Kali Linux တင်လိုသူများအတွက် တင်ကြို ဆွေးနွေးခြင်း
Kali Linux ကို Install ပြုလုပ်သုံးမယ်လို့ ဆုံးဖြတ်ထားပြီး သင်ကိုယ်တိုင်က OS တွေကို Installation ပြုလုပ်ခြင်းနဲ့ ပတ်သက်လို့ အကျွမ်းတဝင် မရှိဘူးဆိုရင်တော့ သင့်အနေနဲ့ ဒီစာကို ဖတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
1. Kali Linux iso ကို ဘယ်ကနေ ဒေါင်းရမလဲ
ပုံလေးသာ နှိပ်ဒေါင်းဗျာ။ မရရင် ဒီနေရာကိုသာ နှိပ်လိုက်။
2. ဒေါင်းရမယ့် နေရာတော့ ရောက်ပါပြီ။ ရွေးစရာတွေ များနေတယ်။ ဘာကို ရွေးရမလဲ။
ဟုတ်ပါတယ်။ ဒီတိုင်းကြည့်ရင်တော့ ရွေးစရာတွေ များနေတယ်လို့ မြင်ရမှာပါ။ တစ်ခုချင်းစီ ခွဲပြောပေးပါမယ်။ Version တွေ Size တွေကို တော့ ထည့်ပြောစရာမလိုတော့ပါဘူးနော်။ Version က ခု သည် post တင်စဉ်ကနဲ့ သင် ဆွဲမယ့်အချိန်နဲ့ကြားမှာ ကွာခြားချက်တွေ ရှိနေနိုင်ပါတယ်။ Post တင်စဉ် အချိန်မှာ လက်ရှိ ဗားရှင်းကတော့ 2017.1 ဖြစ်ပါတယ်။
အဲသည်ထဲမှာမှ ကြည့်လိုက်ရင် Kali 64bit နဲ့ Kali 32 bit ဆိုတာကို အပေါ်ဆုံးမှာ မြင်ရမှာပါ။ သူတို့ကတော့ Kali မှာ ပါဝင်တဲ့ Function & tools တွေ အစုံ ပါပြီးသား Version ဖြစ်ပါတယ်။ ပြည့်စုံတဲ့ OS ပေါ့။ Gnome Desktop Environment ကို အသုံးပြုထားတဲ့ OS ဖြစ်ပါတယ်။ နောက်ထပ် ပြည့်စုံတဲ့ OS တွေ ရှိပါသေးတယ်။ အဲဒါကတော့ KDE, Mate, Xfce နဲ့ LXDE တို့ပဲ ဖြစ်ပါတယ်။ မတူညီတဲ့ Desktop Environment နဲ့ သုံးချင်သူတွေနဲ့ အဆိုပါ Environment နဲ့ ရင်းနှီးပြီးသားသူတွေ သုံးကြပါတယ်။
Light Version ကတော့ Linux ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး မိမိ အသုံးပြုမယ့် Program နဲ့ Tools တွေကို မိမိဘာသာ ကျွမ်းကျင်စွာ ထည့်သွင်းရွေးချယ်အသုံးပြုနိုင်တဲ့သူတွေ သုံးတာပါ။ Tools တွေ ပါဝင်နေခြင်းမရှိဘဲ အခွံသက်သက်သာ မြင်ရမယ့် OS တစ်မျိုးပေါ့။
သင်က Linux ကို ခုမှ စသုံးမယ့်သူဖြစ်စေ Ubuntu Linux ကို သုံးဖူးသူဖြစ်စေပေါ့။ အကောင်းဆုံး ရွေးချယ်သင့်တာက အပေါ်ဆုံးက နှစ်ခု ဖြစ်ပါတယ်။ Kali 64bit နဲ့ Kali 32bit တို့ ဖြစ်ပါတယ်။ သင့်စက်နဲ့ ကိုက်ညီမှုရှိတဲ့ bit ကို ရွေးချယ် အသုံးပြုသင့်ပါတယ်။
Windows မှာက RAM 2GB အထိကို 32bit သာ အသုံးပြုနိုင်ပေမယ့် Linux မှာတော့ RAM 1GB ရှိရင် 64bit ကို တင်သုံးလို့ ရပါတယ်။ Kali ရဲ့ Official Page မှာကိုက ကြေငြာထားပြီးသားပါ။ ဒီနေရာလေးကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်။ (စက်ရဲ့ CPU ကတော့ ဟိုးရှေးတုန်းက CPU တွေဆိုရင်တော့ 64bit မရနိုင်ပါဘူး)
Installation Prerequisites

⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱

- A minimum of 20 GB disk space for the Kali Linux install.
- RAM for i386 and amd64 architectures, minimum: 1GB, recommended: 2GB or more.
- CD-DVD Drive / USB boot support
လို့ ရေး ထားတာကို တွေ့ရမှာပါ။ ဒါပေမယ့် အကြံပြုချင်တာကတော့ RAM 4GB အနည်းဆုံးရှိမှသာ 64bit ကို ဒေါင်းသုံးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က Testing အတွက် Lab တွေကို Virtualbox (or) VMWare မှာ တင်ပြီး သုံးဦးမှာ မလို့ပါပဲ။ အဲသည်အခါမှာ RAM က စကားပြောလာပါလိမ့်မယ်။ ဒါကြောင့် RAM 4GB ကနေ အထက် ရှိမှ 64bit ကို ဒေါင်းသုံးပါ။
ဒေါင်းရတာတော့ လွယ်ပါတယ်။ အပေါ်ပုံထဲက ကိုယ်ဒေါင်းမယ့် Kali version ဘေးက iso ဆိုတာလေးကို နှိပ်လိုက်ရုံပါပဲ။ ဖုန်းနဲ့ပဲ ဒေါင်းဒေါင်း။ ကွန်ပျူတာနဲ့ပဲ ဒေါင်းဒေါင်း ရပါတယ်။
3. USB နဲ့ တင်သင့်လား။ DVD Disc နဲ့ တင်သင့်လား။
တကယ်လို့ပေါ့။ သင့်ပတ်ဝန်းကျင်မှာ DVD Disc အလွတ်လည်း ဝယ်လို့ရမယ်။ (တစ်ချပ်မှ ၂၀၀ကျပ် ထက် ပိုမပေးရပါ)။ သင့်ကွန်ပျူတာမှာလည်း DVD Drive ပါ (or) External Drive ရှိမယ်ဆိုရင်တော့ DVD Disc နဲ့ တင်တာ အကောင်းဆုံးပါပဲ။ DVD Disc က error လည်း ပိုကင်းပါတယ်။ USB နဲ့ တင်ရင်တော့ Debian Installer Menu ဆိုတဲ့ အဆင့် တစ်ခု ထပ်တိုးလာမှာဖြစ်ပြီး အောက်ပါ ပုံအတိုင်း
Execute a shell ကနေ တစ်ဆင့် ဆက်ဝင်ရပါလိမ့်မယ်။ ပြီးရင်တော့ အောက်ပါ ပုံထဲက Shell မှာ
ဒီ command လေးတွေကို မှန်အောက် ရိုက်ထည့်ရပါမယ်။
ရိုက်ထည့်ရမှာတွေက -
၁ mount -t vfat /dev/sdb1 /cdrom
မှားမှာစိုးလို့ စာနဲ့ ထပ်ရေးပေးလိုက်ပါတယ်။
mount ခြား -t ခြား vfat ခြား /dev/sdb1 ခြား /cdrom ပြီးရင် enter ရပါမယ်။
၂ exit လို့ ရိုက်ပြီး ထပ်မံ enter ရပါဦးမယ်။ ဒါဆိုရင်တော့ shell ထဲကနေ ထွက်သွားတာကို တွေ့ရမှာဖြစ်ပြီးတော့ installation steps တွေကို စတင်နေတာ တွေ့ရပါလိမ့်မယ်။
USB နဲ့ တင်တဲ့ နောက်ထပ် အားနည်းချက်တစ်ခုကတော့ wifi ရှာမတွေ့တဲ့ error ဖြစ်တတ်တာပါပဲ။
windows တွေ တင်တဲ့အခါ Driver ပျောက်သွားပြီး wifi မပေါ်တော့သလိုမျိုးပေါ့။ ဖြစ်တတ်ပါတယ်။ USB နဲ့ တင်တဲ့သူ အတော်များများမှာ ဖြစ်လေ့ ရှိပါတယ်။ wifi ပျောက်သွားတော့ ပြန်တင်လို့တော့ ရတာပါပဲ။ အလုပ်တော့ ပိုရှုပ်ပါတယ်။ ဒါကြောင့် DVD နဲ့ တင်ဖို့ကို ပိုပြီး အားပေးတာပါ။
4. တင်တာတော့ ဟုတ်ပါပြီ။ Partition တွေ ပိုင်းဖို့ကျ Memory တွေကို ဘယ်လို ထားသင့်သလဲ။

Kali Only သာ တင်သုံးမယ့်သူတွေကတော့ ပုံထဲကအတိုင်း select ပြီး enter လိုက်ရင် အဆင်ပြေပေမယ့် Dual တင်သုံးမယ့်သူတွေအတွက်ကတော့ memory ဘယ်လိုထားရမလဲဆိုတာ မေးစရာဖြစ်လာပါတယ်။
ကျွန်တော့်အနေနဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပထမဆုံး တင်နည်းရှင်းပြခဲ့တဲ့ထဲမှာရော နောက်ပြီး Kali Official Page မှာရော Minimum HDD requirement ကို 20GB လို့ပဲ ရေးပြထားပါတယ်။ ကျွန်တော့် mov ထဲမှာတော့ Dual မို့ 40GB နဲ့ နမူနာ ပြထားပါတယ်။ (နောက်ထပ်တင်ပေးထားတဲ့ mov မှာတော့ 140GB သုံးထားပါတယ်)။ Dual တင်တော့မယ်ဆိုရင် အနည်းဆုံးတော့
root 20GB
boot 2GB
swap 4GB နဲ့
home 10GB လောက် ထားသင့်ပါတယ်။ အနည်းဆုံးလို့ ပြောထားတယ်နော်။
သင်က Kali ကို Primary အသုံးပြုမယ်။ ပြီးတော့ Hacing Lab တွေ တင်သုံးဦးမယ်ဆိုရင်တော့
root 80GB နှင့်အထက်
boot 2GB
home 20GB နှင့် အထက် (မိမိ သိမ်းလိုသော ဒေတာတွေကို သိမ်းထားဖို့။)
swap (RAM ၏ နှစ်ဆ။ ဥပမာ RAM 4GB ဆို swap 8GB)
ရှိရပါမယ်။ ဘာကို ဘယ်လောက်ထားပြီး စုစုပေါင်း ဘယ်လောက် ထုတ်ယူဖို့ လိုတယ်ဆိုတာကိုတော့ မိမိတို့ဘာသာ ချိန်ဆ ကြည့်ပါ။
အသင့်ဖြစ်ပြီ။ တင်တော့မှာလား။ ခွေလုပ်နည်း၊ တင်နည်း၊ မြန်မာစာထည့်နည်း၊ source lists တွေ ထည့်သွင်းနည်း စတာတွေအတွက် မသိရင်>>> ဒီနေရာလေးကို <<< နှိပ်ပြီး သွားကြည့်ဗျ။ မြန်မာလို ရှင်းပြထားတဲ့ mov တွေကို စုထားပေးတယ်။ သက်ဆိုင်ရာ mov ကို ရွေးချယ် ကြည့်နိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်
လာရောက် လည်ပတ်ဖတ်ရှုပေးတာ ကျေးဇူးပါ
Khit Minnyo
အဆင်မပြေဖြစ်နေတယ်
ReplyDeletethank
ReplyDelete