Kali Linux Revealed pdf - for Free
Offensive Security Org ကနေ တရားဝင် ထုတ်ဝေဖြန့်ချီခဲ့တဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ Kali Linux Revealed ကို amazon.com ကနေ ဝယ်ယူဖို့ ခက်ခဲတဲ့သူတွေအတွက် အခမဲ့ e-book အနေနဲ့ တရားဝင် ဖြန့်ချီပေးခဲ့ပါတယ်။
တရားဝင် အခမဲ့ လို့ ကျွန်တော် ရေးလိုက်တာကို ဖတ်ပြီး မေးစရာရှိကောင်း ရှိလာနိုင်ပါတယ်။ အင်တာနက်မှာ အခမဲ့ အနေနဲ့ ရယူနိုင်တဲ့ ebooks (pdf) တွေ အများကြီး ရှိတာပဲမလားပေါ့။ ဟုတ်ပါတယ်။
e-book တွေကို အခမဲ့ တင်ပေးထားတဲ့ link တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တရားဝင် ဟုတ် မဟုတ် ကွာခြားမှု ရှိပြီး မတူညီကြပါဘူး။
ရှင်းအောင် ပြောရရင် pdf ပြောင်းပြီး အခမဲ့ တင်ပေးလိုက်တဲ့ စာအုပ်တိုင်းသည် တရားဝင် မဟုတ်ပါ။
စာရေးသူ (မူလ ပိုင်ရှင်) ၏ ခွင့်ပြုချက် လုံးဝ မရှိဘဲ လိုင်းပေါ်မှာ တင်ပေးထားတဲ့ pdf တွေတိုင်းသည် တရားဝင် မဟုတ်ကြပါ။ တရားမဝင် သာ ဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်က တရားဝင် တင်ပေးခဲ့လျင်တောင် ထိုစာအုပ်ကို ဒေါင်းယူပြီး ပြန်တင် ပြန်ဖြန့်မှုတွင် ခွင့်ပြုချက်မပါဝင်ပါက တရားမဝင် သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မူလပိုင်ရှင်ထံမှ ပြန်လည်ဖြန့်ချီရန် ခွင့်ပြုချက် ရရှိပြီး ပြန်ဖြန့်ခြင်းမှသာ တရားဝင် လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ဒါတွေကို ဘာကြောင့် ပြောနေရလဲဆိုရင်တော့ အခမဲ့ လို့ ကျွန်တော်တို့ သိထားတဲ့ free pdf (တရားမဝင် ebook) တွေနဲ့ တွဲလျက် ပါလာတတ်တဲ့ ဆိုးကျိုးတွေ ကြောင့်ပါပဲ။
Free pdf ကို ဒေါင်းပြီး ဖတ်တာ ဘာဖြစ်နိုင်မလဲ လို့ ထင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဟုတ်ကဲ့ ။ တရားမဝင် ရရှိလာတဲ့ အခမဲ့ pdf တွေထဲမှာ worm, Trojan, malware စတဲ့ မလိုအပ်တဲ့ အရာတွေ ကျွန်တော်တို့ အလွယ်ဆုံး ပြောကြတဲ့ virus တွေ ပါလာနိုင်ခြင်းပါပဲ။
File Joiner app တွေ၊ worm maker tool နဲ့ Trojan maker tool တွေလည်း များစွာ ရှိနေပြီး သာမန် လောက်ပဲ သိသူအနေနဲ့တောင် pdf ဖိုင်တွေကို virus ပါဝင်အောင် လုပ်ဆောင်တတ်နေတာကြောင့် (လုပ်ရ လွယ်ကူနေတာကြောင့်) တရားမဝင် ရယူဖတ်ခဲ့တဲ့ pdf ကလေးတွေကနေ မိမိတို့ရဲ့ အချက်အလက် ပေါက်ကြားမှုတွေ၊ မိမိတို့ရဲ့ ကွန်ပျူတာ စနစ်ကို ထိခိုက်မှုတွေ စတာတွေ ထိ ဖြစ်ပေါ်သွားနိုင်ပါတယ်။
virus နဲ့ ပေါင်းစပ်ထားတဲ့ pdf တွေဟာ မူလဖိုင်အရွယ်အစားထက် ပိုကြီးသွားတတ်တယ်ဆိုပေမယ့် အလွန်ကွာခြားခြင်းလည်း မရှိတာကြောင့် တော်ရုံ သတိမူမိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် pdf တွေကို ဒေါင်းယူတဲ့နေရာမှာ တရားဝင် Official Website တွေကနေ free အဖြစ် (တရားဝင်) ထုတ်ပေးတဲ့ pdf တွေကိုသာ ရွေးချယ် အသုံးပြုကြဖို့နဲ့ မလွှဲသာလို့ pdf တွေကို ဒေါင်းသုံးနေရရင်လည်း သတိရှိဖို့ မိမိစက်အတွက် လုံခြုံရေးအစီအစဉ်လေးတွေကို ကြိုတင်လုပ်ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ
Kali Linux Revealed ကို Official ဖြစ်တဲ့ Offensive Security ORG ကနေ တရားဝင် ထုတ်ပေးထားတဲ့ pdf version လေးကို ဒေါင်းယူလိုပါက ↱↱↱↱↱ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းပါ↰↰↰↰↰
စာအုပ်တွေကို Download မဆွဲတတ်ပါက Download ဆွဲနည်းကို အောက်ပါ Video တွင် ကြည့်နိုင်ပါသည်။
Thank you.
Can downloading resources from z-library also harm out laptops ,carry virus,and malware? Then,could you please post the article about the prevention of the virus from downloading online resources?
ReplyDeleteour*
Delete