အသုံးပြုနိုင်ဖို့အတွက်တော့ ပထမဆုံး ပုံထဲက app နှစ်ခုကို PlayStore ကနေ ထည့်သွင်းထားဖို့ လိုအပ်ပါမယ်။ ထည့်သွင်းထားရုံပေမယ့် ဖွင့်ကြည့်လို့ တွေ့မှာမဟုတ်သေးဘူးခင်ဗျ။ သူတို့ကို ဖွင့်ပြီး အသုံးပြုနိုင်ဖို့ကတော့ အောက်ပါ ဒုတိယပုံက Debian noroot ဆိုတာလေး လိုအပ်ပါသေးတယ်။
အထက်ပါ ပုံ နှစ်ပုံထဲကအတိုင်း App သုံးခု စုံအောင် ထည့်သွင်းပြီးပြီဆိုရင်တော့ ဒုတိယ ပုံဖြစ်တဲ့ Debian noroot ဆိုတဲ့ app ကို ဖွင့်လိုက်ရပါမယ်။ အင်တာနက်လိုင်း လိုအပ်မှာဖြစ်သလို MB များတဲ့အတွက် ဘေ ကုန်ကျပါမယ်။ 300MB ကျော် ကုန်နိုင်ပါတယ်။ ဖွင့်လိုက်ပြီဆိုရင်တော့ အောက်ပါအတိုင်း ပေါ်ပါမယ်။ screen လည်း ကန့်လန့်ဖြတ် ဖြစ်သွားပါမယ်။
အထက်ပါပုံအတိုင်းပေါ်ပြီး ခဏ စောင့်ရပါမယ်။ နည်းနည်းလည်း ကြာနိုင်ပါတယ်။ wait
နောက်တစ်ဆင့်မှာလည်း ဒီပုံစံအတိုင်း ပေါ်လာမှာဖြစ်ပြီး စောင့်ရဦးမှာဖြစ်ပါတယ်။ လိုင်း ကောင်းဖို့ လိုပါတယ်နော်။
ပုံထဲကအတိုင်း ထပ်ပြောင်းသွားမှာဖြစ်ပါတယ်။ Wait ရဦးမှာပါပဲ။
၁၀၀% ပြည့်တဲ့ထိ စောင့်ရမှာဖြစ်ပါတယ်။ စ တင်ချိန်သာ ကြာမှာပါ။
အားလုံးပြီးသွားရင်တော့ အထက်ပါပုံအတိုင်း ဖြစ်သွားပါပြီ။ ကွန်ပျူတာမှာလို Desktop View ပါပဲ။ Right Click သုံးချင်ရင် ကြာကြာလေး ဖိထားရုံပေါ့။
Mouse Pointer လေးကို ကြည့်ပြီး လိုအပ်တဲ့နေရာကို ရွှေ့နိုင်ပါတယ်။
မြင်ရမယ့် ပုံစံတွေကိုတော့ အောက်မှာ ပြထားပါတယ်ဗျာ။ ဆက်တော့ ရှင်းမပြတော့ဘူးနော်။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ
လာရောက် ဖတ်ရှုသူတိုင်း ရွှင်လန်းချမ်းမြေ့ကြပါစေ
@@@@
Khit Minnyo
No comments:
Post a Comment