Adsense

OUO Banner

Latest Posts

Android မှာ Linux ကို အသုံးပြုလိုသူတွေအတွက် - No Need Root Linux Using in Android


ပုံ ၁။ PlayStore ကနေ အထက်ပါ App လေးတွေကို အသုံးပြုမည့် ဖုန်းမှာ ထည့်သွင်းလိုက်ပါ။
မှတ်ချက်။     ။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Fb တွင် ဖော်ပြခဲ့ပြီးသော Post ကလေးကို ပြန်တင်ပေးခြင်းဖြစ်ပါသည်။ လက်ရှိ ဗားရှင်းနှင့် ဗားရှင်းတူချင်မှ တူပါမည်။ 
MB 300 နီးပါး Data အသုံးပြုရမှာဖြစ်လို့ မိမိတို့ ဖုန်းဘေ နှင့် package ကို ချင့်ချိန်ပြီးမှ လုပ်ဆောင်ပါ။

ပုံ ၂။ install ထားသည့်ထဲမှ GNURoot app ကို ဖွင့်ပြီး ပုံပါအတိုင်း ဆက်နှိပ် ရွေးချယ်ပါ။ ဘာရွေးရမှန်း မသိရင် နောက်တစ်ပုံ ဆက်ကြည့်ပါ။

ပုံ ၃။ အထက်ပါအတိုင်း ရွေးချယ်စရာ ပေါ်ပါက fedora ဆိုတာလေးကို ရွေးပါ။ ပြီးရင် ပုံ ၂ မှာ ပြထားတဲ့ Create New rootfs ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။

ပုံ ၄။ rootfs ဖန်တီးနေချိန် အချိန် ကြာမြင့်ပါမည်။ ယခု ဖော်ပြချက် အားလုံးကို လုပ်ဆောင်ရန် အင်တာနက် လိုင်း လိုအပ်ပါသည်။ ဒေတာ ကုန်ကျမှု ရှိပါမည်။ 

ပုံ ၅။ ဒီအဆင့်ကလေးတွေမှာလည်း စိတ်ရှည်ရှည် စောင့်ပေးရန် လိုအပ်ပါသည်။ Y/n မေးလာလျင် Keyboard မှ y ရိုက်ပြီး Enter/Go ကို နှိပ်ပေးရပါမည်။ အားလုံးပြီးဆုံးသွားပါက အောက်ပါ ပုံအတိုင်း အသင့် အသုံးပြုနိုင်သော Android Linux System လေးကို ရရှိပြီဖြစ်ပါသည်။

ပုံ ၆။ ဒီအခြေအနေမှာတော့ အသင့်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ apt-get များကိုလည်း အသုံးပြုနိုင်ပါပြီ။
ဥပမာ။     ။ apt-get install python စသည်ဖြင့် 

ပြီးလျင်တော့ မိမိတို့ အသုံးပြုလိုရာ linux command များကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။


မှတ်ချက်။    ။ Pop Up app များကိုတော့ ထည့်သွင်းလို့ ရသည့်တိုင် အသုံးပြုနိုင်မည်မဟုတ်ပါ။
ဥပမာ Leafpad, Gedit, etc...



အားလုံး အဆင်ပြေကြပါစေခင်ဗျာ


@@@@@
Khit Minnyo

1 comment: