Today is Cyber Security Era.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Welcome to our Hacking Training Online Class
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Cyber Security is needed for everywhere nowadays.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Thanks For Visiting Here.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
You can hear the news about hacking and cyber crimes.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Friday, September 29, 2017
About Chat box on our Website
               ကွန်တော့်ရဲ့ www.khitminnyo.com website ကလေးကို လာရောက် လည်ပတ်သူ နည်းပညာချစ် ညီအစ်ကို မောင်နှမအပေါင်း စိတ်၏ကျန်းမာခြင်း ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ လေ့လာမှုများလည်း တိုးတက်အောင်မြင်ကြပါစေ လို့ ဦးစွာ ဆုတောင်းလိုက်ပါရစေ။
                ကျွန်တော်ရဲ့ ဒီ web page ကလေးမှာ ထည့်သွင်းထားတဲ့ chat box ကလေး အကြောင်းကို ရှင်းပြချင်တာပါ။ ဒီ Chat Box ကလေးကို အသုံးပြုပြီး သိလိုရာလေးတွေကို မေးမြန်းနိုင်ပါတယ်။
                   Message Box ကနေ ဆက်သွယ်နိုင်ဖို့အတွက်တော့ အထက်ပါ ပုံကလို Chat icon ကလေးကို web page ရဲ့ ညာဘက် အောက်နားဆီမှာ တွေ့မြင်နိုင်ပါတယ်။ အဲသည် icon လေးကို နှိပ်ပြီး Message Box အဖြစ် ဆက်သွယ်နိုင်ပါတယ်။
                       Message Box ကို ဖွင့်ကြည့်မယ်ဆိုရင် ခုလို welcome message ကို တွေ့မြင်ရမှာဖြစ်ပြီး အောက်မှာ မိမိတို့ သိရှိ စုံစမ်းလိုရာကို ရေးနိုင်ပါတယ်။ 
                      သိလိုရာလေးတွေကို စုံစမ်းတဲ့အခါ အထက်ပါ ပုံအတိုင်း Box တစ်ခု တက်လာပါမယ်။ ထို box ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ဘက်က ပြန်ဖြေပေးမယ့်သူသည် မအားလပ်တဲ့အခါ ချက်ချင်း ပြန်ဖြေနိုင်ဖို့ မလွယ်တာကြောင့် Mail နဲ့ ပြန်ဖြေပေးစေလိုပါက mail ထည့်ထားရန်ဖြစ်ပြီး  Mail နှင့် ပြန်မဖြေစေလိုပါက ဒီတိုင်းလေးပဲ ထားနိုင်ပါတယ်။
                         မိမိသိရှိလိုရာကို စုံစမ်းခဲ့နိုင်ပြီး နောက်ထပ် သိလိုရာ မရှိပါက message box ကို ပိတ်ထားနိုင်ပါတယ်။ နောက်တစ်ကြိမ် သင် ပြန်ဝင်ရောက်တဲ့အခါ သင့် browser မှာ message box ပြန်ဖွင့်လိုက်ရုံနဲ့ message ကို ပြန်မြင်ရမှာဖြစ်ပါတယ်။ Facebook Messenger က message လိုပါပဲ။
                      ကျွန်တော်တို့ဆီကနေ ပြန်ဖြေထားတဲ့အဖြေကို နောက်တစ်ကြိမ် ပြန်ဖွင့်လို့ ကျွန်တော်တို့ ဖြေထားပြီးတဲ့အခါ တွေ့ပါလိမ့်မယ်။ အဖြေအတွက်တော့ အချိန် အနည်းငယ် ကြာမှာဖြစ်ပြီး ၂၄ နာရီလောက်ထိ ကြာနိုင်ပါတယ်ခင်ဗျာ။
                        သင်က သင့်ဆီဆက်သွယ်ရမယ့် mail ကို ခု box ကလေးထဲမှာ ချန်ခဲ့ပါက (ဥပမာ - someone@gmail.com) သင့် mail ထဲသို့ info@khitminnyo.com  (or) other.account@khitminnyo.com မှ မေးခွန်းအတွက် အဖြေကို ပေးပို့ပေးမှာဖြစ်ပါတယ်
                          mail မချန်ခဲ့ရင်လည်း သင်ယခု အသုံးပြုသည့် browser တွင် နောက်တစ်နေ့ ပြန်ဝင်ကြည့်ရင် အဖြေကို တွေ့ရမှာဖြစ်ပါတယ်။ ၂၄နာရီအတွင်း ဖြေပေးနိုင်ဖို့တော့ ကြိုးစားနေပါတယ်။ အခမဲ့ ဝန်ဆောင်မှု ဖြစ်သလို သင့် mail ကို မဖြေထားရင် သင်ဘယ်သူဆိုတာကိုလည်း သိနိုင်မှာမဟုတ်သလို သင့်နာမည်နှင့် mail များကိုလည်း မှတ်သားထားမှာမဟုတ်ပါ။ 
                          သင့် mail ချန်ခဲ့ပါကလည်း ကျွန်တော်တို့ဘက်မှာ အထက်ပါအတိုင်းသာ မြင်ရမှာဖြစ်ပါတယ်။ 
သတိပြုရန်မှာ။       ။ mail မချန်ခဲ့ပါက မူလ မေးခွန်း မေးခဲ့သည့် browser မှသာ အဖြေကို ပြန်ကြည့်နိုင်မှဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်က firefox browser ကနေ မေးခဲ့ရင် သင့်စက်ရဲ့ firefox browser ကနေသာ အဖြေကို တွေ့မြင်ရမှာဖြစ်ပြီး နောက်တစ်ကြိမ် chrome browser ကနေ ဝင်ရင်တော့ သင့်အဖြေကို တွေ့မြင်ရမှာမဟုတ်ပါ။ မေးခွန်းမေးခဲ့ပြီး ၂၄ နာရီအတွင်းသာ အဖြေ ရပါမယ်။ အခမဲ့ ဝန်ဆောင်မှု ပေးထားတာဖြစ်ပြီး အားလပ်ချိန် နည်းပါးတဲ့အတွက် အမြဲတမ်း online ဖြစ်မနေနိုင်တာတော့ နားလည်ပေးနိုင်မယ်ထင်ပါတယ်ခင်ဗျ
အားလုံး အဆင်ပြေကြပါစေ
Khit Minnyo
အပျင်းလည်းဖြေ hacking လည်း လေ့လာရင်း Password cracking game ကစားရအောင်
                          မည်သို့ ကစားရမည်ကို အထက်ပါ Movie တွင် ကြည့်ရှုနိုင်ပါတယ်
                               MB အလွန်နည်းသဖြင့် ဘေကုန်ကျမှု သက်သာပါတယ်
Youtube Link လိုချင်သူတွေအတွက်တော့ ▥▥ဒီနေရာလေးကို နှိပ်ပါ▥▥
Android, Windows, Linux, Mac မည်သည့် Device တွင်မဆို လုပ်ဆောင်နိုင်ပါတယ်။ နမူနာအနေနဲ့ Level 5 ထိ လုပ်ပြထားပါတယ်။ Level 6 မှ နောက်ပိုင်း Level များကို မိမိတို့ဘာသာ (မည်သည့်အကူအညီမျှ မပါဘဲ) လုပ်ဆောင်ကြည့်ကြခြင်းအားဖြင့် သိမှတ်စရာတွေ ပိုများလာမှာ အမှန်ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ကစားရန် link လိုသေးသူများ ↦↦↦↦ဒီနေရာကိုသာ နှိပ်ပြီး သွားပါဗျို့↤↤↤↤
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျက်
Khit Minnyo
Thursday, September 28, 2017
gcc error of VMWare on Kali linux
Q. Kali မှာ VMWare တင်ပြီး အသုံးပြုထားပါတယ်။ apt dist-upgrade လုပ်ပြီးတဲ့အခါ မှ ဖြစ်တာပါ။ ဘယ်လို ဖြေရှင်းရမလဲ ကူညီပေးပါဦး။
Ans. apt dist-upgrade လုပ်ပြီးတဲ့အခါ Kernel Version လည်း ပြောင်း၊ gcc version တွေလည်း ပြောင်းသွားပါတယ်။ VMWare ကို မိမိတို့ install ပြုလုပ်လိုက်စဉ်က သုံးခဲ့တဲ့ Version အလိုက် gcc version လည်း ကွာခြားပါတယ်။ ဒီတော့ မှန်ကန်ကိုက်ညီတဲ့ Version ကို ပြန်ရွေးပေးဖို့ လိုအပ်ပါတယ်။ အထက်ပါ movie မှာ ဖြေရှင်းနည်းကို ဖော်ပြပေးထားပါတယ်။ miss ဖြစ်တဲ့ gcc version ကို ရွေးချယ်ပေးရမှာပါ။ ဥပမာ- gcc version 6.4.0 ဆိုပါတော့။ အဲလိုပြထားရင် သုံးရမှာက gcc-6 ဖြစ်ပါတယ်။ အလားတူပါပဲ။ gcc 5.9.0 လိုမျိုး ပြထားရင်လည်း ရွေးချယ်ရမှာက gcc-5 ပေါ့။
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
အဆင်ပြေကြပါစေဗျာ
Khit Minnyo
Tuesday, September 26, 2017
Installing Metasploitable2 on VMWare
VirtualBox မသုံးဘဲ VMWare သာ သုံးတဲ့သူတွေအတွက်ပါ။ VMWare မှာ Metasploitable 2 ကို တင်သုံးခြင်းအတွက် အထက်ပါ Movie ကနေ ဖော်ပြပေးသွားပါလိမ့်မယ်။
VMWare မှာ Metasploitable 2 တင်ပြီးသွားတဲ့အခါ menu မှာ မပေါ်ရင် ပေါ်အောင် ပြုလုပ်နိုင်မယ့်နည်းကို  အောက်ပါ Mov မှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်
VirtualBox မှာသာ အသုံးပြုလိုသူတွေအတွက်ကတော့ 😱😱😱😱😱ဒီနေရာလေး😱😱😱😱😱ကနေ သွားကြည့်နိုင်ပါတယ်
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
Thanks
Khit Minnyo
Installing Metasploitable2 on VirtualBox (Windows & Linux)
မင်္ဂလာပါခင်ဗျာ
ဒီ post ကလေးကတော့ hacking လေ့လာသူတွေအတွက် Virtual Hacking Lab တစ်ခု ဖြစ်တဲ့ Metasploitable 2 ကို VirtualBox မှာ တင်ပြီး အသုံးပြုနည်းကို ဆွေးနွေးပေးထားပါတယ်။ Hacking လေ့လာသူတွေအတွက် အလွန် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Movie လေးကို ကြည့်ပြီး နားလည် လိမ့်မယ်လို့ ယူဆမိတာကြောင့် အထူးအထွေ မဖော်ပြတော့ပါဘူး
အဆင်ပြေပါစေခင်ဗျ
VirtualBox မသုံးဘဲ VMWare အသုံးပြုသူတွေအတွက်ကတော့
↺↺↺ဒီနေရာကလေးကနေ သွားကြည့်နိုင်ပါတယ်ဗျ↻↻↻
လာရောက် လည်ပတ်သူအပေါင်းကို အထူး ကျေးဇူးပါ
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
လေ့လာမှုများ တိုးတက်အောင်မြင်ပါစေဗျာ
                                                   Khit Minnyo
Windows မှာ Kali Linux Live & Installer USB ဖန်တီးခြင်း
      Kali Linux ကို Live Mode အနေနဲ့ရော Installer USB အနေနဲ့ရော အသုံးပြုနိုင်မယ့် Kali Linux Installer USB ပြုလုပ်နည်း (Kali Linux မှာ ပြုလုပ်နည်း) ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ မဖတ်ရသေးသူများ ⇉⇉⇉⇉ဒီနေရာကလေးကို နှိပ်ပြီး သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ၁၀၀% အဆင်ပြေပြီး မည်သည့် error မျှ မကြုံစေရမယ့် နည်းပါ⇇⇇⇇⇇
.
       နောက်ပြီး Kali Linux မတင်မီ တင်ကြိုဆွေးနွေးခြင်း
              (မဖတ်ရသေးသူများ ↬↬↬↬ဒီနေရာကို နှိပ်ပါ↫↫↫↫)
       Kali Linux တင်သုံးခြင်း မျိုးစုံ
              (မဖတ်ရသေးသူများ ↬↬↬↬ဒီနေရာကို နှိပ်ပါ↫↫↫↫)
စ တာတွေကိုလည်း ကျွန်တော်တို့ရဲ့ Facebook Page မှာရော ဒီ Web Page ကလေးမှာပါ ဖော်ပြပြီး ဖြစ်ပါတယ်။
        အဲသည်လို ဖော်ပြပြီးသွားတဲ့အခါမှာတော့ စာဖတ်သူ/လေ့လာနေသူတွေအနေနဲ့ ကျွန်တော့်ကို မေးစရာ ပြောစရာတွေ ကြုံလာရပါတော့တယ်။ အဲဒါလေးတွေကို အရင်ဆုံး ဆွေးနွေးပေးပါရစေ။
.
၁။ Kali Linux မရှိလို့၊ တင်မသုံးချင်လို့၊ Live Mode လေး သုံးချင်လို့၊ ကိုယ်ပိုင် ကွန်ပျူတာ မရှိလို့ USB ထဲ ထည့်ထားပြီး သုံးခွင့်ရတဲ့ ကွန်ပျူတာတွေမှာ တပ်သုံးချင်လို့ USB installer ကို အားကိုးရပါတယ် ဆိုမှ Kali Linux မှာ ပြုလုပ်နည်းကြီးပဲ ပေးထားတယ်။ Windows ပဲ ရှိတဲ့သူတွေက ဘယ်လို လိုက်လုပ်မလဲ ဆိုတဲ့ မေးခွန်းက ပထမဆုံး ကြုံရပြန်ပါတယ်။ 
အဖြေ။   ။ ဟုတ်ကဲ့။ Facebook Page မှာတော့ တင်ထားပေးပြီးဖြစ်ပြီး ဒီ Web ကလေးကတော့ စတင်တာ မကြာသေးတဲ့အတွက်ရယ် ကျွန်တော် Admin ကိုယ်တိုင်က အားလပ်ချိန် နည်းတာကြောင့်ရယ် စတာတွေကြောင့် အပြည့်အစုံ မဖော်ပြဖြစ်သေးတာဖြစ်ပါတယ်။ ခု ဒီ Post လေးမှာတော့ Windows မှာ အသုံးပြုနိုင်မယ့် နည်းလမ်း နှစ်ခုကို ဖော်ပြပေးသွားပါ့မယ်
.
၂။ ကြိုတင် ဆွေးနွေးခြင်း (မဖတ်ရသေးသူများ ↬↬↬↬ဒီနေရာကို နှိပ်ပါ↫↫↫↫) ဆိုတဲ့ Post မှာ USB နဲ့ တင်တဲ့အခါ Excuse a shell ကနေ mount -t vfat /dev/sdb1 /cdrom  
ဆိုတာတွေ ရိုက်ထည့်ပြီး ဆက်ရတတ်သလို တင်တဲ့အခါလည်း wifi ပျောက်တာမျိုး၊ နောက်ပြီး GRUB Boot Loader ပျောက်တာမျိုး ကြုံရတတ်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။
ဖြေ။        ။ ဟုတ်ကဲ့ခင်ဗျ။ အဲလို ဖြစ်တတ်တာကတော့ Kali Linux Installer USB ကို Windows ကနေ ဖန်တီးထားလို့ပါ။ Live Mode အနေနဲ့ အသုံးပြုရင် ကွာခြားမှု မရှိပေမယ့် cdrom ကနေ ကိန်းသေ ထည့်သွင်းထားတဲ့ Kali Linux ရဲ့ Install Progress ကို Windows ကနေ ဖန်တီးထားတဲ့  USB installer တွေက ပြောင်းမပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ web လေးမှာ ပထမဆုံး ဖော်ပြခဲ့တဲ့ Kali Linux Installer USB ပြုလုပ်နည်းကို error လုံးဝ မရှိတဲ့ Kali Linux မှာ ဖန်တီးခြင်းကိုသာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
အဲသည် ပြုလုပ်နည်းလေးကို ဖတ်ရှုလိုပါက ⇏⇏⇏⇏ဒီနေရာလေးကို နှိပ်ပါ⇍⇍⇍⇍
.
၃။ Kali Linux မှ မရှိသေးတာ။ Kali Linux ကနေ ဘယ်လို ဖန်တီးနိုင်မှာလဲ။
ဖြေ။      ။ Kali Linux ကို VirtualBox (or) VMware မှာ အသုံးပြုနည်းကိုလည်း တင်ပေးထားပါတယ်။
VirtualBox ကို Official Free ရရှိနိုင်ပါတယ်။ ဒေါင်းယူရန် ⇘⇘⇘⇘ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ⇙⇙⇙⇙
Windows မှာ တင်လိုပါက Windows hosts ဆိုတဲ့နေရာကို ဆက်နှိပ်ရင် တိုက်ရိုက် ဒေါင်းပြီးသား ဖြစ်သွားပါမယ်။ VirtualBox ကို install ပြီးပြီဆိုရင်တော့ Kali iso ကို ဒေါင်းယူရပါမယ်။ မဒေါင်းရသေးရင် ⇘⇘⇘⇘ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ⇙⇙⇙⇙
အထက်ပါ နှစ်ခုလုံး အစုံအလင် ရှိပြီးပြီဆိုရင်တော့ ဘယ်လိုတင်ရမလဲဆိုတာ အောက်ပါ Movie ကနေ ကြည့်နိုင်ပါတယ်ဗျ
ကဲ ဒီခါတော့ ခေါင်းစဉ်က အတိုင်းပဲ စ လိုက်ရအောင်
Kali Linux iso ကို ဘယ်ကနေ ဒေါင်းရမလဲ
ပုံလေးသာ နှိပ်ဒေါင်းဗျာ။ မရရင် ဒီနေရာကိုသာ နှိပ်လိုက်။ ရှိပြီးပြီဆိုရင် စ လို့ ရပြီ
.......
၁။ Windows မှာ Kali Linux Live & Installer USB ပြုလုပ်ခြင်း ပထမနည်း
တစ်ပုံချင်းစီမှာ စာပါ ပါပြီးသားမို့ တစ်ခုစီ ပြောမပြတော့ဘူးနော်
ဒီနည်းမှာ အသုံးပြုမယ့် Universal USB Installer (UUI) ကို ဒေါင်းယူလိုပါက တိုက်ရိုက် link  ⇘⇘⇘⇘ဒီနေရာကို နှိပ်ပြီး ဒေါင်းပါ⇙⇙⇙⇙
နောက်ထပ် link ==>> ဒီနေရာကနေ ဒေါင်းပါ
၂။ Windows မှာ Kali Linux Live & Installer USB ပြုလုပ်ခြင်း ဒုတိယနည်း
ဒီနည်းလမ်းကိုတော့ Kali Linux ရဲ့ Official Page မှာကိုက ဖော်ပြထားပါတယ်။
Windows မှာ သုံးမယ်ဆိုရင်တော့ ဒီနည်းလမ်းက ပိုကောင်းပါတယ်။ Win32Disk Imager ကို ဒေါင်းယူလိုပါက အောက်ပါ ပုံလေးကို နှိပ်ပြီး ဒေါင်းပါ။
ပုံကို နှိပ်ပြီး ဒေါင်းလို့ မရရင် ⇘⇘⇘⇘ဒီနေရာကနေ ဒေါင်းပါ⇙⇙⇙⇙
⇶⇶⇶⇶⇶ ဒီ websiteမှာ တင်ထားတဲ့ အခြားကဏ္ဍများကို ရွေးချယ်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ⬱⬱⬱⬱⬱⬱⬱
အားလုံးပဲ အဆင်ပြေပါစေဗျာ
လာရောက် လည်ပတ်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ
Khit Minnyo
Monday, September 25, 2017
Kali Linux Revealed pdf ကို အခမဲ့ တရားဝင် ရယူရန်
Offensive Security Org ကနေ တရားဝင် ထုတ်ဝေဖြန့်ချီခဲ့တဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ Kali Linux Revealed ကို amazon.com ကနေ ဝယ်ယူဖို့ ခက်ခဲတဲ့သူတွေအတွက် အခမဲ့ e-book အနေနဲ့ တရားဝင် ဖြန့်ချီပေးခဲ့ပါတယ်။
တရားဝင် အခမဲ့ လို့ ကျွန်တော် ရေးလိုက်တာကို ဖတ်ပြီး မေးစရာရှိကောင်း ရှိလာနိုင်ပါတယ်။ အင်တာနက်မှာ အခမဲ့ အနေနဲ့ ရယူနိုင်တဲ့ ebooks (pdf) တွေ အများကြီး ရှိတာပဲမလားပေါ့။ ဟုတ်ပါတယ်။
e-book တွေကို အခမဲ့ တင်ပေးထားတဲ့ link တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တရားဝင် ဟုတ် မဟုတ် ကွာခြားမှု ရှိပြီး မတူညီကြပါဘူး။
ရှင်းအောင် ပြောရရင် pdf ပြောင်းပြီး အခမဲ့ တင်ပေးလိုက်တဲ့ စာအုပ်တိုင်းသည် တရားဝင် မဟုတ်ပါ။
စာရေးသူ (မူလ ပိုင်ရှင်) ၏ ခွင့်ပြုချက် လုံးဝ မရှိဘဲ  လိုင်းပေါ်မှာ တင်ပေးထားတဲ့ pdf တွေတိုင်းသည် တရားဝင် မဟုတ်ကြပါ။ တရားမဝင် သာ ဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်က တရားဝင် တင်ပေးခဲ့လျင်တောင် ထိုစာအုပ်ကို ဒေါင်းယူပြီး ပြန်တင် ပြန်ဖြန့်မှုတွင် ခွင့်ပြုချက်မပါဝင်ပါက တရားမဝင် သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မူလပိုင်ရှင်ထံမှ ပြန်လည်ဖြန့်ချီရန် ခွင့်ပြုချက် ရရှိပြီး ပြန်ဖြန့်ခြင်းမှသာ တရားဝင် လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ဒါတွေကို ဘာကြောင့် ပြောနေရလဲဆိုရင်တော့ အခမဲ့ လို့ ကျွန်တော်တို့ သိထားတဲ့ free pdf (တရားမဝင် ebook) တွေနဲ့ တွဲလျက် ပါလာတတ်တဲ့ ဆိုးကျိုးတွေ ကြောင့်ပါပဲ။ 
Free pdf ကို ဒေါင်းပြီး ဖတ်တာ ဘာဖြစ်နိုင်မလဲ လို့ ထင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဟုတ်ကဲ့ ။ တရားမဝင် ရရှိလာတဲ့ အခမဲ့ pdf တွေထဲမှာ worm, Trojan, malware စတဲ့ မလိုအပ်တဲ့ အရာတွေ ကျွန်တော်တို့ အလွယ်ဆုံး ပြောကြတဲ့ virus တွေ ပါလာနိုင်ခြင်းပါပဲ။
File Joiner app တွေ၊ worm maker tool နဲ့ Trojan maker tool တွေလည်း များစွာ ရှိနေပြီး သာမန် လောက်ပဲ သိသူအနေနဲ့တောင် pdf ဖိုင်တွေကို virus ပါဝင်အောင် လုပ်ဆောင်တတ်နေတာကြောင့် (လုပ်ရ လွယ်ကူနေတာကြောင့်) တရားမဝင် ရယူဖတ်ခဲ့တဲ့ pdf ကလေးတွေကနေ မိမိတို့ရဲ့ အချက်အလက် ပေါက်ကြားမှုတွေ၊ မိမိတို့ရဲ့ ကွန်ပျူတာ စနစ်ကို ထိခိုက်မှုတွေ စတာတွေ ထိ ဖြစ်ပေါ်သွားနိုင်ပါတယ်။
virus နဲ့ ပေါင်းစပ်ထားတဲ့ pdf တွေဟာ မူလဖိုင်အရွယ်အစားထက် ပိုကြီးသွားတတ်တယ်ဆိုပေမယ့် အလွန်ကွာခြားခြင်းလည်း မရှိတာကြောင့် တော်ရုံ သတိမူမိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် pdf တွေကို ဒေါင်းယူတဲ့နေရာမှာ တရားဝင် Official Website တွေကနေ free အဖြစ် (တရားဝင်) ထုတ်ပေးတဲ့ pdf တွေကိုသာ ရွေးချယ် အသုံးပြုကြဖို့နဲ့ မလွှဲသာလို့ pdf တွေကို ဒေါင်းသုံးနေရရင်လည်း သတိရှိဖို့ မိမိစက်အတွက် လုံခြုံရေးအစီအစဉ်လေးတွေကို ကြိုတင်လုပ်ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ
Kali Linux Revealed ကို Official ဖြစ်တဲ့ Offensive Security ORG ကနေ တရားဝင် ထုတ်ပေးထားတဲ့ pdf version လေးကို ဒေါင်းယူလိုပါက  ↱↱↱↱↱ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းပါ↰↰↰↰↰
အားလုံးပဲ အဆင်ပြေပျော်ရွှင်စွာ လေ့လာနိုင်ကြပါစေဗျာ
Thank for visiting
Khit Minnyo
How to use Our Web Page
ကျွန်တော်တို့ရဲ့ web Page ကလေးကို ကြည့်ရှုနိုင်ဖို့ မသိသေးတဲ့သူတွေ အတွက်ပါ။
Thanks
For Subscribers
မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ရဲ့ Web Page ကလေးကနေ တင်ပေးနေသော Post များကို နှစ်သက် သဘောကျသူတွေအတွက် Post အသစ်တင်တိုင်း သိနိုင်ဖို့ Subscribe ပြုလုပ်ထားနိုင်ပါတယ်။
Subscribe ပြုလုပ်လိုပါက Page ၏ ယာဘက်အခြမ်း နှင့် အောက်ခြေတွင် Subscribe ပြုလုပ်နိုင်ရန် နှစ်နေရာ ထားရှိပေးထားပါတယ်။ 
Subscribe ပြုလုပ်ပြီးပါက မိမိတို့၏ mail ထဲသို့ Confirm link ပါဝင်သော အတည်ပြု mail တစ်စောင် ရောက်ရှိမှာဖြစ်ပြီး ထို mail မှ link ကို နှိပ်ကာ confirm ပြုလုပ်ပြီးမှသာလျင် Post အသစ်တင်သော notification mail ကို လက်ခံရရှိမှာဖြစ်ပါကြောင်းခင်ဗျာ
Thanks
Khit Minnyo
Sunday, September 24, 2017
လုံခြုံမှု အကောင်းဆုံးဖြစ်သော Tor Browser ကို Kali Linux မှာ တင်ပြီး အသုံးပြုခြင်း (လွယ်ကူသော နည်းလမ်း ၂ခု)
          Tor Browser လို့ ဆိုရင် အားလုံး သိကြပြီး ဖြစ်ပါတယ်။ Hacker တွေ သုံးလေ့ရှိတယ်။ လုံခြုံရေး အားကောင်းတယ်။ ပြီးတော့ အခမဲ့ အသုံးပြုနိုင်ပြီး IP လည်း ဖျောက်ပေးတယ် ဆိုတာတွေပေါ့။ windows နဲ့ android တွေမှာ တင်သုံးဖို့အတွက်တော့ အထူးအထွေ ပြောပြမနေတော့ပါဘူး။ ခုေ်ဖ်ာပြပေးသွားမှာက tor browser ကို Linux မှာ (Kali Linux 2017 ကို နမူနာယူ အသုံးပြု ဖော်ပြထားပါတယ်) ထည့်သုံးနည်းများကို ဆွေးနွေးဖော်ပြသွားမှာ ဖြစ်ပါတယ်။ 
Tor Browser ကို Kali Linux မှာ တင်သုံးရန် (ပထမ နည်းလမ်း)
ဒီနည်းလမ်းကတော့ လွယ်ကူ ရိုးရှင်းပါတယ်။ 
Terminal ကို အသုံးပြုပြီး လုပ်ဆောင်ရမှာပါ။
Terminal မှာ အောက်ပါ command များကို တစ်လိုင်းစီ ရိုက်ထည့်ပါ။ တစ်ကြောင်းပြီးမှ နောက်တစ်ကြောင်း ရိုက်ထည့်ခြင်းအားဖြင့် အလွယ်တကူ install နိုင်မှာဖြစ်ပါတယ်။
root@kali:~1# သင်္ကေတကို ထည့်မရေးတော့ဘူးနော် 
# apt update
# apt autoclean
# apt install torbrowser-launcher -y
 အထက်ပါ အဆင့်များ ပြီးဆုံးသွားပါက tor browser အတွက် icon လေးကို Show All application မှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အပေါ်ပုံအတိုင်းပါ။ ထို icon နှစ်ခုထဲမှ ပထမ icon ကို နှိပ်ပြီး ဖွင့်လိုက်မယ်ဆိုရင်တော့ 
အထက်ပါ ပုံအတိုင်း Tor Browser ကို ဒေါင်းယူ install ပြုလုပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အင်တာနက် လိုင်းပေါ် မူတည်ပြီး ကြာမြင့်ချိန် ကွာခြားပါတယ်။ ၁၀၀% ပြီးဆုံးသွားပြီဆိုရင်တော့ အလိုအလျောက် install ပြုလုပ်ပေးနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ install finish ဖြစ်တဲ့အခါ 
အထက်ပါ ပုံအတိုင်း error message တွေ့မြင်ရမှာဖြစ်ပါတယ်။ root account ကနေ ဖွင့်နေတာကြောင့် ဖြစ်ပါတယ်။  root acc ကနေ error မပါဘဲ ဖွင့်လို့ ရဖို့အတွက်တော့ ပြင်ရမယ့် ဖိုင်တစ်ခု ရှိနေပါတယ်။ gedit သို့မဟုတ် leafpad နဲ့ ဖွင့်ပြီး လွယ်ကူစွာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုရမယ့် terminal command ကတော့
root@kali:~# gedit .local/share/torbrowser/tbb/x86_64/tor-browser_en-US/Browser/start-tor-browser
ဖြစ်ပါတယ်။ 
gedit နဲ့ ပွင့်လာတဲ့အခါ Ctrl + F ကို နှိပ်ပြီး search box မှာ root လို့ ရိုက်ရှာလိုက်ရပါမယ်။
if [ " `id -u`" -eq 0 ]; then ဆိုတဲ့နေရာမှာ -eq 0 ကို -eq 1 လို့ ပြောင်းပေးရပါမယ်။ 
သုညကိုဖျက်ပြီး 1 ရိုက်ထည့်။ ပြီးရင် save ပြီး ပိတ်လိုက်ပေါ့။ ပြီးရင်တော့ ပြန်ဖွင့်လို့ ရပြီဖြစ်ပါတယ်။
Message Box နှစ်ခု ပွင့်လာပါမယ်။ Restart tor ကိုချည်း ရွေးနှိပ်လိုက်ပါ။ (အထက်ပါပုံအတိုင်း)
ထိုသို့ ပေါ်လာခြင်း အကြောင်းကတော့ file directories တွေနဲ့ ချိတ်ဆက်ထားတဲ့ links တွေကို ပြောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ အဲသည်အတွက် chown ကို အသုံးပြုပါမယ်။ အောက်ပါ command ပါ။
root@kali:~# chown -R root * .local/share/torbrowser/tbb/x86_64/tor-browser_en-US/Browser
အထက်ပါ command နဲ့ Borwser ဆိုတဲ့ folder တစ်ခုလုံးအတွက် ပြောင်းလဲ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် ပြန်ဖွင့်ကြည့်ပါ။ 
tor network နဲ့ ချိတ်ဆက်မယ့် အဆင့်ကို ရောက်သွားပါလိမ့်မယ်။
ပြီးရင် tor network နဲ့ ချိတ်ဆက်ဖို့ connect ကို ဆက်နှိပ်ပေးလိုက်ပါ။
ပထမဆုံးအကြိမ် ချိတ်ဆက်စဉ်မှာ အချိန် တော်တော်လေး ကြာပါတယ်။ ဒီအဆင့်က တစ်ကြိမ်သာ ကြာမြင့်မှာဖြစ်ပြီး 
အထက်ပါ ပုံအတိုင်း ပေါ်လာရင်တော့ အသုံးပြုလို့ ရပြီ ဖြစ်ပါတယ်
သတိပြုရန်မှာ။        ။ Tor Browser ကို အသုံးပြုတဲ့အခါ Default Size (စ ဖွင့်စဉ် ပွင့်လာသော အရွယ်အစား) အတိုင်းသာ အသုံးပြုရမှာဖြစ်ပါတယ်။ မြင်ကွင်း ချဲ့လိုက်မည် ဆိုပါက အောက်ပါပုံအတိုင်း warning ပေါ်လာမှာဖြစ်ပြီး 
Default size အတိုင်းသာ အသုံးပြုဖို့ ပြောထားတာကို တွေ့မြင်ရပါလိမ့်မယ်။ လုံခြုံစိတ်ချရမှုအတွက်တော့ မြင်ကွင်းကို ချဲ့မသုံးပါနဲ့။
.
သာမန် browser ကနေ ကြည့်တဲ့အခါ whatismyipaddress.com မှာ ကြည့်ရင်
အထက်ပါ ပုံအတိုင်း မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ အင်တာနက် သုံးနေတဲ့ နိုင်ငံ၊ အသုံးပြုနေတဲ့ နေရာအနီးတဝိုက်နဲ့ အသုံးပြုနေတဲ့ လိုင်း အမျိုးအစား (ဆင်းကဒ်သုံးသူများအတွက်  MPT, Telenor, Ooredoo, etc...) ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ IP address ကိုရော ခန့်မှန်းခြေ နေရာကိုပါ ဖော်ပြထားရာ ရောက်လို့ သာမန် browser တွေကနေ အသုံးပြုတဲ့အခါ စိတ်ချလုံခြုံမှု (Secure ဖြစ်မှု) နည်းပါးရခြင်း ဖြစ်ပါတယ်။
Tor browser ကနေ ခုန ပြောခဲ့တဲ့ whatismyipaddress.com  ကို ဝင်ကြည့်မယ်ဆိုရင်တော့ 
အထက်ပါ ပုံအတိုင်း ကျွန်တော်တို့ရဲ့ IP address တွေကို ဖော်ပြခြင်းမရှိဘဲ Anonymous အဖြစ် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် tor browser ကနေ ကာကွယ်ပေးထားတဲ့ security တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်လို့ အတော့်ကို အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
...
အထူး မှာလိုတာကတော့ မည်သည့်အဆင့်အတိုင်း သုံးသည်ဖြစ်စေ connect အဆင့်မှာ အချိန်အကြာကြီး ရပ်နေပြီး ဆက်မတက်ဘဲ ရှိနေပါက connect ကို ရပ်လိုက်ပြီး Configure ကို နှိပ်ဖို့ လိုပါမယ်။
.....
ပထမ နည်းလမ်း အတိုင်း အဆင်မပြေသူတွေအတွက် ဒုတိယနည်းလမ်း ပေးပါမယ်
......
Tor Browser ကို Kali Linux မှာ တင်သုံးရန် (ဒုတိယ နည်းလမ်း)
               ပထမဆုံးအနေနဲ့ Tor Browser ကို ဒေါင်းယူ ရရှိနိုင်ဖို့အတွက် ဒီ link ကနေ သွားရောက် ဒေါင်းယူနိုင်ပါတယ်။ ⇏⇏⇏ဒီနေရာကို နှိပ်ပြီး ဒေါင်းရမယ့်နေရာကို သွားပါ⇍⇍⇍
                အထက်ပါနည်းအတိုင်း သွားဒေါင်းလို့ မရပါက အောက်ပါ link ကို အသုံးပြုပါ။
မိမိတို့ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီမည့် tor browser ကို ရွေးချယ် ဒေါင်းယူပါ။ ကျွန်တော်ကတော့ Kali Linux 64 bit ကို အသုံးပြု ဖော်ပြမှာဖြစ်လို့ linux >> 64 bit ကို အဆင့်ဆင့် ရွေးဒေါင်းလိုက်ပါတယ်။
ဒေါင်းလို့ ရလာတဲ့ tar ဖိုင်ကို Right Click >> Extract Here နဲ့ ဖြည်လိုက်တဲ့အခါ tor-browser-linux64-7.0.5_en-US ဆိုတဲ့ folder တစ်ခု ပေါ်လာပါမယ်။ ပေါ်လာတဲ့ folder ကို ဆက်ပြီး ဖွင့်လိုက်တဲ့အခါ tor-browser_en-US ဆိုတဲ့ folder တစ်ခု ထပ်တွေ့ပါလိမ့်မယ်။ ခေါ်ရလွယ်အောင် သူ့ကို tor လို့ rename (နာမည် ပြောင်းလိုက်ပါ)။ ပြီးရင် အဲသည် folder ကို cut လိုက်ပြီး Home Folder ထဲမှာ paste လိုက်ပါ။
tor လို့ နာမည် ပြောင်းထားတဲ့ folder ကို Home directory (Home Folder) ထဲမှာ အထက်ပါ ပုံအတိုင်း နေရာ ချပြီးပါက root acc မှာ သုံးနိုင်ဖို့အတွက် gedit ကို အသုံးပြုပြီး ပြင်ဆင်ရပါမယ်။ အသုံးပြုရမယ့် command ကတော့
root@kmn:~# gedit  tor/Browser/start-tor-browser
ဖြစ်ပါတယ်။
gedit နဲ့ ပွင့်လာတဲ့အခါ Ctrl + F ကို နှိပ်ပြီး search box မှာ root လို့ ရိုက်ရှာလိုက်ရပါမယ်။
if [ " `id -u`" -eq 0 ]; then ဆိုတဲ့နေရာမှာ -eq 0 ကို -eq 1 လို့ ပြောင်းပေးရပါမယ်။ 
ပြီးရင်တော့ directory change အတွက် 
root@kali:~# chown -R root  *  tor/Browser
အထက်ပါ command ကို terminal မှာ ထပ်မံ ရိုက်ရပါဦးမယ်။ ပြီးပြီဆိုရင်တော့ tor browser ကို စတင်နိုင်ပြီ ဖြစ်ပါတယ်။ စတင်ရမယ့် command ကတော့
root@kali:~# ./tor/Browser/start-tor-browser 
ဖြစ်ပါတယ်။
အထက်ပါ အတိုင်း ရိုက်ပြီး enter လိုက်မယ် ဆိုရင်တော့ 
tor network နဲ့ ချိတ်ဆက်မယ့် အဆင့်ကို ရောက်သွားပါလိမ့်မယ်။
ပြီးရင် tor network နဲ့ ချိတ်ဆက်ဖို့ connect ကို ဆက်နှိပ်ပေးလိုက်ပါ။
ပထမဆုံးအကြိမ် ချိတ်ဆက်စဉ်မှာ အချိန် တော်တော်လေး ကြာပါတယ်။ ဒီအဆင့်က တစ်ကြိမ်သာ ကြာမြင့်မှာဖြစ်ပြီး 
အထက်ပါ ပုံအတိုင်း ပေါ်လာရင်တော့ အသုံးပြုလို့ ရပြီ ဖြစ်ပါတယ်
သတိပြုရန်မှာ။        ။ Tor Browser ကို အသုံးပြုတဲ့အခါ Default Size (စ ဖွင့်စဉ် ပွင့်လာသော အရွယ်အစား) အတိုင်းသာ အသုံးပြုရမှာဖြစ်ပါတယ်။ မြင်ကွင်း ချဲ့လိုက်မည် ဆိုပါက အောက်ပါပုံအတိုင်း warning ပေါ်လာမှာဖြစ်ပြီး 
Default size အတိုင်းသာ အသုံးပြုဖို့ ပြောထားတာကို တွေ့မြင်ရပါလိမ့်မယ်။ လုံခြုံစိတ်ချရမှုအတွက်တော့ မြင်ကွင်းကို ချဲ့မသုံးပါနဲ့။
.
သာမန် browser ကနေ ကြည့်တဲ့အခါ whatismyipaddress.com မှာ ကြည့်ရင်
အထက်ပါ ပုံအတိုင်း မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ အင်တာနက် သုံးနေတဲ့ နိုင်ငံ၊ အသုံးပြုနေတဲ့ နေရာအနီးတဝိုက်နဲ့ အသုံးပြုနေတဲ့ လိုင်း အမျိုးအစား (ဆင်းကဒ်သုံးသူများအတွက်  MPT, Telenor, Ooredoo, etc...) ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ IP address ကိုရော ခန့်မှန်းခြေ နေရာကိုပါ ဖော်ပြထားရာ ရောက်လို့ သာမန် browser တွေကနေ အသုံးပြုတဲ့အခါ စိတ်ချလုံခြုံမှု (Secure ဖြစ်မှု) နည်းပါးရခြင်း ဖြစ်ပါတယ်။
Tor browser ကနေ ခုန ပြောခဲ့တဲ့ whatismyipaddress.com  ကို ဝင်ကြည့်မယ်ဆိုရင်တော့ 
အထက်ပါ ပုံအတိုင်း ကျွန်တော်တို့ရဲ့ IP address တွေကို ဖော်ပြခြင်းမရှိဘဲ Anonymous အဖြစ် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် tor browser ကနေ ကာကွယ်ပေးထားတဲ့ security တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်လို့ အတော့်ကို အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@
အားလုံး အဆင်ပြေကြပါစေဗျာ
လာရောက် လည်ပတ် ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်လျက်ပါ
Thanks
Khit Minnyo
Sunday, September 17, 2017
All in One Hacking Training (Ethical Hacking Online Course)
Unicode Version
 (စာအမှန် မမြင်ရပါက အောက်တွင် Zawgyi Version ရှိပါသည်)
မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ရဲ့ All in One Hacking Training (Online Class) မှ Online Hacking Course ကို သင်ကြားပေးလျှက်ရှိပါတယ်။ All in One (AiO) ဆိုတာက အားလုံးကို တစ်နေရာတည်းလို့ ဆိုလိုရင်းဖြစ်ပြီး Hacking အတွက် လိုအပ်ချက်အားလုံးကို ပြည့်စုံအောင် ဖြည့်စွက် သင်ပေးသွားမှာဖြစ်ပါတယ်။
Hacking သင်တန်းဆိုပေမယ့် Hacking Basic သာမက အခြားလိုအပ်ချက်အပြည့်အစုံပါ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
အဓိကအားဖြင့် သင်ကြားပေးသွားမယ့် Course တွေ များစွာစီစဉ်ထားရှိပါတယ်။ Course နာမည်တွေကိုတော့ Post ပေါင်းများစွာနဲ့ ဖော်ပြခဲ့ပြီးဖြစ်တာမို့ ဒီထဲထည့်မပြောလိုတော့ပါ။ အဓိက သင်ပေးမယ့် အပိုင်းတွေကတော့
၁။ Networking concepts (basic)
၂။ Linux (intermediate)
၃။ Hacking Concepts (Knowledge)
၄။ Hacking Techniques (Practical)
(Windows, Linux, Web Applications
Android, Wifi, ...)
၅။ Metasploit (Advanced)
၆။ Exploit Development
(Exploit များကို ကိုယ်တိုင်ဖန်တီး ထည့်သုံးနိုင်သည်အထိ)
၇။ Working with Public Exploits
(Public Exploit များကို ပြင်ဆင် အသုံးပြုခြင်း)
၈။ C programming
၉။ Python Programming
၁၀။ Web Developing (HTML, CSS, PHP)
(Vulnerability ခေါ် အားနည်းချက်များ ကင်းစင်သည့် Website (web app) များ ဖန်တီးနိုင်သည်အထိ)
၁၁။ Reverse Engineering (Basic)
၁၂။ Forensic (Basic)
.
စသည်ဖြင့် အကြောင်းအရာကဏ္ဍအပြည့်အစုံကို ထည့်သွင်းသင်ပေးမှာဖြစ်လို့ All in One ဆိုတဲ့အတိုင်း All (ဆက်စပ်ပညာရပ်အားလုံးကို) in One (place) <တစ်နေရာတည်းမှာ> လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
.
Online Training ဖြစ်တာမို့
အင်တာနက်လိုင်းမိရုံနဲ့ ဘယ်နေရာကနေမဆို တက်နိုင်မှာဖြစ်ပါတယ်
ဘယ်အချိန်မဆို (မိမိအားလပ်တဲ့အချိန်) လေ့လာနိုင်တာဖြစ်လို့ အားလုံးအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။
.
သင်ခန်းစာအားလုံးကို မြန်မာလိုသာ ဆွေးနွေးထားခြင်းဖြစ်ပြီး
မိမိရောက်ရှိရာသင်ခန်းစာကနေ အလွယ်တကူ ရှေ့ဆက်နိုင်စေဖို့နဲ့
သင်ခန်းစာတစ်ခုကို ပြန်ရှာလိုပါက အလွယ်ကူဆုံး ရှာနိုင်စေဖို့အတွက် Chapter အလိုက် စီစဉ်ပေးထားတဲ့ Website မှာ အလွယ်တကူ ဝင်ကြည့်နိုင် လေ့လာနိုင်ပါတယ်။
မိမိအဆင်ပြေသလို Chapter တစ်ခုစီကို ဒေါင်းယူပြီး လေ့လာနိုင်အောင်လည်း စီစဉ်ထားပေးပါတယ်။
သင်တန်းကာလကို ဘယ်လောက်အတွင်း ပြီးဆုံးရမယ်ဆိုပြီး ကန့်သတ်ထားမှုမရှိတာကြောင့် မိမိတို့နဲ့ ကိုက်ညီမယ့်အချိန်အတိုင်းအတာအတွင်း သတ်မှတ်လေ့လာနိုင်ပါတယ်။
သင်တန်းအတွက် တစ်ကြိမ်စာရင်းသွင်းပြီးရုံနဲ့ Lifetime Access ရမှာဖြစ်လို့မို့
ထပ်တိုးလာတဲ့သင်ခန်းစာမှန်သမျှကိုလည်း အခမဲ့ ဆက်ပြီးလေ့လာနိုင်ဦးမှာဖြစ်ပါတယ်
.
သင်တန်းတက်ဖို့အတွက် လိုအပ်ချက်ကတော့
၁။ ကိုယ်ပိုင် ကွန်ပျူတာ ရှိရပါမယ်။
လေ့ကျင့်စရာ Lab တွေနဲ့ လက်တွေ့လေ့လာလို့ အဆင်ပြေစေဖို့တော့ ကွန်ပျူတာ မှာ အနည်းဆုံးတော့ RAM 4GB နဲ့ HDD free 200GB လောက် ရှိဖို့လိုပါတယ်။
၂။ ကွန်ပျူတာ အခြေခံ တတ်ထားပြီးသား ဖြစ်ရပါမယ်။
စာရိုက်တာ၊ ဖိုင်တွေကို သိမ်းတာ၊ ရှာဖွင့်တာမျိုး၊ Application တွေ install လုပ်တာ၊ ကွန်ပျူတာနဲ့ အင်တာနက်သုံးတာ၊ Download ဆွဲတာ၊ Windows တင်တာ စတဲ့ ကွန်ပျူတာ အခြေခံ ကိုတော့ တတ်ထားဖို့လိုပါမယ်။ အဲဒါတွေကိုတော့ ထည့်သင်ပေးမှာမဟုတ်ပါ။ Hacking နဲ့ပတ်သက်ရင်တော့ အခြေခံကနေ အသေးစိတ်သင်ပေးသွားမှာဖြစ်ပါတယ်။
၃။ အင်တာနက်လိုင်း ရှိရပါမယ်။
ဖုန်းကနေ လွှင့်သုံးလည်းရပါတယ်။ Hacking သည် အင်တာနက်အသုံးပြုနိုင်မှုအပေါ် မှီခိုရတာဖြစ်လို့ အင်တာနက်လိုင်း အဆင်မပြေတဲ့နေရာတွေကနေတော့ တက်လို့မရနိုင်ပါ။
.
#သင်ခန်းစာတွေနဲ့ပတ်သက်ပြီး_နားမလည်တာရှိပါက
သင်ခန်းစာတွေနဲ့ပတ်သက်ပြီး နားမလည်တာမျိုးရှိပါက ပြန်မေးနိုင်စေဖို့အတွက် Training ID Account တွေနဲ့ မိမိနားမလည်တာကို ၂၄နာရီ မေးနိုင်မှာဖြစ်ပြီး အမြန်ဆုံး ပြန်ဖြေပေးသွားမှာဖြစ်ပါတယ်
.
သင်တန်းကြေးမှာ
Lifetime Access သင်ခန်းစာ အားလုံးအတွက်
170,000Ks (တစ်သိန်းခုနစ်သောင်း ကျပ်) သာ ကျသင့်မှာဖြစ်ပြီး တစ်ကြိမ်သာ ပေးရန်လိုပါတယ်
စာအုပ် ၂ အုပ် အခမဲ့ ရရှိပါမယ်။
(စာအုပ် ၂ အုပ်လုံး ရှိပြီးသူများ ၁သိန်းခွဲ သာ ကျသင့်ပါမယ်)
.
(အဆင်မပြေသူတွေအတွက် ၃ ကြိမ် ခွဲပေးနိုင်စေဖို့ စီစဉ်ပေးထားပါသေးတယ်)
70,000 + 50,000 + 50,000 ဖြင့် သုံးလအတွင်း ခွဲပေးနိုင်ပါတယ်
.
.
All in One Hacking Training
Online Class မှာ တက်ရောက်လိုပါလျင်တော့
Messenger >> m.me/AllInOneHackingTraining ကနေဖြစ်စေ၊
Viber 09976413560 မှဖြစ်စေ
Call bit.ly/call2aio ကနေဖြစ်စေ
ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းခင်ဗျာ
Thanks
            Zawgyi Version
မဂၤလာပါခင္ဗ်ာ
၂။ Linux (intermediate)
Android, Wifi, ...)
၅။ Metasploit (Advanced)
၆။ Exploit Development
၈။ C programming
၉။ Python Programming
၁၂။ Forensic (Basic)
.
.
.
.
.
.
သင်တန်းကြေးမှာ
.
.
.
Thanks
Android မှာ Debian Linux ကို Computer မှာကဲ့သို့ အသုံးပြုနိုင်စေမယ့် ဒုတိယနည်းလမ်း
      GNU Root လို့ တွေ့ပေမယ့် root လုံးဝ မလိုပါဘူးခင်ဗျ။ Linux System အတွက် root ကို ဆိုလိုတာပါ။ ဒီနည်းလေးကလည်း ကျွန်တော် ၂၀၁၇ ဖေဖော်ဝါရီမှာ တင်ပေးပြီးသား နည်းတစ်ခုပါပဲ။ ဒီ Website ကလေးမှာတော့ ခုမှ ပြန် တင်ဖြစ်တာဖြစ်ပါတယ်။ သင့်ဖုန်းမှာ RAM နည်းတယ်/ 1GB  လောက် ဆိုရင်တော့ မသုံးသင့်ပါဘူး။ သင့်ဖုန်းမှာ Fb, Messenger, Viber စတဲ့ app တွေပါ ရှိနေတဲ့အတွက် ဖုန်း လေးသွားပါလိမ့်မယ်။
     အသုံးပြုနိုင်ဖို့အတွက်တော့ ပထမဆုံး ပုံထဲက app နှစ်ခုကို PlayStore ကနေ ထည့်သွင်းထားဖို့ လိုအပ်ပါမယ်။ ထည့်သွင်းထားရုံပေမယ့် ဖွင့်ကြည့်လို့ တွေ့မှာမဟုတ်သေးဘူးခင်ဗျ။ သူတို့ကို ဖွင့်ပြီး အသုံးပြုနိုင်ဖို့ကတော့ အောက်ပါ ဒုတိယပုံက Debian noroot ဆိုတာလေး လိုအပ်ပါသေးတယ်။
 အထက်ပါ ပုံ နှစ်ပုံထဲကအတိုင်း App သုံးခု စုံအောင် ထည့်သွင်းပြီးပြီဆိုရင်တော့ ဒုတိယ ပုံဖြစ်တဲ့ Debian noroot ဆိုတဲ့ app ကို ဖွင့်လိုက်ရပါမယ်။ အင်တာနက်လိုင်း လိုအပ်မှာဖြစ်သလို MB များတဲ့အတွက် ဘေ ကုန်ကျပါမယ်။ 300MB ကျော် ကုန်နိုင်ပါတယ်။ ဖွင့်လိုက်ပြီဆိုရင်တော့ အောက်ပါအတိုင်း ပေါ်ပါမယ်။ screen လည်း ကန့်လန့်ဖြတ် ဖြစ်သွားပါမယ်။ 
        အထက်ပါပုံအတိုင်းပေါ်ပြီး ခဏ စောင့်ရပါမယ်။ နည်းနည်းလည်း ကြာနိုင်ပါတယ်။ wait
     နောက်တစ်ဆင့်မှာလည်း ဒီပုံစံအတိုင်း ပေါ်လာမှာဖြစ်ပြီး စောင့်ရဦးမှာဖြစ်ပါတယ်။ လိုင်း ကောင်းဖို့ လိုပါတယ်နော်။
ပုံထဲကအတိုင်း ထပ်ပြောင်းသွားမှာဖြစ်ပါတယ်။ Wait ရဦးမှာပါပဲ။
 ၁၀၀% ပြည့်တဲ့ထိ စောင့်ရမှာဖြစ်ပါတယ်။ စ တင်ချိန်သာ ကြာမှာပါ။ 
     အားလုံးပြီးသွားရင်တော့ အထက်ပါပုံအတိုင်း ဖြစ်သွားပါပြီ။ ကွန်ပျူတာမှာလို Desktop View ပါပဲ။ Right Click သုံးချင်ရင် ကြာကြာလေး ဖိထားရုံပေါ့။ 
 Mouse Pointer လေးကို ကြည့်ပြီး လိုအပ်တဲ့နေရာကို ရွှေ့နိုင်ပါတယ်။
 မြင်ရမယ့် ပုံစံတွေကိုတော့ အောက်မှာ ပြထားပါတယ်ဗျာ။ ဆက်တော့ ရှင်းမပြတော့ဘူးနော်။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ
လာရောက် ဖတ်ရှုသူတိုင်း ရွှင်လန်းချမ်းမြေ့ကြပါစေ
@@@@
Khit Minnyo