲ့အခါ 
အထက်ပါ ပုံအတိုင်း error message တွေ့မြင်ရမှာဖြစ်ပါတယ်။ root account ကနေ ဖွင့်နေတာကြောင့် ဖြစ်ပါတယ်။  root acc ကနေ error မပါဘဲ ဖွင့်လို့ ရဖို့အတွက်တော့ ပြင်ရမယ့် ဖိုင်တစ်ခု ရှိနေပါတယ်။ gedit သို့မဟုတ် leafpad နဲ့ ဖွင့်ပြီး လွယ်ကူစွာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုရမယ့် terminal command ကတော့
root@kali:~# gedit .local/share/torbrowser/tbb/x86_64/tor-browser_en-US/Browser/start-tor-browser
ဖြစ်ပါတယ်။ 
gedit နဲ့ ပွင့်လာတဲ့အခါ Ctrl + F ကို နှိပ်ပြီး search box မှာ root လို့ ရိုက်ရှာလိုက်ရပါမယ်။
if [ " `id -u`" -eq 0 ]; then ဆိုတဲ့နေရာမှာ -eq 0 ကို -eq 1 လို့ ပြောင်းပေးရပါမယ်။ 
သုညကိုဖျက်ပြီး 1 ရိုက်ထည့်။ ပြီးရင် save ပြီး ပိတ်လိုက်ပေါ့။ ပြီးရင်တော့ ပြန်ဖွင့်လို့ ရပြီဖြစ်ပါတယ်။

Message Box နှစ်ခု ပွင့်လာပါမယ်။ Restart tor ကိုချည်း ရွေးနှိပ်လိုက်ပါ။ (အထက်ပါပုံအတိုင်း)
ထိုသို့ ပေါ်လာခြင်း အကြောင်းကတော့ file directories တွေနဲ့ ချိတ်ဆက်ထားတဲ့ links တွေကို ပြောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ အဲသည်အတွက် chown ကို အသုံးပြုပါမယ်။ အောက်ပါ command ပါ။
root@kali:~# chown -R root * .local/share/torbrowser/tbb/x86_64/tor-browser_en-US/Browser
အထက်ပါ command နဲ့ Borwser ဆိုတဲ့ folder တစ်ခုလုံးအတွက် ပြောင်းလဲ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် ပြန်ဖွင့်ကြည့်ပါ။ 
tor network နဲ့ ချိတ်ဆက်မယ့် အဆင့်ကို ရောက်သွားပါလိမ့်မယ်။
ပြီးရင် tor network နဲ့ ချိတ်ဆက်ဖို့ connect ကို ဆက်နှိပ်ပေးလိုက်ပါ။
ပထမဆုံးအကြိမ် ချိတ်ဆက်စဉ်မှာ အချိန် တော်တော်လေး ကြာပါတယ်။ ဒီအဆင့်က တစ်ကြိမ်သာ ကြာမြင့်မှာဖြစ်ပြီး 
အထက်ပါ ပုံအတိုင်း ပေါ်လာရင်တော့ အသုံးပြုလို့ ရပြီ ဖြစ်ပါတယ်
သတိပြုရန်မှာ။        ။ Tor Browser ကို အသုံးပြုတဲ့အခါ Default Size (စ ဖွင့်စဉ် ပွင့်လာသော အရွယ်အစား) အတိုင်းသာ အသုံးပြုရမှာဖြစ်ပါတယ်။ မြင်ကွင်း ချဲ့လိုက်မည် ဆိုပါက အောက်ပါပုံအတိုင်း warning ပေါ်လာမှာဖြစ်ပြီး 
Default size အတိုင်းသာ အသုံးပြုဖို့ ပြောထားတာကို တွေ့မြင်ရပါလိမ့်မယ်။ လုံခြုံစိတ်ချရမှုအတွက်တော့ မြင်ကွင်းကို ချဲ့မသုံးပါနဲ့။
.
သာမန် browser ကနေ ကြည့်တဲ့အခါ whatismyipaddress.com မှာ ကြည့်ရင်
အထက်ပါ ပုံအတိုင်း မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ အင်တာနက် သုံးနေတဲ့ နိုင်ငံ၊ အသုံးပြုနေတဲ့ နေရာအနီးတဝိုက်နဲ့ အသုံးပြုနေတဲ့ လိုင်း အမျိုးအစား (ဆင်းကဒ်သုံးသူများအတွက်  MPT, Telenor, Ooredoo, etc...) ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ IP address ကိုရော ခန့်မှန်းခြေ နေရာကိုပါ ဖော်ပြထားရာ ရောက်လို့ သာမန် browser တွေကနေ အသုံးပြုတဲ့အခါ စိတ်ချလုံခြုံမှု (Secure ဖြစ်မှု) နည်းပါးရခြင်း ဖြစ်ပါတယ်။
Tor browser ကနေ ခုန ပြောခဲ့တဲ့ whatismyipaddress.com  ကို ဝင်ကြည့်မယ်ဆိုရင်တော့ 

အထက်ပါ ပုံအတိုင်း ကျွန်တော်တို့ရဲ့ IP address တွေကို ဖော်ပြခြင်းမရှိဘဲ Anonymous အဖြစ် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် tor browser ကနေ ကာကွယ်ပေးထားတဲ့ security တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်လို့ အတော့်ကို အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
...
အထူး မှာလိုတာကတော့ မည်သည့်အဆင့်အတိုင်း သုံးသည်ဖြစ်စေ connect အဆင့်မှာ အချိန်အကြာကြီး ရပ်နေပြီး ဆက်မတက်ဘဲ ရှိနေပါက connect ကို ရပ်လိုက်ပြီး Configure ကို နှိပ်ဖို့ လိုပါမယ်။


.....
ပထမ နည်းလမ်း အတိုင်း အဆင်မပြေသူတွေအတွက် ဒုတိယနည်းလမ်း ပေးပါမယ်
......

Tor Browser ကို Kali Linux မှာ တင်သုံးရန် (ဒုတိယ နည်းလမ်း)


               ပထမဆုံးအနေနဲ့ Tor Browser ကို ဒေါင်းယူ ရရှိနိုင်ဖို့အတွက် ဒီ link ကနေ သွားရောက် ဒေါင်းယူနိုင်ပါတယ်။ ⇏⇏⇏ဒီနေရာကို နှိပ်ပြီး ဒေါင်းရမယ့်နေရာကို သွားပါ⇍⇍⇍
                အထက်ပါနည်းအတိုင်း သွားဒေါင်းလို့ မရပါက အောက်ပါ link ကို အသုံးပြုပါ။
မိမိတို့ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီမည့် tor browser ကို ရွေးချယ် ဒေါင်းယူပါ။ ကျွန်တော်ကတော့ Kali Linux 64 bit ကို အသုံးပြု ဖော်ပြမှာဖြစ်လို့ linux >> 64 bit ကို အဆင့်ဆင့် ရွေးဒေါင်းလိုက်ပါတယ်။
ဒေါင်းလို့ ရလာတဲ့ tar ဖိုင်ကို Right Click >> Extract Here နဲ့ ဖြည်လိုက်တဲ့အခါ tor-browser-linux64-7.0.5_en-US ဆိုတဲ့ folder တစ်ခု ပေါ်လာပါမယ်။ ပေါ်လာတဲ့ folder ကို ဆက်ပြီး ဖွင့်လိုက်တဲ့အခါ tor-browser_en-US ဆိုတဲ့ folder တစ်ခု ထပ်တွေ့ပါလိမ့်မယ်။ ခေါ်ရလွယ်အောင် သူ့ကို tor လို့ rename (နာမည် ပြောင်းလိုက်ပါ)။ ပြီးရင် အဲသည် folder ကို cut လိုက်ပြီး Home Folder ထဲမှာ paste လိုက်ပါ။
tor လို့ နာမည် ပြောင်းထားတဲ့ folder ကို Home directory (Home Folder) ထဲမှာ အထက်ပါ ပုံအတိုင်း နေရာ ချပြီးပါက root acc မှာ သုံးနိုင်ဖို့အတွက် gedit ကို အသုံးပြုပြီး ပြင်ဆင်ရပါမယ်။ အသုံးပြုရမယ့် command ကတော့
root@kmn:~# gedit  tor/Browser/start-tor-browser
ဖြစ်ပါတယ်။
gedit နဲ့ ပွင့်လာတဲ့အခါ Ctrl + F ကို နှိပ်ပြီး search box မှာ root လို့ ရိုက်ရှာလိုက်ရပါမယ်။
if [ " `id -u`" -eq 0 ]; then ဆိုတဲ့နေရာမှာ -eq 0 ကို -eq 1 လို့ ပြောင်းပေးရပါမယ်။ 
ပြီးရင်တော့ directory change အတွက် 
root@kali:~# chown -R root  *  tor/Browser
အထက်ပါ command ကို terminal မှာ ထပ်မံ ရိုက်ရပါဦးမယ်။ ပြီးပြီဆိုရင်တော့ tor browser ကို စတင်နိုင်ပြီ ဖြစ်ပါတယ်။ စတင်ရမယ့် command ကတော့
root@kali:~# ./tor/Browser/start-tor-browser 
ဖြစ်ပါတယ်။
အထက်ပါ အတိုင်း ရိုက်ပြီး enter လိုက်မယ် ဆိုရင်တော့ 
tor network နဲ့ ချိတ်ဆက်မယ့် အဆင့်ကို ရောက်သွားပါလိမ့်မယ်။
ပြီးရင် tor network နဲ့ ချိတ်ဆက်ဖို့ connect ကို ဆက်နှိပ်ပေးလိုက်ပါ။
ပထမဆုံးအကြိမ် ချိတ်ဆက်စဉ်မှာ အချိန် တော်တော်လေး ကြာပါတယ်။ ဒီအဆင့်က တစ်ကြိမ်သာ ကြာမြင့်မှာဖြစ်ပြီး 
အထက်ပါ ပုံအတိုင်း ပေါ်လာရင်တော့ အသုံးပြုလို့ ရပြီ ဖြစ်ပါတယ်
သတိပြုရန်မှာ။        ။ Tor Browser ကို အသုံးပြုတဲ့အခါ Default Size (စ ဖွင့်စဉ် ပွင့်လာသော အရွယ်အစား) အတိုင်းသာ အသုံးပြုရမှာဖြစ်ပါတယ်။ မြင်ကွင်း ချဲ့လိုက်မည် ဆိုပါက အောက်ပါပုံအတိုင်း warning ပေါ်လာမှာဖြစ်ပြီး 
Default size အတိုင်းသာ အသုံးပြုဖို့ ပြောထားတာကို တွေ့မြင်ရပါလိမ့်မယ်။ လုံခြုံစိတ်ချရမှုအတွက်တော့ မြင်ကွင်းကို ချဲ့မသုံးပါနဲ့။
.
သာမန် browser ကနေ ကြည့်တဲ့အခါ whatismyipaddress.com မှာ ကြည့်ရင်
အထက်ပါ ပုံအတိုင်း မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ အင်တာနက် သုံးနေတဲ့ နိုင်ငံ၊ အသုံးပြုနေတဲ့ နေရာအနီးတဝိုက်နဲ့ အသုံးပြုနေတဲ့ လိုင်း အမျိုးအစား (ဆင်းကဒ်သုံးသူများအတွက်  MPT, Telenor, Ooredoo, etc...) ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ IP address ကိုရော ခန့်မှန်းခြေ နေရာကိုပါ ဖော်ပြထားရာ ရောက်လို့ သာမန် browser တွေကနေ အသုံးပြုတဲ့အခါ စိတ်ချလုံခြုံမှု (Secure ဖြစ်မှု) နည်းပါးရခြင်း ဖြစ်ပါတယ်။
Tor browser ကနေ ခုန ပြောခဲ့တဲ့ whatismyipaddress.com  ကို ဝင်ကြည့်မယ်ဆိုရင်တော့ 

အထက်ပါ ပုံအတိုင်း ကျွန်တော်တို့ရဲ့ IP address တွေကို ဖော်ပြခြင်းမရှိဘဲ Anonymous အဖြစ် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် tor browser ကနေ ကာကွယ်ပေးထားတဲ့ security တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်လို့ အတော့်ကို အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@

အားလုံး အဆင်ပြေကြပါစေဗျာ

လာရောက် လည်ပတ် ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်လျက်ပါ


Thanks
Khit Minnyo

1 comment: