Adsense

OUO Banner

Latest Posts

Define Ethical Hacking



Define Ethical Hacking
(All in One Hacking Training)
.

Ethical Hacking လို့ ဆိုရာမှာ Bad Guy လို့ခေါ်တဲ့ လူဆိုးလေးတွေ (Black Hacker ကြီးတွေ) က exploit တွေကို အသုံးပြုပြီး သင့်ကွန်ပျူတာနဲ့ နက်ဝပ်တွေမှာ ဖြစ်ပေါ်နေတဲ့ Vulnerabilities လို့ခေါ်တဲ့ အားနည်းချက်တွေ (ယိုပေါက်တွေ) ကနေ တစ်ဆင့် မတိုက်ခိုက်မီ သင့်ကွန်ပျူတာနဲ့ နက်ဝပ်စနစ်ကို သင့်ဘာသာ စမ်းသပ်ရှာဖွေရင်း ပိတ်ဆို့ကာကွယ်နိုင်စေမယ့် နည်းပညာလို့ ပဲ ကျွန်တော် အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။
Hacker လို့ပြောလိုက်တာနဲ့ သူများဆီက Account တွေ၊ information တွေကို ခိုးယူတတ်သူအဖြစ်သာ မြင်လေ့ရှိတဲ့ အမြင်တွေကို ပြောင်းလဲစေချင်လို့ပါ။ Hacking ကို လေ့လာနေတယ်လို့ပြောလိုက်တာနဲ့ ဒီကောင် မဟုတ်တာလုပ်တော့မယ်လို့ ထင်လေ့ရှိကြတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်က အတွေးအမြင်တွေကိုလည်း ပြောင်းလဲစေချင်ပါတယ်။
Ethical ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏဆိုသလို သုံးတာ တွေ့ဘူး သုံးဘူးကြပေမယ့် အဲစကားလုံးနဲ့ ပတ်သက်ပြီး နားလည်မှု လွဲတာလေးတွေလည်း တွေ့မြင်နေရပါတယ်။ Webster ရဲ့ New World ဆိုတဲ့ အဘိဓာန်စာအုပ်မှာတော့ Ethical ဆိုတဲ့ စကားလုံးကို ပြည့်စုံစွာ ဖွင့်ဆိုပြထားတာကို တွေ့ရပါလိမ့်မယ်။ “လူ့ကျင့်ဝတ်တွေနှင့် လျော်ညီသော။ အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) အလုပ်အကိုင်တစ်ခုခု၏ စည်းမျဉ်းစည်းကမ်းနှင့် စံနမူနာများကို လိုက်နာသော” လို့ မြန်မာလို ဆိုလိုလို့ ရမှာဖြစ်ပါတယ်။
IT (Security) နယ်ပယ်က ပညာရှင်တွေကတော့ သူတို့ရဲ့ စမ်းသပ်ချက်တွေကို လုပ်ဆောင်ဖို့အတွက် System တွေကို စမ်းသပ်လိုတဲ့အခါ ထိုစမ်းသပ်လိုတဲ့ စနစ်ပိုင်ရှင်တွေဆီမှာ ခွင့်တောင်းပြီးမှသာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို စမ်းသပ်လေ့ရှိပါတယ်။ သူတို့ကိုတော့ White Hacker တွေလို့ ဆိုရမှာပါ။ (သင့် စွမ်းအားတွေကိုလည်း ကောင်းတဲ့ဘက်မှာ အသုံးချနိုင်ပါစေ။)
Hacker & Malicious User
Hacker နဲ့ Malicious User ဆိုတဲ့ စကားလုံးတွေကိုတော့ ခုခေတ် နည်းပညာနဲ့ လုံးဝမစိမ်းတဲ့သူတွေ အဖို့ သိဘူး ကြားဘူးပြီးသား ဖြစ်နေမှာပါ။ များစွာသောသူတွေကတော့ ဟက်ကာတွေရဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်တွေကိုတောင်မှ ခံစားဘူးကြပါလိမ့်မယ်။ သူတို့တွေက ဘယ်သူတွေလဲ?????? ဘာကြောင့် သူတို့အကြောင်းကို သင် သိဖို့ လိုသလဲ ?????
ဒီသင်ခန်းစာမှာတော့ ကျွန်တော်က အောက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေး အနည်းငယ်ကို ယူသုံးပါ့မယ်။ (ယူသုံးတယ်ဆိုတာက ကျွန်တော့်ကိုယ်ပိုင် ဖွင့်ဆိုချက် မဟုတ်လို့ပါ)
✓ Hackers (or external attackers) တွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားအတွက် (အကျိုးကျေးဇူး ရဖို့အတွက်) ကွန်ပျူတာစနစ်တွေထဲကနေ sensitive information တွေကို unauthorized users တွေ အနေနဲ့ ပြင်ပကနေ ရယူကြပါတယ်။ ဟက်ကာတွေဟာ သူတို့အတွက် အကျိုးတစ်စုံတစ်ရာ (တစ်ခါတစ်ရံ ပညာ) ဖြစ်ထွန်းမယ်လို့ ယူဆတဲ့ system တွေတိုင်းနီးပါးကို ဖောက်ထွင်းကြည့်ဖို့ ကြိုးစားတတ်ကြပြီး အချို့သော ဟက်ကာတွေကတော့ နည်းပညာမြင့်သော (or) လုံခြုံရေးစနစ် အားကောင်းပြီး ဖောက်ထွင်းရခက်မယ်လို့ ယူဆရတဲ့ စနစ်တွေကို ပိုပြီး သဘောကျတတ်ကြပါတယ်။ ထိုသို့ စနစ်တွေထဲ ထိုးဖောက်ဝင်ရောက်ခြင်းအားဖြင့် ဟက်ကာတွေရဲ့ အဆင့်အတန်းတွေ မြင့်တက်လာပါတော့တယ်။
✓ Malicious users (or internal attackers) တွေကတော့ sensitive information တွေကို authorized and “trusted” users တွေအဖြစ် အတွင်းကျကျ ဝင်ရောက်ရယူနိုင်ဖို့ ကြိုးစားကြပါတယ်။ Malicious users တွေကတော့ သူတို့ အကျိုးအမြတ်ဖြစ်စေမယ့် အခါမှာဖြစ်စေ ယှဉ်ပြိုင်လိုတဲ့အခါမှာဖြစ်စေ ထွင်းဖောက်ဝင်ရောက်ဖို့ ကြိုးစားကြလေ့ရှိပါတယ်။
Malicious attacker ကို ယေဘုယျ ပြောရရင်တော့ hacker တွေရော malicious user တွေရော နှစ်မျိုးလုံး ကို ပြောလို့ ရပါတယ်။ အရှင်းဆုံးပြောရရင်တော့ ထို နှစ်မျိုးစလုံးကို ဟက်ကာတွေလို့ ပြောရမှာဖြစ်ပြီး သူတို့ရဲ့ tools တွေ၊ နည်းပညာတွေ နဲ့ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေကို ထပ်မံ ခွဲခြားလိုတဲ့အခါမှသာ သူတို့ကို Malicious User လား Hacker လား ခွဲခြားသတ်မှတ်ပါတယ်။
✓ Ethical hackers တွေကိုတော့ good guys လို့ပဲ ခေါ်ရပါလိမ့်မယ်။ သူတို့ကကျတော့ နည်းပညာကို အလွဲအသုံးပြုမှုတွေ၊ နည်းပညာသုံးပြီး အကြမ်းဖက်မှုတွေ၊ unauthorized access ရယူအသုံးပြုနေခြင်းတွေကို ဆန့်ကျင်ကာကွယ်ဖို့အတွက် vulnerabilities လို့ခေါ်တဲ့ အားနည်းချက်တွေ၊ ယိုပေါက်တွေကို ရှာဖွေတွေ့ရှိဖို့အတွက်သာ system တွေကို hack ကြလေ့ရှိပါတယ်။ Security Researcher တွေကို ဒီအုပ်စုထဲ ထည့်သွင်းထားနိုင်ပါတယ်။
Defining hacker
ဟက်ကာဆို ……. ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ဖတ်ပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် အများကြီး ပြောပြစရာ မလိုလောက်တော့ဘူးလို့ ယူဆပါတယ်။ အကျဉ်းချုပ်ကလေးလောက်ပဲ ဆွေးနွေးရအောင်။
✓ ယေဘုယျသဘော ပြောရရင်တော့ ဟက်ကာဆိုသူတွေဟာ Software တွေနဲ့ ကွန်ပျူတာစနစ်တွေကို ကလိရတာ အလွန် ဝါသနာသူတွေပါ။ ကွန်ပျူတာစနစ်တွေ ဘယ်လို လုပ်ဆောင်တယ်ဆိုတာကို လေ့လာရင်း explore လုပ်ရင်း ပျော်ရွှင်နေကြသူတွေပေါ့။ သူတို့တွေဟာ လုပ်ဆောင်ချက် နည်းလမ်းသစ်တွေကို ရှာဖွေရခြင်းကို နှစ်သက်ကြပါတယ်။ စက်ပစ္စည်းသစ်တွေနဲ့ အီလက်ထရောနစ် နည်းပညာသစ်တွေ တိုးတက်လာတာ သူတို့ကြောင့်လိ့ ဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ နည်းပညာသစ်တွေ စနစ်သစ်တွေကို ရှာဖွေ့လေ့လာတဲ့အခါ သူတို့ဟာ mechanically ရော electronically ရောပါ နှစ်ပိုင်းလုံးကို စူးစမ်းလေ့လာလေ့ ရှိတာကြောင့်ပါပဲ။
✓ မကြာသေးမီ နှစ်အနည်းငယ် အတွင်းမှာ ဟက်ကာနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ Cracker လို့ ခေါ်တဲ့ Criminal Hacker တွေအတွက်ပါ ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပုံရပါတယ်။ ပုဂ္ဂလိက ရယူလိုမှုအတွက် စနစ်တွေထဲကို ဝင်ရောက် ထွင်းဖောက်ကြသူများ လို့ အကြမ်းဖျင်း ပြောလို့ရပါမယ်။ Cracker တွေဟာ စနစ်တွေ software တွေထဲကိုလည်း ချိုးဖောက်ဝင်ရောက်ပြီး Crack ကြလေ့ရှိပါတယ်။ ဒါဟာ Personal အကျိုးအမြတ်အတွက်လည်းဖြစ်နိုင်သလို အများအတွက်လည်း ဖြစ်နိုင်ပါတယ်။
* ဘာပဲဆိုဆို Cracker တွေကို ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ ဖွံ့ဖြိုးမှု အားနည်းတဲ့ကျွန်တော်တို့လို နိုင်ငံတွေမှာ ၉၉% သော ကွန်ပျူတာတွေမှာ Windows က အစ Crack Version တွေကို သုံးနေကြရပါတယ်။ Adobe Photoshop တို့လို အသုံးဝင်တဲ့ Application အများစုကလည်း အခမဲ့တွေ မဟုတ်ကြပါဘူး။ တစ်ကြိမ် Activate ဖြစ်ဖို့အတွက် တစ်ခါ ဝယ်သုံးကြရပါတယ်။
* ဒီအခါမျိုးမှာတော့ Windows တစ်ခုအတွက် တစ်သိန်းကျော် (ပိုက်ဆံပေးဝယ် နိုင်ရင်တောင်) ပေးရမယ့် စနစ် (Master, Visa, PayPal) စတဲ့ စနစ်တွေ မဖွံ့ဖြိုးသေးတဲ့အတွက် Cracker တွေရဲ့ crack version လေးတွေပေါ် အားကိုးအားထား ပြုနေကြရပါတယ်။ ဒါကလည်း Microsoft လို ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံလို နိုင်ငံမျိုးလေးတွေအတွက် လမ်းဖွင့်ပေးထား တာကြောင့်လည်း ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာတော့ Copyright ကို မလွဲမသွေ ရင်ဆိုင်လာရမှာပါ။
ဒီတစ်ခါတော့ ဟက်ကာ အမျိုးအစားခွဲရအောင်ပါ။
အားလုံး သိပြီးသားမို့ အတိုဆုံးပဲ ပြောရအောင်ပါ။ Hacker တွေကို လုပ်ဆောင်ပုံ နဲ့ ရပ်တည်ချက်ပေါ် မူတည်ပြီး
1. Black Hat
2. White Hat
3. Grey Hat ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။
ဒါတွေသိပြီးသားမို့ အကျယ်မချဲ့တော့ပါဘူး။ သိပ်မသိကြသေးတာလေးတွေ ဆက်သွားရအောင်ပါ။ သိပြီးသူတွေလည်း စိတ်ကလေးဆွဲဆန့်ပြီး ပြန်ဖတ်ပေးနော်။
.
Defining malicious user
A malicious user ဆိုသည်မှာ အခြား user တွေရဲ့ လုံခြုံရေးဆိုင်ရာများနှင့် အရေးကြီးသော သတင်းအချက်အလက်များကို ချိုးဖောက်ခြင်း၊ အထူးအခွင့်အရေးများကို အလွဲသုံးစားလုပ်တတ်သော လှည့်ဖျားကောက်ကျစ်သူများ ဖြစ်ပါတယ်။ အတွင်းလူ ၈၀% လောက်က လုံခြုံရေးဆိုင်ရာများ ချိုးဖောက်ခြင်းကို ပြုလုပ်လေ့ရှိကြတယ်လို့ဆိုပါတယ်။ ထိုရာခိုင်နှုန်းပမာဏ တကယ်မှန်သလားဆိုတာကိုတော့ မေးခွန်းထုတ်ဖွယ်ရာပါပဲ။ ဒါပေမယ့် ထိုပမာဏသည် နှစ်စဉ်များစွာသောခြုံငုံသုံးသပ်မှုများကနေ အခြေခံထားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အတွင်းလူကနေ လုံခြုံရေးဆိုင်ရာများ ကျိုးပေါက်ခြင်း၊ ချိုးဖောက်ခြင်းတို့သည် ယုံမှားသံသယဖြစ်စရာမရှိတော့ပါ။
တွေ့ရှိရတာကတော့ အရေးကြီးသော အချက်အလက်များသိမ်းဆည်းရာနေရာကနေ sensitive information တွေကို ကောက်ယူခြင်း၊ လျှို့ဝှက် email အချက်အလက်များနှင့် sensitive files များကို ဖျက်ပစ်ခြင်းတိြုှ့ဖစ်ပါတယ်။ ရံဖန်ရံခါမှာတော့ လုံခြုံရေးဆိုင်ရာပြသနာများရှိသော်လည်း malicious user သဘောမသက်ရောက်တဲ့ အတွင်းလူတွေကို လျစ်လျူရှုထားရတာလည်း ရှိပါတယ်။.
မကြာခဏဆိုသလို Malicious users တွေဟာ IT နယ်ပယ်နဲ့ လုံခြုံရေးသတင်းအချက်အလက်တွေအတွက် အဆိုးဆုံးရန်သူတွေ ဖြစ်နေကြတာ တွေ့ရပါမယ်။ ဘာလို့လဲဆိုရင် ဘယ်နေရာမှာ သူတို့လိုချင်တဲ့ ကုန်ကြမ်းတွေ၊ sensitive informations ရှိတယ်ဆိုတာ အတိအကျသိနေလို့ပါပဲ။ ယုံကြည်စွာပေးအပ်ထားသော စီမံခန့်ခွဲမှုတွေကိုအသုံးချပြီးလည်း သူတို့လိုအပ်တဲ့အရာတွေဆီ အမေးအမြန်းမရှိ ဝင်ရောက်နိုင်တာကလည်း သူတို့အတွက် အခွင့်ရေးဖြစ်နေပါသေးတယ်
.
.
Beget Ethical Hackers
သင်သည် Ethical Hacker တစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ Ethical Hacker တစ်ယောက်သည် ကျွမ်းကျင်မှုများ၊ ပုံစံကျသောတွေးခေါ်မှုများနှင့်၊ Hacker အဖြစ် ယုံကြည်ထိုက်သော အရာများကို ပိုင်ဆိုင်ထားလို့ပါပဲ။ Ethical Hacker များသည် Hacker တွေဘယ်လိုပြုမူရမယ်ဆိုတာကို အခြေခံပြီး လုံခြုံရေးစမ်းသပ်မှုအနေနဲ့သာ hackingကို လုပ်ဆောင်ကြပါတယ်။
Ethical Hacking --- မှာတော့ နည်းလမ်းကျမှုနှင့် အလုပ်လုပ်ရာတွင်သေသပ်မှုရှိသော ထိုးဖောက်မှု၊ White hat hacking နှင့် ပျော့ကွက်အားနည်းချက်ကို စမ်းသပ်ခြင်းများကို ပြုလုပ်ကြပါတယ်။ ထိုစမ်းသပ်မှုများကို ပြုလုပ်ရာတွင် Criminal Hacker များသုံးတဲ့ နည်းလမ်းများ၊ tools များကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့် Criminal Hackers များနဲ့အဓိကခြားနားချက်ကတော့ ပစ်မှတ်ရဲ့ခွင့်ပြုချက်နဲ့သာ ထိုအရာများကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Ethical Hacking ရဲ့ ရည်ရွယ်ချက်က Malicious attackers တွေရဲ့ လုံခြုံရေးစနစ်များ တိုက်ခိုက်ခံရခြင်းမှ ရှာဖွေဖော်ထုတ်ပေးဖို့ပါပဲ။
Ethical Hacking စမ်းသပ်မှုကို လုပ်ဆောင်မယ် ပြီးတော့ အခြားယုံကြည်မှုကိုဖြစ်စေတဲ့ ထောက်ခံချက်ကိုပါ ထပ်ပေါင်းချင်တယ်ဆိုရင် EC-Council ကအသိအမှတ်ပြုထောက်ခံသော Certified Ethical Hacker (CEH) တစ်ယောက်ဖြစ်လာဖို့ လိုပါတယ်။ Certified Information Systems Security Professtional (CISSP) ကဲ့သို့ Certified Ethical Hacker (CEH) ဆိုတဲ့ အသိအမှတ်ပြုလက်မှတ်တို့သည် ကျော်ကြားလူသိများပြီး လေးစားရသော လုပ်ငန်းဆိုင်ရာ လက်မှတ်များလည်းဖြစ်ပါတယ်။ ထို certificate ကို American National Standard Institute (ANSI 17024) က တရားဝင်အသိအမှတ်ပြုထားတာဖြစ်ပါတယ်။
Ethical hacking versus auditing
လူအများစုက Ethical Hacking ကို security auditing လုံခြုံရေးစီစစ်ခြင်းလို့ အထင်မှားတတ်ကြပါတယ်။ ဒါပေမယ့် ကွဲပြားမှုအများကြီးလည်းရှိနေပါသေးတယ်။ Security auditing ရဲ့ရည်ရွယ်ချက်က သံသယဖြစ်စရာ ချဉ်းကပ်မှုအား လုံခြုံရေးထိန်းချုပ်မှုရှိနေတယ်ဆိုတာကို သက်သေပြခြင်းပါ။
.
အပြန်အလှန်အားဖြင့် Ethical Hacking သည် ယိုဖိတ်နေသော အားနည်းချက်ပေါ်မှာ အာရုံစူးစိုက်ခြင်းပါ။ လုံခြုံရေးထိန်းချုပ်မှုမရှိကြောင်း ဒါမှမဟုတ် အကောင်းဆုံးထိရောက်မှု မရှိကြောင်းကို သက်သေပြပေးပါတယ်။ Ethical hacking သည် နည်းပညာပိုင်းနှင့်ဆိုင်ခြင်း မဆိုင်ခြင်း နှစ်ခုလုံးဖြစ်နိုင်ပါတယ်။ တကယ်လို့စိစစ်မယ်ဆိုရင် IT audit program စာအုပ်များကိုလည်း ဖတ်ပြီးလေ့လာနိုင်ပါတယ်။
.
သင်တန်း သင်ခန်းစာတွေ စတဲ့အခါ ဒီအပိုင်းတွေကို ထည့်သွင်းဆွေးနွေးပေးသွားပါ့မယ်။
ခုတော့ သဘောတရားလောက်သာပါပဲ

ဆက်ပါမည်
.
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱

Khit Minnyo

1 comment: